Thursday, April 15, 2010

ပန်းနိမိတ်


၁. ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်
၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်
၃. ခတ္တာပန်း = အားငယ်သူမို့ညှာတာပါ
၎. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်
၅. ခေါင်းလောင်းပန်း = အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ်
၆. ဂန္ဓမာဖြူ = ငြိမ်းချမ်းပါစေ
၇. ဂန္ဓမာဝါ = သတိရနေမယ်
၈. ခရေပန်း = Don’t forget me
၉. ဂမုန်းပန်း = မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေရသူပါ
၁၀. စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်
၁၁. ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းတယ်
၁၂. ဆောင်တော်ကူးပန်း = မင်းကြောင့်ကိုယ့်မှာရူးပြီ
၁၃. ဆယ့်နှစ်ရာသီပန်း = ရိုးသားဖြူစင်ခြင်း
၁၄. ညမွှေးပန်း = အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်
၁၅. ဒေလီယာပန်း = မကြာခင်မှာဆုံတွေ့ကြရအောင်
၁၆. ဒန်းပန်း = ဘ၀ကိုအရှုံးမပေးပါနဲ့
၁၇. ဒေါနပန်း = တို့တစ်တွေခွဲခွာကြစို့
၁၈. နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ
၁၉. နှင်းဆီပန်း = မင်းကို ငါချစ်တယ်
၂၀. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ကိုယ်တာဝန်ယူပါတယ်
၂၁. ပိတောက်ပန်း = မင်းဟာကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ
၂၂. ပျားခတ်ပန်း = မင်းဟာ ဒီပန်းလေးလို လှသူတစ်ယောက်ပါ
၂၃. ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ကြေကွဲအားငယ်ခြင်း
၂၄. မြတ်လေးပန်း = ဇွဲသတ်တိရှိခြင်း
၂၅. မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း
၂၆. သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့
၂၇. သစ်ခွပန်း = ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း
၂၈. သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ
၂၉. သံလွင်ပန်း = အောင်မြင်ခြင်း ဂုဏ်ပြုခြင်း
၃၀. ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်
၃၁. ၀ိုင်အိုလက်ပန်း = မျှော်လင့်သလိုဖြစ်လာပါစေ
၃၂. အုန်းပန်း = ကံကောင်းခြင်း

 
မြန်မာနိုင်ငံတွင် ပွင့်သောပန်းတို့အနက် ပိတောက်ပန်းသည် အထူးခြားဆုံးနှင့် အထက်မြက်ဆုံးသော စွမ်းရည်ကို ပိုင်စိုးထားပါသည်။ တစ်ပါးသောအပင်များ ရွက်ဟောင်းကြွေပြီး ခြောက်သယောင်းနေချိန်မှ တစ်ပင်လုံးဝေစီအောင်ပွင့်သည်။ မြန်မာတို့၏ နှစ်ဦးမင်္ဂလာတွင် အခါကောင်း ရက်ကောင်းနှင့် တိုက်ဆိုင်ပြီးမှ ပွင့်တတ်သည်။ ကောင်းကင်ယံထက်မှ နက္ခတ်ဂြိုလ်တို့ကို သိမှတ်နားလည် သည့်အလား၊ ဟူးရား ဗေဒင်ဆရာတို့ ၀င်စားသည့်အလား မိဿရာသီသို့ တနင်္ဂနွေဂြိုလ်အရောက်၊ တနင်္ဂနွေဂြိုလ်တို့ကို အခြားသောဂြိုလ်များက ကောင်းသော အမြင်၊ အယှဉ်၊ အပူး၊ အကပ်ရှိသော နေ့ရက်ထူးမြတ်များ၊ မြန်မာဗုဒ္ဓ ဘာသာတို့၏ ရက်ထူးရက်မြတ်များနှင့် တိုက်ဆိုင်ပြီး ပွင့်တတ်သည်။ ရှားရှားပါးပါး နွေခေါင်ခေါင်တွင် ရွာသွန်းသော မိုးရေစက်တို့ ဖြန့်ပက်ကာ ပွင့်သည်။ နွေလယ်မိုးစက်ကို သောက်သုံးပြီး ပင်လုံးကျွတ်အောင် ပွင့်တတ်သည်။ တစ်နှစ်တာပတ်လုံး အချိန်အခါကောင်းတစ်ခုကို စောင့်မျှော်ပြီးမှ တစ်ကြိမ်တစ်ခါသာ တိုင်ပင်ထားသည့်အလား ပွင့်တတ်သည်။ တစ်ပင်နှင့်တစ်ပင်၊ တစ်မြို့နှင့် တစ်မြို့ ခြား၍နေစေ ခေတ်မီသော စက်ကိရိယာဂြိုလ်တု ဆက်သွယ်မှုများကို ပိုင်ဆိုင်သည့် အလား တစ်ပင်နှင့်တစ်ပင် ချိတ်ဆက်ထားသည့် အင်တာနက် ကွန်ယက်မှ သတင်းပို့မှုကို ရယူပြီး တစ်ပြိုင်နက်ထဲ လုပ်ကြသကဲ့သို့ တစ်ချိန်ထဲ ပွင့်တတ်သည်။ ပွင့်ပြန်လျှင်လည်း နေ့ခင်း ညနေ စသည့်ကာလတွင် မပွင့်ဘဲ ညနေ နေ၀င်ချိန်တွင် အဖူး၊ လူများ နိုးထသောအချိန်တွင် စိမ်းနေသောအပင်မှ လင်းထိန် သွားအောင် ၀ါခြင်းသို့ ကူးသွားအောင် ဖြတ်ကနဲ ပွင့်သော ပန်းပေတည်း။ ဂမ္ဘီရ အတတ်ပညာတွင် ပိတောက်ပန်းသည် ထူးခြားသော ပန်းဖြစ်သည်။ “လူသားတို့၏ လိုရာဆန္ဒကို ထူးထူးခြားခြား ဖြည့်စေရန် နတ်ဒေ၀ါတို့နှင့် လူသားအကြား ဆက်သွယ် ပေးသောပန်း” ဟု ယူဆသည်။ နတ်ဒေ၀တာများသည် တစ်နှစ်လျှင် တစ်ကြိမ် လူသားတို့ တောင်းဆုပြုမှုကို ဖြည့်ဆည်းပေးလိုသည်။ ထိုအခါတွင် ပိတောက်ပန်းကို ဖန်ဆင်းသည်။ တစ်နှစ်မှတစ်ကြိမ် ပွင့်စေသည်။ ပွင့်သောပန်းကိုလည်း နာရီပိုင်းအတွင်း ကြွေကျ၊ ညှိုးရော်စေသည်။ တစ်နှစ်မှ တစ်ကြိမ်ပွင့်၊ တစ်ကြိမ်ပွင့်သောအခါတွင် လည်း ပွင့်နေချိန်တွင် ဘုရားတင်ခြင်း၊ မြင့်မြတ်သောနေရာ၌ ထားရှိ၊ ပန်းအိုးထိုးပြီး လိုရာဆန္ဒပြုတောင်းဆိုပါက ၎င်းဆုတောင်း ဆန္ဒကို ပတ်သက်ရာ နတ်ဒေ၀တာတို့မှ ဖြည့်ဆည်း ဖြစ်ပေါ်စေ သည်။ ပွင့်လျက်နှင့် မခူးစွတ်သော ပိတောက်ပင်အား သေစေသည်။ တစ်ပါးသူတောင်း၍ ပိတောက်ပင်အား မပေးမိပါက လာဘ် ပိတ်စေသည်။ လက်ဝယ်ကိုထားသော ပိတောက်ပန်းခိုင်အား တစ်ပါးသူက တောင်းဆိုလာပါက နှမြောခြင်းမရှိဘဲ ဝေငှလိုက်ပါက ထူးခြားစွာကံကောင်းခြင်း ဖြစ်စေသည်။ ပိတောက် လက်ဆောင်ပေးပါက အမျက်ပြေစေသည်။ ချစ်သက် ရှည်စေသည်။ အခါနွေ၊ သင်္ကြန်၊ ပိတောက်ပန်း၊ ချစ်သူများ၊ ပျော်ရွှင်မှုများသည် တစ်ပေါင်းတစည်းထဲ လူ့လောကတွင် တည်ရှိနေပါသည်။ ဂမ္ဘီရပညာအရ ပိတောက်ပွင့်ချိန်တွင် ကြီးမားသော ပန်းအိုးအတွင်း ပိတောက်ကို ဝေနေအောင်ထိုးပါ။ နေအိမ်ရှိ ဘုရားဆင်းတုတော်၏ လက်ျာဘက်လက်တော်မှ ကပ်လှူပါက မိသားစုတွင် ထူးခြားသော ကံပွင့်ခြင်း၊ လာဘ်ဝင်ခြင်းများ ဖြစ်စေသည်။ ကြွေကျနေသော ပိတောက်ပွင့်များကို အခြောက်ခံပြီး ဆောင်ထားခြင်းဖြင့် ထူးခြားသော လာဘ်ပွင့်ခြင်း ဖြစ်စသည်။ ပိတောက်ပန်းခြောက်အမှုန့် အနည်းငယ်ကို အုန်းဆီတွင်ထည်၍ ခေါင်းတွင်လူးထားပါက ထူးခြားစွာ စန်းပွင့်၊ ပီယဓာတ် ကောင်းစေသည်။ ပိတောက်ပန်းပွင့်ခြောက်မှ အမှုန့်အနည်းငယ်ကို သနပ်ခါးတွင့် ထည့်လူးပါက လူချစ်လူခင်ပေါများမည်။ ပြောစကား အောင်မည်။ ပိတောက်သားကို ပျားပိတုန်းပုံထု၍ ဆောင်ထားပါက ရန်ဘယာကင်းဝေးရုံသာမက စီးပွားတက်စေသည်။


~~အဟီး....သူများရေးထားတာကို...ကူးလာတာ...hee

0 comments: