ယခင်ရေရှိစဉ်က စည်ကားခဲ့သော အင်းလေးရေပေါ်ဈေး |
ဟဲယာရွာမရေပေါ်ဈေးကို လွန်ခဲ့သော နှစ်တစ်ရာခန့်ကတည်းက ရွာလယ်ရပ်၊ ရွာလည်ချောင်းနှင့် မြောက်ဘက်ရေပြင်တွင် ခင်းကျင်းရောင်းချလာရာမှ ရွာလယ်အောက် ဈေးညနေတွင် ရောင်းဝယ်စည်ကားတတ်သဖြင့် ''ညခင်းဈေး'' ဟုခေါ်ခဲ့ ပြီး ၁၉၇၀ခုနှစ်၊ ''အင်းလေးရေပေါ်ဈေး''ဟု ခေါ်ဝေါ်သုံးစွဲခဲ့လာခြင်းဖြစ်ကြောင်း နုန်းပို့ချမှုများ၍ ဈေးဧရိယာကျဉ်းလာခြင်း၊ ရေတိမ်ခန်းခြောက်လာခြင်းများကြောင့် ၂၀၀၂ ခုနှစ်က သက်ဆိုင်ရာမှ မူလနေရာအပြင် မြောက်ဘက်သို့ တိုးချဲ့တူးဖော်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယခုအခါတိုးချဲ့ ရေပေါ်ဈေးနေရာအပါအ၀င်၊ ရေပေါ်ဈေး၏မြောက်ဘက်တစ်ခြမ်းလုံးမှာ ယခုနှစ်နွေရာသီတွင် မြေသားပေါ်ပြီး မြေသားအက်ကွဲသည့်အထိ ရေခန်းခြောက်ရုံမက ခြုံနွယ်ကိုင်းတော၊ မြက်တောများပေါက်ရောက် ပိတ်ဖုံးကာ ဈေးနေရာပျောက်ကွယ်သည်အထိ ဖြစ်နေကြောင်း သိရှိရပါ သည်။
ယခုရေခန်းခြောက်ကာ ခြုံနွယ်ကိုင်းမြက်များပိတ်ဖုံးနေသော အင်းလေးရေပေါ်ဈေးနေရာ |
ref;11joul
0 comments:
Post a Comment