Sunday, July 04, 2010

၄၈-နှစ်မြောက် 7-July အထိမ်းအမှတ် ဆွေးနွေးဟောပြောပွဲ







၇ ဂျူလိုင်ဟာ တက္ကသိုလ်မြေ သွေးစွန်းခဲ့တဲ့ မော်ကွန်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုခွင်း ဖျက်စီးခံခဲ့ရတဲ့နေ့ သမိုင်း အကျည်းတန်တဲ့ နေ့တနေ့ ဖြစ်တယ်။ လူငယ်ကျောင်းသားများ ရာနှင့်ချီ၍ ၇ ဂျူလိုင် ၁၉၆၂ မှာ သွေးမြေကျ အသက်ပေးခဲ့ရတဲ့ သွေးစွန်းသောနေ့ရက်များကို မမေ့မလျော့စေရန် အထိမ်းအမှတ် ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ Tokyo Minami Otsuka Hall တွင်ဒီကနေ့ နေ့လည် ၂နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် ဦးဇေယျာမင်းထွန်း(လူငယ်နှင့်ကျောင်းသားရေးရာမှူး)NLD(LA)JB မှ တာဝန်ယူဆောင်ရွက်ပြီး အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါတယ်။အလင်းအိမ်မဂ္ဂဇင်းတာဝန်ခံ ဦးရဲငြိမ်းမှ 7ဇူလိုင် မော်ကွန်းခေါင်းစဉ်ဖြင့်၎င်း၊ အာဟာရစာစောင်တာဝန်ခံ ဦးသက်လင်းမှ 7ဇူလိုင် သမိုင်းအကြောင်းအားလည်းကောင်း၊ဗကသ နိုင်ငံခြားရေးရာကော်မတီ-ဂျပန်တာဝန်ခံ ဦးဘုန်မြင့်ထွန်းမှ 7ဂျုလိုင် အရေးအခင်းနှင့်ကျောင်းသားလှုတ်ရှားမှုအကြောင်ားးလည်းကောင်း၊ ဒုဥက္ကဌ-၁ ဦးလှဟန် (NLD(LA)JB) မှ သမိုင်းဖြစ်စဉ်တခုအားဆင်ခြင်သုံးသပ်ခြင်း စသည့်ခေါင်းစဉ် အသီးသီးဖြင့် ဆွေးနွေး၊ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။ ထို့နောက် ၇ ဂျူလိုင်အရေးခင်းတွင် ပါဝင်ခဲ့ဘူးသူ ပဲခူးဆောင်ကျောင်းသားဟောင်း ရှမ်းတိုင်းရင်းသား ဦးစိုင်းစိုင်းမွန်မှ 7ဂျူလိုင်ကိုယ်တွေ့ဖြစ်ရပ် အတွေ့ကြုံကိုပြောကြားခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့စည်း အသီးသီးမှ ညီအကိုမောင်နှမများက အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။ အခမ်းအနားကို ညနေ ၅နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ ဓါတ်ပုံနှင့် ရုပ်သံ။။ကိုပွား

0 comments: