Wednesday, November 28, 2012

လက်ပံတောင်းအခြေအနေ

တန်ဆောင်မုန်းလပြည့်ညချမ်းကာလမှာ ဘာတွေဖြစ်ကြအုန်းမလဲ လပြည့်ဝန်းကြီးကို သက်သေထူ၍ ရဟန်းတော်များ မေတ္တာသုတ်ရွတ်နေကြသည်
.....................................................
Aye Chan Mon
ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းများတွင် ရဲများက လက်ကိုင် စကားပြောမိုက်များ ကိုင်ဆောင်၍
လက်ပံတောင်းအရေးသည် လွှတ်တော်တွင်လည်း တင်ပြပြီး ဖြစ်ကြောင်း၊ စုံစမ်းရေးကော်မရှင်လည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ဖွင့်လှစ်ထားသော သပိတ်စခန်းအားလုံးအား ယနေ့ည ၁၂ နာရီ နောက်ဆုံးထား၍ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း သတိပေးလျက် ရှိသည်။

ကျော်ရွာဂိတ်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်းအား ယခုအခါ လုံထိန်းများက ၀ိုင်းထားကြောင်း သိရှိရသည်။ လက်ပံတောင်း သပိတ်စခန်း ခြောက်ခု ဖွင့်လှစ်ထားပြီး ယခု အ၀ိုင်းခံရသော ကျော်ရွာဂိတ်တွင် သံဃာတော် အပါး(၆၀)ခန့် မေတ္တာသုတ် ရွတ်ဖတ်နေသည်ကို လုံထိန်းများ ၀ိုင်းထားခြင်း ဖြစ်သည်။

...ယခုအချိန်ထိ ကျော်ရွာဂိတ် သပိတ်စခန်းတွင် လုံထိန်းများဘက်မှ တစ်စုံတစ်ရာ အကြမ်းဖက်ဟန့်တားမှုများ မရှိသေးပေ။