ထိုင်းနိုင်ငံ အနောက် မြောက်ဘက်မှာ
ရှိတဲ့ မယ်ဟောင် ဆောင်မြို့ရဲ့ ကျေးလက် ဒေသ ဘက်မှာ စစ်ပြေး ဒုက္ခ သည်များ
အဖြစ် ထွက်ပြေး ရောက်ရှိ လာကြတဲ့ ကြေးကွင်း ပတ် ကယန်း မိသားစု တို့မှ
မွေးဖွား လာခဲ့ ကြတဲ့ တက်သစ်စ အမျိုး သမီးငယ် လေးတွေဟာ သူတို့လေးတွေ
ချစ်နှစ် သက်တဲ့ ရိုးရာ ယဉ်ကျေးမှု အစဉ် အလာကို ဆက်လက် ထိန်းသိမ်း
သွားနိုင်ဖို့ ခက်ခဲမှု တွေနဲ့ ကြုံတွေ့ နေရပါတယ်။
ထိုအခက်အခဲ
တွေကြောင့် အမျိုး သမီးငယ် တော်တော် များများဟာ သူတို့ တတွေရဲ့ ယဉ်ကျေး
မှုကို အဓိက ကိုယ်စား ပြုတဲ့ ကြေးကွင်းတွေ ဖြုတ်ပစ် လိုက်ရ တာကို
တွေ့ရှိရပါတယ်။
ကြေးကွင်းတွေကို တပ်ထားခြင်းကြောင့် ရသင့်ရထိုက်၊
ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်လို့ မကြာသေးခင်က
တပ်ထားတဲ့ ကြေးကွင်းများကို ဖြုတ်ပစ်လိုက်ကြတဲ့ အပျိုစင် အမျိုးသမီးတစုက
ဆိုပါတယ်။
တပ်ထားတဲ့ ကြေးကွင်းတွေကို သူတို့တတွေ
မကြိုက်မနှစ်သက်တော့လို့ ဖြုတ်ပစ်လိုက်ကြတာတော့ မဟုတ်ပါ။ အခြေအနေတခုအရ
မဖြုတ်ချင်ဘဲ ဖြုတ်ပစ်လိုက် ကြရတာဖြစ်ပါတယ်။
“ကျမက ပြီးခဲ့တဲ့ ၂၀၀၅ခုနှစ်မှာ စဖြုတ်လိုက်ပါတယ်။ ပညာကို ဆက်လက် သင်ယူချင်လို့ပါ။ ဒီဟာတပ်ထားပြီး
ပညာသင်ခွင့် ရှိမယ်ဆိုရင် ကျမပြန်ပြီး တပ်မှာပေါ့။” လို့ အသက် ၁၈နှစ် အရွယ်ရှိတဲ့ မူဆာက ပြောပြပါတယ်။
ဆက်လက်ပြီးတော့ သူမက “စိတ်မကောင်းဘူး၊ ဖြုတ်လိုက်ရတာ” တဲ့။
မူဆာဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီမှာ အမြင့်ဆုံးကျောင်းဖြစ်တဲ့ ဆယ်တန်းလွန် ကျောင်းမှာ လက်ရှိ ပညာသင်ယူနေသူ ဖြစ်ပါတယ်။
ကြေးကွင်းတွေကို တပ်ထားတဲ့အတွက် “ရွာပြင်ထွက်လို့ မရဘူး။ လွတ်လပ်ခွင့်လည်း မရှိဘူး။ အခြေခံအခွင့်အရေးတွေ မရှိဘူးလေ။ အဓိကတော့ ပညာကို လွတ်လွတ်လပ်လပ် ဆက်လက်သင်ယူချင်လို့ ဖြုတ်လိုက်တယ်” လို့ အထက်တန်းကျောင်းမှာ ပညာဆက်လက် သင်ယူနေတဲ့ အသက် ၁၆နှစ်အရွယ် မူသောင်းက ပြောပြပါတယ်။
“ဒီဟာတတ်ထားရင် ကျမတို့ လိုချင်တဲ့ဟာတွေ ဖြစ်မလာနိုင်ဘူး။ ကျမက အခု Leadership (ခေါင်းဆောင်မှု) ကျောင်းမှာ ကျောင်းတက်နေပါတယ်။ အကယ်၍ ကျမ ဒီဟာတွေကို တပ်ပြီးတက်ရင် သူတို့(အာဏာပိုင်) ဘယ်ပေးတက်မလဲ။” လို့ အသက် ၂၂နှစ် အရွယ်ရှိတဲ့ မူယောက ပြောပါတယ်။
“ကျမဖြစ်ချင်တာက ကျောင်းဆက်တက်မယ်၊ ကျောင်းပြီးသွားရင် အခု ကျမသင်ယူနေတဲ့ ဖက်ဒရယ် အကြောင်းကို ကျမတို့ လူတွေကို ပြန်လည်သင်ပေးမယ်။ ကျမရဲ့ ၀ါသနာက အဲတာဘဲ” လို့ မူယောက ဆက်လက် ရှင်းပြပါတယ်။ မူယောဟာ သူမတပ်ထားတဲ့ ကြေးကွင်းတွေကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀၀၇ ခုနှစ်မှာ စတင် ဖြုတ်ပစ်လိုက်တာပါ။
ယခုလို ကြေးကွင်းများအား ဖြုတ်ပစ်သူ အမျိုးသမီးငယ် အများစုဟာ အလယ်တန်းကျောင်း အောင်မြင် ပြီးဆုံးသွားသူများ ဖြစ်ကြပါတယ်။ အလည်တန်း ပြီးဆုံးသွားသူများအတွက် ကယန်း ကျေးရွာများရဲ့ အပြင်ဘက်မှာ ဖွင့်လှစ်လျှက်ရှိတဲ့ ကရင်နီ အထက်တန်းကျောင်းများ၌ ဆက်လက် သင်ယူကြရပါတယ်။
ယခုအခါ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တွေမှာ ပညာသင်ယူ နေဆဲရှိတဲ့ ကြေးကွင်းတပ် ကယန်း အမျိုးသမီးငယ် အချို့တို့ဟာလည်း ၎င်းတို့ရဲ့ မိဘများက ပညာဆက်လက် သင်ယူစေလိုတဲ့အတွက် တပ်ထားတဲ့ ကြေးကွင်းများကို ကြိုတင် ဖြုတ်ပေးထားသူများလည်း ရှိနေကြပါတယ်။
“ပညာရေးပိုင်းဆိုင်ရာ ဘက်ကို လိုက်မယ်ဆိုရင်တော့ ဖြုတ်လိုက်တာ ပိုကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဖြုတ်ဘဲနဲ့ ဆက်တက်လို့မှ မရတာ။ အပြင်ဘက်မှာ ဆက်လက် ပညာရှာရင်လဲ လွတ်လွတ်လပ်လပ်မှ ရှာလို့မရတာ။ ဒါကြောင့် သူ့ကို ကျနော်တို့ ကြိုတင်ပြီးတော့ ဖြုတ်ထားပေးတယ်။” လို့ အသက် ၁၄နှစ် အရွယ်ရှိတဲ့ ညီမလေး မူပန်းရဲ့ ကြေးကွင်းများကို ကြိုတင်ဖြုတ်ပေး ထားရခြင်း၏ အကြောင်းအရင်းကို အစ်ကိုဖြစ်သူ မောင်ထန်က ပြောပြသွားတာ ဖြစ်ပါတယ်။
၎င်းက “ကြီးလာတဲ့အချိန်မှ ဟိုကြုံလာတဲ့အချိန်မှဘဲ ဖြုတ်ပေးရင် သူ့အတွက် နေရ၊ ထိုင်ရ ပိုခက်သွားမယ်လို့ ထင်တဲ့အတွက် ဖြုတ်ထားပေးတာ ဖြစ်တယ်” လို့ ဆက်လက် ရှင်းပြပါတယ်။
မယ်ဟောင်ဆောင်မြို့နှင့် မနီးမဝေးမှာ ရှိနေတဲ့ ကြေးကွင်းတပ် ကယန်းရွာသုံးရွာကို သွားရောက် အင်တာဗျူး လုပ်ထားချက်အရ ကြေးကွင်းများ ဖြုတ်လိုက်တဲ့ အမျိုးသမီး ၁၀ဦးထက်မနည်း ရှိနေကြောင်း သိရှိရပါတယ်။
ဖြုတ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ တပါးနိုင်ငံရဲ့ ထိန်းချုပ်မှု အောက်မှာ ကြေးကွင်းတွေ တပ်ထားပြီး ပညာကို ဆက်လက်သင်ယူနိုင်ခွင့် မရှိတဲ့ အဖြစ်ကနေ လွတ်မြောက်နိုင်ဖို့ဘဲ ဖြစ်တယ်လို့ အများစုက ဆိုပါတယ်။
အချို့အမျိုးသမီးများမှာ သူမတို့၏ လုံခြုံရေးအတွက် အင်တာဗျူး အလုပ်မခံဖို့ တောင်းဆို ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုလို ကြေးကွင်းတွေကို ဖြုတ်လိုက်တဲ့ အမျိုးသမီးများကို ဒေသခံ အာဏာပိုင်တွေနှင့် ဆက်စပ်မှု ရှိနေတဲ့ သူတို့က ခြိမ်းခြောက်မှုများ ပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။
ကြေးဖြုတ်ပြီး အတင်းပြန်တပ်ခိုင်းခြင်း ခံရသူများလည်း ရှိတယ်လို့ သိရပါတယ်။
“ပထမတခါ ကျမထုတ်လိုက်တယ်၊ ကျမတို့ရွာမှာ တာဝန်ယူနေတဲ့ (ထိုင်း) မိန်းမကြီးက ပြန်တပ်ခိုင်းတယ်။ ကျမပြန်တပ်တယ်၊ မတပ်ချင်ဘဲ နောက်ထပ်တခါ ထပ်ထုတ်လိုက်တယ်။ နောက်ကျမကို သူတို့ ခေါ်တွေ့တယ်။ ပြန်တပ်ပါတဲ့ မတတ်လို့ရှိရင် နင်ဒီရွာကနေ ထွက်ရမယ်လို့ ပြောတယ်။ ကျမမိဘတွေလဲ ကျမအဲလို ဖြုတ်လိုက်တာကို မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကျမကို မဆုံးရှုံးချင်ဘူးလေ၊ သူတို့ ကျမကိုချစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမ ဖြုတ်လိုက်ရင် မိဘနဲ့လဲခွဲရမှာ ဖြစ်တယ်။ ဒါကြောင့် ကျမကို ၁၀ရက်စဉ်းစားဖို့ အချိန်ပေးပါလို့ တောင်းခံခဲ့တယ်။ ဒါပေမဲ့ ကျမ ထုတ်လိုက်ပါတယ်။” လို့ အသက် ၂၃နှစ် အရွယ်ရှိတဲ့ မူမူက ရှင်းပြပါတယ်။
ကယန်းသာယာရွာ၊ ဟွေ့စူထောက်ရွာနဲ့ ဟွေ့ပူးကဲရွာဆိုတဲ့ ကြေးကွင်းပတ် ကယန်းရွာသုံးရွာဟာ မယ်ဟောင်ဆောင်မြို့နဲ့ မနီးမဝေးမှာပါ။ ကီလိုမီတာအားဖြင့် မယ်ဟောင်ဆောင်မြို့ကနေ တရွာကို ၁၀ကီလိုမီတာ လောက်သာ ကွာဝေးပါတယ်။ မြန်မာနယ်စပ်နဲ့လည်း နီးပါတယ်။ ကယန်းသာယာရွာဆိုရင် ကရင်နီဒုက္ခသည် အမှတ်-၁ စခန်းနဲ့ နီးပါတယ်။ ဟွေ့စူထောက်က ထိုင်းနယ်စပ် ရွာလေးတရွာပါ။ ကြေးကွင်းပါတ် ကယန်းအချို့က သူတို့ရဲ့ရွာ နံဘေးမှာ လာကပ်နေတဲ့ အတွက် ဟွေ့စူထောက် လို့ နာမည်တွင် သွားခြင်း ဖြစ်ပါတယ်။ ဟွေ့ပူးကဲကတော့ ထိုင်း-မြန်မာ နယ်စပ်အမှတ်-၁၀ ရဲ့ဘက်မှာပါ။
အလည်သွားချင်သပါ့ ဆိုလျှင်လည်း မယ်ဟောင်ဆောင် ကနေ ကားသို့မဟုတ် ဆိုင်ကယ်လေးတွေကို ငှားပြီး နေ့ချင်းပြန် သွားလည်လို့ ရပါတယ်။
အဲဒီရွာသုံးရွာမှာ ကယန်းမိသားစုဝင်ပေါင်း ၆၀၀ ၀န်းကျင်လောက် ရှိပါတယ်။ အချို့ ကယန်းတွေ ကတော့ ထိုရွာလေးတွေမှာ နေထိုင်လာကြတာ နှစ်ပေါင်း ၂၀ ၀န်းကျင် လောက်တောင် ရှိသွားကြပါပြီ။ အများစုမှာတော့ ပြီးခဲ့တဲ့ ၁၉၉၅ခုနှစ် နောက်ပိုင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့် မြန်မာစစ်အစိုးရတို့၏ အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီးသည့် နောက်ပိုင်းမှ ထွက်ပြေး ရောက်ရှိ လာခဲ့ကြပါတယ်။
ကြေးကွင်းတပ် ကယန်းလူမျိုးတို့မှာ အခြားတိုင်းရင်းသားတွေထက် တမူထူးခြားတဲ့ ယဉ်ကျေးမှု အဆင်အယင် တွေကြောင့် ထိုင်းဒေသခံ အာဏာပိုင်တွေက နယ်စပ်ဒုက္ခသည် စခန်းထဲမှာ မထားဘဲ စခန်းရဲ့ အပြင်ဘက်မှာ နေထိုင်ခိုင်းကြပါတယ်။
ဒုက္ခသည်စခန်းရဲ့ အပြင်ဘက်မှာ နေရတယ်ဆိုပေမဲ့ ကြေးကွင်းတပ်ထားတဲ့ အမျိုးသမီးတွေဟာ ရွာရဲ့အပြင်ဘက်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘဲ သူတို့ရဲ့အိမ်နဲ့ ရွာထဲမှာဘဲ နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ရှိသွားခဲ့ကြပါပြီ။
သူတို့တတွေရဲ့ နေ့စဉ်အလုပ်ဟာ နေအိမ်ရှေ့က ဆိုင်ခန်းပမာ ထိုးထားတဲ့ တဲငယ်အောက်မှာ ထိုင်ပြီး ကိုယ်ပေါ်၌ ဆင်ယင်ထားတဲ့ ယဉ်ကျေးမှု အလှအပများကို အလည်လာတဲ့ နိုင်ငံခြားသားနဲ့ ဧည့်သည်များကို ပြသရတဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဧည့်သည်ပါးတဲ့ ရက်တွေမှာတော့ လွယ်အိပ်နဲ့ မျက်နှာသုတ်ပ၀ါတွေကို အပိုအလျှံဝင်ငွေ အတွက် ယက်လုပ်ပြီး ရောင်းချရပါတယ်။
၎င်းတို့ရဲ့ ခင်ပွန်းသည်များဟာလည်း ရွာအပြင်ဘက်ထွက်၍ ထိုင်းမြို့၊ ရွာတွေမှာ ၀င်ငွေရဖို့ အလုပ် သွားလုပ်ပိုင်ခွင့် မရှိကြတဲ့အတွက် ရွာမှာနေ၍ ယဉ်ကျေးမှု အသုံးအဆောင်များ ဖြစ်ကြတဲ့ ဓါးလွယ်၊ လက်စွပ်၊ လက်ကောက်လေး တွေကို ထုထစ်၍ နိုင်ငံခြားသားတွေကို ရောင်းချပေးနေရပါတယ်။
ဒေသခံအာဏာပိုင်တွေက သူတို့ကို ဆန်၊ဆီ၊ဆား၊ငရုပ် စတဲ့ ရိက္ခာများနှင့်တကွ လစာအဖြစ် ကြေးကွင်းတပ် အမျိုးသမီးတဦးကို တလဘတ်-၁၅၀၀ ထောက်ပံ့ပေးပါတယ်။ သို့သော် ကြေးကွင်းမတပ်သူ အမျိုးသမီးများ၊ ယောက်ျားကလေးငယ်များနဲ့ ၎င်းတို့ရဲ့ ခင်ပွန်းသည်တို့မှာ ထိုထောက်ပံ့ကြေးများကို ခံစားခွင့် မရှိကြပါဘူး။
ကြေးကွင်းတပ်ထားသူ အမျိုးသမီးတွေရဲ့ ပြောပြချက်အရ တလကို ၁၅၀၀ ဘတ် ထောက်ပံ့မှုဟာ မိသားစုဝင် များတဲ့သူတွေ အတွက်မက မိသားစုဝင်နည်းတဲ့ သူတွေအတွက်ပါ လုံလောက်မှု မရှိဘူးလို့ ဆိုကြပါတယ်။ ဟွေ့ပူးကဲရွာဆိုရင် ယခု၂၀၀၇ ခုနှစ် အတွင်း ထောက်ပံကြေး မရတာ ၆လ လောက်ရှိသွားပြီလို့ ရွာသူ/သားများက ပြောပြပါတယ်။
ထိုင်းနိုင်ငံသားများမှအပ နိုင်ငံခြားသားတဦးလျှင် ရွာဝင်ခ ဘတ်၂၅၀ ပေးပြီး ကယန်းအမျိုးသမီးတွေရဲ့ ဆင်ယင်ထားတဲ့ ယဉ်ကျေးမှု အလှအပတွေကို ကြည့်ရပါတယ်။ သို့သော် ထိုဝင်ငွေများကို ထိန်းချုပ်ထားသူများမှာ ဒေသခံ အာဏာပိုင်များ ဖြစ်ကြပါတယ်။ တလ၀င်ငွေ၊ တနှစ်ဝင်ငွေ ဘယ်လောက် ရရှိသလဲဆိုတာကို ကယန်းရွာသူ/သားများ အနေဖြင့် သိရှိခွင့် မရှိဟု ဆိုပါတယ်။
ကြေးကွင်းပတ်တဲ့ ကယန်း လူမျိုးတွေအတွက် ထောက်ပံ့မှု လုံလုံလောက်လောက် မရရှိကြသော်လည်း ထိုင်းနိုင်ငံ အတွက်တော့ ကယန်းလူမျိုးတွေဟာ အနည်းနဲ့အများ စီးပွားရေး အချက်အချာတခုလို့ ဆိုလျှင် မှားနိုင်လိမ့်မှာ မဟုတ်ပါ။
တနှစ်ကို ကမ္ဘာတ၀ှမ်းမှ နိုင်ငံခြားသား ဧည့်သည်ပေါင်း အနည်းဆုံး တသိန်းလောက်ဟာ လေယာဉ်၊ ကား၊ ရထား၊ စက်လှေနှင့် ဆင်တို့ကို စီးပြီး လာရောက် လည်ပတ်ကြည့်ရှု ကြပါတယ်။ ယခုလို နိုင်ငံခြားဧည့်သည် များများ လာလည်တဲ့ အတွက်ကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ တည်းခိုခန်း၊ ဟော်တယ်၊ စားသောက်ဆိုင်တွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အဆင်ပြေစေပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို အဓိက အစိတ်အပိုင်းတခုအနေနဲ့ အောင်မြင်မှုများ ပေးနေတဲ့ ထိုကြေးကွင်းပါတ် ကယန်းရွာလေးတွေကို နိုင်ငံခြားသားအချို့က “ဟယူးမဲန်ဇူး” လူတိရစ္ဆာန်ရုံလို့ တင်စားခေါ်ဝေါ် ကြပါတယ်။ ထိုကဲ့သို့ တင်စား ခေါ်ဝေါ်မှုမျိုးကို မျက်နှာငယ်ခံရတဲ့ သူတွေကတော့ ကယန်း လူမျိုးများသာ ဖြစ်ကြပါတယ်။
ကြေးကွင်းပတ် ကယန်းလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို “လှပပြီး ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု” လို့ ခံယူပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့် သူတို့ကို တိရစ္ဆာန်ရုံနဲ့ နှိုင်းပြီးတင်စားတာကို သူတို့ခမျာ ၀မ်းနည်းမိကြပါတယ်။ ဒါပေမဲ့ ကိုယ့်တိုင်းကိုယ့်ပြည်မှာ မဟုတ်ဘဲ တိုင်းတပါးမှာ ခိုလှုံနေရတဲ့အတွက် တိတ်တိတ်ကလေးဘဲ အနှစ်နာခံ နေကြရပါတယ်။
“နိုင်ငံခြားသားအချို့ ကတော့ ပြောတာတွေရှိတယ်၊ ကျမတို့ဟာ တိရစ္ဆာန်ရုံနဲ့ တူတယ်လို့ ပြောတယ်၊ ဒါပေမဲ့ အဲလိုခေါ်တာ ကျမ ခံစားရမပျော်ဘူး။” လို့ မူမူက ပြောပါတယ်။ ဆက်လက်၍ သူမက “ကျမတို့ ဘ၀က အမြဲတမ်းဘဲ တိတ်တိတ်ကလေး နေရပါတယ်။ အမြဲတမ်း သည်းခံပြီး နေရပါတယ်။ အဲဒီဘ၀ကို ကျမ မလိုလားဘူး။”
ကယန်းလူမျိုးတွေ ကြေးကွင်းတပ်တာဟာ ၀င်ငွေများ ရဖို့အတွက် အဓိက တပ်နေတာ မဟုတ်ပါ။ ရိုးရာယဉ်ကျေးမှု အစဉ်အလာတခုကို ထိန်းသိမ်းဖို့ အတွက် တပ်ကြတာ ဖြစ်ပါတယ်။ ကြေးကွင်းတွေကို ၅နှစ် ကလေးအရွယ်ကနေ စတင် တပ်ရပါတယ်။ ၅နှစ် အရွယ် အမျိုးသမီးကလေးများ အနေနဲ့ ကြေးကွင်းတွေကို မဖြစ်မနေ တပ်ရမယ်ဆိုတဲ့ အစဉ်အလာလည်း ကယန်းတို့မှာ မရှိလို့ ဆိုကြပါတယ်။ တပ်၊မတပ် ဆိုတာဟာလည်း ကလေးတို့ရဲ့ သဘောထားကသာ အဓိက ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
“ကျမက လှလို့ တပ်တာဖြစ်တယ်၊ ကျမတို့ရဲ့ အမေတွေ တပ်ထားတာကြည့်တော့ လှတယ်။” ဟု မူသောင်းက ပြောပြပါတယ်။ မူသောင်းဟာ သူမအသက် ၇နှစ်အရွယ် ကတည်းက ကြေးကွင်းတွေကို စတပ်ခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ ပညာ ဆက်လက် သင်ယူဖို့အတွက် ဖြုတ်လိုက်ရခြင်း ဖြစ်ပါတယ်။
ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားအရ ကယန်းသာယာရွာ၊ ဟွေ့စူထောက် ရွာနဲ့ ဟွေ့ပူးကဲရွာတို့မှာ ကြီးပြင်းလာကြတဲ့ အပျိုစင် ပညာတတ်လေးတွေ အနေနဲ့ အခုလို ကြေးကွင်းတွေ ဖြုတ်ပစ်လိုက်တာမျိုးကြောင့် နောက်တက်လာတဲ့ ညီမငယ်တွေလဲ အတုမယူလာနိုင်ဘူးလို့ ဘယ်သူကမှ အတတ်ပြောနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အခြေအနေတခုက တင်းကြပ်နေတော့လည်း ဖြစ်သင့်တာ ဖြစ်ရမှာဘဲ ဖြစ်ပါတယ်။
