Sunday, March 21, 2010

အဘ ဦးဝင်းတင်ပြောစကား

“ကျနော်ကတော့ မှတ်ပုံမတင်ဖို့ကို အဆိုပြုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမှာကို ကျနော်လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ဖို့ စစ်အစိုးရလုပ်နေတာ တလျှောက်လုံး ၁၉၉၀ နောက်ပိုင်းကတည်းက လုပ်လာတာ။ အခု ဒီလိုင်းကိုပဲ ပြန်ဖော်ပြန်ပြီ။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်လည်းမဖြစ်သေးဘူး။ ကျနော်တို့ကလည်း ကန့်ကွက်တဲ့ဟာနဲ့ ဒီလိုအတည်မဖြစ်သေးတဲ့ အခြေခံဥပဒေနဲ့ ကျနော်တို့ကိုပြန်ပြီး ခံဝန်ချက်တွေနဲ့ ဒီအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့ မလိုအပ်ဘဲလုပ်တာဟာ ကျနော်တို့ဦးကျိုးအောင် နိုင်ငံရေးသိက္ခာကို ပျက်အောင်လုပ်တာပဲ။ ဒီနှစ်ချက်နဲ့ ကျနော်တို့ လက်မခံနိုင်ဘူး”

0 comments: