|
၁၃၊မတ်လ၊၂၀၁၀နေ့(၂၂နှစ်ပြည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ) |
ကျောင်း သားများအား လူ့အဖွဲ့အစည်း တခု၊ ပညာတတ် အဝန်း အဝိုင်း တခုအ ဖြစ် လူ့အသိုင်း အဝိုင်း မှ
မှတ် ယူ လေ့ရှိပြီး ၊ ကျောင်း သားများရဲ့ လိုလားခံစားချက်များသည် ပြည်သူ လူ ထူ လိုလားချက်များကို ကိုယ် စားပြုစေသည်ဟု ယူဆလေ့ရှိ သည်။ တချိန် ထဲမှာဖွံ ဖြိုးဆဲနိုင်ငံများတွင် ကျောင်းသားများအား၊ သက်ဆိုင်ရာနိုင် ငံအသီးသီး၏ ခေတ်မှီ ရေး လူမှုတော်လှန် ရေးများဆီသို့မောင်း နှင် သော အင်အားစုအဖြစ် ရှု့မြင်ခံရလေရှိ သည်။ပညာရှင်တချို့က ဖွံ့ဖြိုးဆဲနိုင်ငံများမှ တက္ကသိုလ်ကျောင်းသားများ သာမက၊ အထက်တန်းကျောင်းသားများသည်ပင် နိုင်ငံတော်များ ခေတ်မီရေး၊ လူမှုစီးပွားတိုးတက်ရေးနှင့် နိုင်ငံရေးအရ နိုးကြားတက်ကြွသော အုပ်စုတခုဖြစ်သည်ဟု ရှု့မြင်သည်။ သူတို့၏ အမျိုးသားရေးတာဝန်များအတွက် အမြဲတမ်းထက်သန်နေပြီး ဘယ်သောအခါမှ စွန့်လွတ်ရိုးထုံးစံမရြှိကဟု မှတ်ချက်ြပုကြသည်။မြန်မာကျောင်း သားများသည် လွတ်လ ပ်ရေးလှုပ် ရားမှုများတွင် အရေးပါသော အခန်း ကဏ္ဍများမှပါဝင်ခြဲ့ပီး ၊ မြန်မာ့မျိုး ချစ်နိုင်ငံရေး သမားများသည်လည်း ရန်ကုန်တက္ကသိုလ် မှစတင်ပေါက်ဖွားခြဲ့ကသည။် သို့အတွက်ကြောင့် မြန်မာနိုင်ငံရေး သမိုင်း တွင် ကျောင်းသားများသည် ရာဇဝင်အရ၊ နိုင်ငံရေးအရ နိုးကြားမှုရှိပြီး လူထု၏ ရိုသေကိုးစားမှုကို ခံရသည်။ အစဉ်အလာအားဖြင့် ကျောင်းသားတဦးအား အာဏာပိုင်များမှ မတရားနှိပ်စက်သတ်ဖြတ် ခံရပါက ထိုဖြစ်ရပ်များသည် လူမှုတော်လှန်ရေးလှုပ်ရှားမှုများဆီသို့ အများအားဖြင့် အသွင်ပြောင်း သွားတတ်သည်။ ၁၉၈၈ မတ်လ (၁၃) ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ဓာတုအင်ဂျင်နီယာ ကျောင်းသား ကိုဖုန်းမော်သည် လုံထိန်းများ၏ လက်ချက်ဖြင့် သေနတ်ဒဏ်ရာဖြင့် ပွဲခြင်းပြီး သေဆုံးခဲ့သည်။ ၄င်းဖြစ်ရပ်က
သမိုင်းဝင် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်ပေါ်စေသော အကြောင်းရာများမှ အဓိကကျသော အကြောင်းအချက် တစ်ခုပင်ဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ နိုင်ငံရေးခေါင်းဆောင် များသည် ကိုဖုန်းမော် ကျဆုံးခဲ့ရမှုအား အမှတ်တရရှိကြပြီး ထိုနေ့အား မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ရန် ပြောဆိုလာခဲ့ကြသည်။ ကိုဖုန်းမော်နှင့် တက္ကသိုလ်တွင် ရင်းနှီးခဲ့သော သူငယ်ချင်းတဦးဖြစ်သူ ကိုအောင်မျိုးမင်း (အခုအခါတွင် လူ့အခွင့်အရေးပညာပေးဋ္ဌာန - မြန်မာနိုင်ငံ မှ ဒါရိုက်တာ အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူ) က ကိုဖုန်းမော် သေဆုံးသောနေ့အား မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်သည်ကို သူအနေဖြင့် အလေးအနက် ထောက်ခံကြောင်း အဘယ်ကြောင့်ဆိုသော် ကိုဖုန်းမော် မသေဆုးံ မှီအထိမြန်မာလူထသည် မဆလ တပါတီအာဏာရှင်စနစ် လက်အောက်တွင်လူ့အခွင့်အရေး ချိုး ဖောက်မှု များ ခံနေရသော်လည်း ဖိနှိပ်မှုများနှင့် ယဉ်ပါးနေသားကျနေကာ လူအခွင့်အရေး ချိုးဖောက် ခံရမှုများအား သတိမမူမိကြောင်း၊ သို့သော် ကိုဖုန်းမော် အသတ်ခံရသောအခါတွင်မှ လူထုအတွင်း တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး မဆလ စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများအား ပြတ် သမိုင်းနောက်ခံ ပြတ်ထင်ထင် ရှိလာစေခဲ့ပြီး၊ ဒီမိုကရေစီ လူအခွင့်အရေး တန်ဖိုးများအား သဘောပေါက်လာကာ ဒီမို ကရေစီ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျောင်းသားများနှင့် လက်တွဲကာ လမ်းပေါ်ထွက်လာခဲ့ကြပြီး သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးအား ဖြစ်ပွားစေခဲ့ကြောင်း။ သို့ဖြစ် ၍ ကိုဖုန်းမော် ကျဆုံးသောနေ့အား မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်သည်မှာ လျော်ကန် သင့်မြတ်ကြောင်း ပြောဆိုသည်။ သူကဆက်လက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ဆိုသည်မှာ ကိုဖုန်း မော် တယောက်ထဲအား ရည်စူးပြီး သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံ နိုင်ငံရေးတလျှောက် အသက် အသေခံ၊ ထောင်တွင်းနှစ်ရှည်လများ အကျဉ်းကျခံပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ များ အားလုံးကို ဂုဏ်ပြုရာရောက်ကြောင်း ပြောဆိုခဲ့သည်။ ပထမဆုံးသော မြန်မာနိုင်ငံလူအခွင့်အရေးနေ့အား ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းဝင်း အတွင်း၌ ကိုဖုန်းမော်ကျဆုံးခြင်း တစ်နှစ်တင်းတင်း ပြည့်သည့်နေ့ ၁၉၈၉ ခုနှစ် မတ်လ (၁၃) ရက်နေ့ တွင် ကျင်းပခဲ့သည်။ ထိုအခမ်းနားသို့ နိုင်ငံရေးခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ပြည်သူတိုးတက်ရေးပါတီမှ ဦးခင်မောင်မြင့်၊ ဦသာဘန်း၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်၊ ကိုကိုကြီး၊ ကိုအောင်ဒင် အစရှိသူတို့ တက်ရောက်ခဲ့သည်။ ကိုဖုန်းမော်နေ့ အောက်မေ့ဖွယ်အခမ်းအနား ပြင်ဆင်ရေး ဦးဆောင်ကော်မတီဝင်တဦးဖြစ်ခဲ့သူ ကိုတိတ်နိုင် (ယခုအခါ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း - မြန်မာ နိုင်ငံ) က ၄င်းကော်မတီတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအောင်ပွင့် (စက်မှု)၊ ကိုစောဝင်းရှိန် (စက်မှု) တို့ အပါအဝင် အခြားနိုင်ငံရေး တက်ကြွသူများဖြင့် ဖွဲ့စည်းဆောင်ရွက်ပြီး ကော်မတီဝင် စုစုပေါင်း (၁၃) ဦးရှိကြောင်း ပြန်လည် စဉ်းစားပြောဆိုခဲ့သည်။ သို့သော် ထိုနေ့အား မည်သူက လူအခွင့်အရေးနေ့ အဖြစ် သတ်မှတ်သင့်ကြောင်း အဆြိုပုခဲ့ကြောင်း မသိခဲ့ကြောင်း သို့သော် လူအများက ဒေါ်အောင်ဆန်းစြုကည်၏ စိတ်ကူးဖြစ်ကြောင်းပြောဆိုကြသလို အချို့ကလည်း ဦးနုက ကိုဖုန်းမော်ကျဆုံးသော နေ့အား မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ရန် ဦးဆောင်ခဲ့ကြောင်း ပြောဆိုကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ သို့ သော်လည်း ထိုနေ့က မည် သည့်နိုင်ငံရေးသမားနှင့် ကျောင်းသားများမှ မြန်မာ နိုင်ငံလူ့အခွင့်ရေးနေ့အ ဖြစ် ထိုနေ့ အခမ်းအနားတွင် သုံးနှုန်း ပြောဆိုမှုမရှိခဲ့ပေ။ သို့သော် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ဟူသော ပိုစတာများကို အခမ်းအနား ကျင်းပရာ စက်မှုတက္ကသိုလ် ဝင်းအတွင်း နေရာအနှံအပြား ရေးသားချိတ်ဆွဲထားသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။ သို့ဖြစ်၍ ထိုနေ့ အား မြန်မာနိုင်ငံ၏ ပထမဆုံး လူ့အခွင့်ရေးနေ့ အခမ်းအနားဟု ပြောဆိုနိုင်သည်ဟု ပြောဆိုခဲ့သည်။ ကိုတိတ်နိုင်က မြန်မာနိုင်ငံ၏ ပထမဆုံးသော လူအခွင့်အရေးနေ့ မြင်ကွင်းအကြောင်း ပြန်လည် ပြောဆိုရာမှာ ကျောင်းသားများ အခမ်းအနားပြင်ဆင်ရာသို့ အလာတွင် သမိုင်းလမ်းဆုံအရောက် တားဆီးခံ ရကြောင်း၊ နောက်အတန်ကြာမှ ပြင်ဆင်ရေး ကော်မတီကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ အခမ်း အနား ကျင်း ပရာ စက်မှုတက္ကသိုလ်ဝင်းအား စစ်ကားများဖြင့် လှည့်ပတ်နေပြီး အခမ်းအနားသို့ လာရောက်သူများအား ခြိမ်းခြောက် နေကြောင်း သို့သော် ကျောင်းဝင်းအတွင်း လူအများ တစနှင့်တစများလာပြီး ကျောင်းရှေ့ ကွင်းကြီး ပြည့်သွားကြောင်း ပြောဆိုခဲ့သည်။ အခမ်းအနား တက်ရောက်လာသူ အားလုံးက ကိုဖုန်းမော် သို့ဖြစ်၍ ထိုနေ့ အား မြန်မာနိုင်ငံ၏ ပထမဆုံး လူ့အခွင့်ရေးနေ့ အခမ်းအနားဟု ပြောဆိုနိုင်သည်ဟု ပြောဆိုခဲ့သည်။ ကျဆုံးခဲ့သော ၁၉၈၈ မတ်လ (၁၃) ရက်နေ့သည် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွက် အရေးပါသော နေ့တနေ့ဖြစ်ကြောင်း တညီတညွတ်ထဲ ပြောဆိုခဲ့ကြပြီး၊ ထိုမတ်လ (၁၃) ရက်နေ့ မတိုင်မှီ ၁၉၈၇ ခုနှစ် အတွင်း ငွေစက္ကူများအား မဆလအစိုးရမှ တရားမဝင်ကြေငြာ သဖြင့် ကျောင်းသားများအတွင်း မကျေနပ် မှုများ ဖြစ်ပွားနေခဲ့သော်လည်း ကိုဖုန်းမော်သာ အသတ်မခံရပါက ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ် လာရန် ခက်ခဲနိုင်ကြောင်း ပြောဆိုခဲ့သည်။ ကိုတိတ်က ဆက်လက်၍ ပထမဆုံးနှင့် နောက်ဆုံးအနေဖြင့် တရားဝင်သဘောဖြင့် ကျင်းပခဲ့ရသော မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အား ကျောင်းသားများ အနေဖြင့် ဒုတိယအကြိမ် ကျင်းပရန်ကြိုးစာခဲ့ပြီး (၁၃) ဦးကော်မတီကို ၁၉၉ဝ တွင် ထပ်မံဖွဲ့စည်းခဲ့ကြောင်း ထိုကော်မတီတွင် မောင်မောင်ကျော်၊ တိုးကျော်လှိုင်၊ ကိုမြအေး၊ ကျော်ကျော်စိုး အစရှိသော ကျောင်းသားများ ပါဝင်ကြောင်း သို့သော် အခမ်းအနား မကျင်းပမီ တရက်အလိုတွင် ကျောင်းသားအများစု အဖမ်းခံရပြီး ထောင်သုံးနှစ်စီ ချမှတ်ခဲ့ ရကြောင်း ပြောဆိုခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အား မြန်မာနိုင်ငံတွင် တရားဝင် ကျင်းပခွင့်မရှိတော့ပါ သို့သော်လည်း မတ်လ (၁၃) ရက်နေ့ ရောက်တိုင်း ကိုဖုန်းမော်နေ့အား အမှတ်တရသောအားဖြင့်လည်း ကောင်း၊ ကျောင်းသားများ သွေစွန်းသောနေ့ကို ဝမ်းနည်းသောအနေဖြင့် အဝတ်အမဲစလေးများအား အင်္ကျီတွင် ဝတ်ဆင်လေ့ရှိပြီး ကျောင်းသားအာဇာနည် ကိုဖုန်းမော်အား မမေ့ရန်၊ ဒီမိုကရေစီလူအခွင့်အရေးငြိမ်းချမ်းရေးတို့အတွက်တိုက်ပွဲဝင်ကြရန်သတိပေးလေ့ရှိသည့် လက်ကမ်းစာစောင်များဖြန်ဝေလေ့ရှိသည်။မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့သည် ကိုဖုန်းမော်တယောက်ထဲအား အမှတ်တရထား၍ ကျင်းပခြင်းမျိုး မဖြစ် သင့်ဘဲ မြန်မာနိုင်ငံတဝှန်း လတ်တလောဖြစ်ပေါ်နေသော လူအခွင့်အရေး ချိုးဖောက် ခံနေရမှုများအား အတွက် အသိရှိသင့်ပြီး လူအခွင့်အရေးအတွက် တိုက်ပွဲဝင်ကြရန်နှင့် နိုင်ငံတကာ လူအခွင့်အရေးစာတမ်းပါ အချက်များအရ နိုင်ငံသားတိုင်း လိင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ မတူကွဲပြားမှုများ အပေါ်အခြေမခံဘဲ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံခံရနိုင်ရေးအတွက် ကျွန်ုပ်တို့ ပြည်သူများအနေဖြင့် ကြိုးစားသင့်ပါသည်။
မြင့်ဇော်(All Burma Federation of Student Unions - Foreign Affairs Committee)
၂၀နှစ်ပြည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သမဂ္ဂ စာစဉ် အတွဲ (၃) အမှတ် (၁) မတ်လ ၂ဝဝ၈
0 comments:
Post a Comment