“ကျမကို သူတို့ ထိန်းချုပ်တာမျိုး ကျမ မလိုချင်ဘူး။ အခု ကျမရွာပြင်မှာ ထွက်နေပြီ၊ အလုပ်လဲရပြီ။ တလဘဲရှိသေးတယ်၊ ဒါပေမဲ့ လုပ်ငန်း အတွေ့အကြုံတော့ မရှိသေးဘူး။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားရမှာဘဲ” လို့ မူမူက ပြောပါတယ်။
ဆက်လက်၍ သူမက “အကောင်းဆုံးကတော့ ကိုယ်တပ်ထားတဲ့ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ကြေးကွင်းကို ဆက်လက် ထိန်းသိမ်းတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ လွတ်လပ်မှု ကလည်းရှိရမယ်”။
သတင်းဆောင်းပါး ။ စေးရယ်စိုး၊
skip to main |
skip to sidebar
Thursday, April 15, 2010
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
By။ ။ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ကိုဇာဂနာနဲ့ပတ်သတ်တဲ့ ပို့စ်လေး မြန်မာမိန်းခလေးများအား လူမျိုးခြား ဘာ...
-
မြန်မာ့တောတောင်ရေမြေတွေ ပြုတ်ပြုတ်ပြုန်း တောင်ကတုံးလွင်တီးခေါင်တွေဖြစ် သဘာ ၀ ရာသီဥတုတွေ ဖောက်ပြန်ပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြီးနဲ့ လူသ...
-
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထို...
-
စောက်အလ္လာ နှင့် -ီးမိုဟာမက် တကယ်လို့ မြန်မာတွေ (၁)ရက် လောက် (၇၈၆) ဆိုင်ကဈေးမ၀ယ်ရင် သူတို့အတွက် ၀င်ငွေတစ်ရက်စာလျော့မယ်.. တကယ်လို့ မြန်မာတေ...
-
၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှုဆောင်ဟေ...
-
ြ မန်မာနိုင်ငံမြ န်မာလူမျိုး ထာဝရတည်တံ့ခိုင် မြဲစေရေး အရေးကြီးသတင်း (Credit- TI Ger ) --------------- --------- 3 hours ago · ၁။ စတင်ခြ...
-
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်တယ်ဆိုပြီး ဆွေးနွေ...
-
(၁) ငါတို့ မြန်မာတွေကြည့်ေ နမှန်းသိလို့.. မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ.. မင်းတို့ရဲ့ မီးရောင်ထိန်နေတဲ့ မြို့ကြီးတွေ လမ်းမြ...
-
အလျူရှင်များနှင့်သူငယ်ချင်းများအာလုံး မင်္ဂလာပါ ။ အမေ့အိမ်ပညာဒါနကျောင်းရဲ့  Summer Course သင်တန်းဆင်းပွဲအခမ်းအနားကို လာမဲ့( 29...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment