Friday, April 23, 2010

မြန်မာစစ်အစိုးရ၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၁၀တွင်ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့် ကျင်ကန့် ကွက်သည့် ချီတက်ဆန္ဒပြပွဲ အခမ်းအနား

မြန်မာစစ်အစိုးရ၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၁၀တွင်ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့် ကျင်ကန့် ကွက်သည့် ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ဧပြီလ(၂၂)ရက်နေ့၊ တိုကျိုမြို့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲ အခမ်းအနားသို့ ဂျပန်နိုင်ငံရောက်ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့်အတူ မြန်မာ့အရေးကိုကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်အလုပ်သမာသမဂ္ဂများအဖွဲ့ ချုပ် ( RENGO)၊ လူ့ အခွင့်အရေးအဖွဲ့ အစည်းများ ပူးပေါင်းပါဝင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ချီတက်ဆန္ဒပြပွဲကို Gontada ပန်းခြံမှ နေ့လည် (၃)နာရီ တွင်စတင်ထွက်ခွာပြီး လူစည်ကားရာ ဆိုနီလမ်းမကြီးအတိုင်း ချီတက်ခဲ့ရာ ဂျပန်ဘာသာဖြင့် နအဖစစ်အုပ်စု၏ မတရားတဲ့ရွေးကောက်ပွဲဥပဒေ၊၂၀၀၈ အခြေခံဥပဒေများ.. ဖျက်သိမ်းပစ်၊၂၀၁၀ ရွေးကောက်ပွဲ.. အလိုမရှိ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များအားလုံးကိုချွင်းချက်မရှိ.. ချက်ချင်းလွတ် စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ Tokyo SHINAGAWA မြို့နယ်ရှိ နအဖစစ်အခွန်ရုံး ကိုဖြတ်ကာ စစ်အခွန်ရုံး အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။အဖွဲ့ ပေါင်းစုံ ပါဝင်သော သဘောထားထုတ်ပြန်ကြေငြာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒုဥက္ကဌ(၁)ဦးလှဟန်မှ အဖ စစ်အခွန်ရုံးသို့ ပေးပို့ ခဲ့ပါသည်။ ယနေ့တိုကျိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ဂျပန်ရောက်ဒီမိုကရေစီလိုလားသူများနှင့် ဂျပန်လူမျိုးများအပါဝင် စုစု ပေါင်း အင်အား(၂၀၀)ကျော်ခန့်  တက်ရောက်ချီတက်ဆန္ဒပြခဲ့ကြသည်။ ဓါတ်ပုံ။။ကေသီသိန်း၊ ရုပ်သံ။စိုးမိုးနိုင် c/o cncjp

0 comments: