Wednesday, November 28, 2012

နွံနှစ်နေသော အစိုးရ

Hawdeka Kalaylay

လက်ရှိ အစိုးရကို ပီကင်းတရုတ်အစိုးရက ပြင်းပြင်းထန်ထန်ဖိအားပေးလျှက်ရှိပါ တယ် . . အဆိုးဆုံးဖိအားပေးမှုမှာ . . အရင်အစိုးရ အဖွဲ့ဝင်လူကြီးများကို ပီကင်းတရုတ် အစိုးရမှ လက်သိပ်ထိုး ပေးခဲ့ရသော လာဘ်ထိုးငွေများဇာတ်လမ်း များ ကို ဖွင့်ချမည်ဟု ခြိမ်းချောက်ထားသည်ဟု သိရပါသည် . . . ပီကင်းအစိုးရ ဟာ အခုအချိန်မှာ ကျောက်ဖြူကုမင်း ပိုက်လိုင်း အရေးကို ဗမာတွေ သွေးတိုးမစမ်းဝံ့အောင် လက်ပံတောင်းတောင် အရေးမှာ ပါဝင်သူတွေကို မှတ်လောက်သားလောက်အောင် အရေးယူပေးဖို့ လက်ရှိအစိုးရကို ဖိအားပေးလျှက်ရှိပါတယ် . . .

ရုပ်ရှင်တွေထဲဗျာ၊
လူဆိုးဂိုဏ်းသားတွေ တယောက်ကိုတယောက်ခြိမ်းခြောက်အကြပ်ကိုင်ပြီး၊
ရာဇ၀တ်မှုတွေ ဆက်ကျူးလွန်ခိုင်းတာမျိုး ကျလို့. . .။
ဒီစစ်အုပ်စု ဟာ မထူးဇာတ်ခင်းနေရင်း နစ်သထက်၊ နစ်နေတယ်။
အာဏာသိမ်းခါစ ကလည်း ဘိန်းဘုရင် ခွန်ဆာ ကလွဲရင် ဘယ်အဖွဲ့နဲ့မဆို
ငြိမ်းချမ်းရေးယူမယ် ဘာညာ ကြွေးကြော်နေရာက ဦးခွန်ဆာ လို့ပြောင်းခေါ်၊
ပြောင်းရေးပြီး ခွန်ဆာ သေသည်အထိ ကာကွယ်ပေးခဲ့တာ အားလုံးသိမှာပေါ့။
ခွန်ဆာ က သူတို့ စစ်တပ်ကိုယ်တိုင် ဘိန်းကုန်ကူးခဲ့တဲ့ သက်သေ အထောက်အထားတွေကို ကိုင်ခဲ့လို့ လို့ သိရတာပါပဲ။

သတ္တိရှိတဲ့ လူမှန်တွေသာ အဲဒီ အုပ်စုထဲမှာ ရှိတယ်ဆိုရင်
လွဲမှားတဲ့ ကျေးဇူးခံ၊ ကျေးဇူးစား၊ လူမိုက်သံယောဇဉ်တွေ ဖြတ်ပြီး၊
တိုင်းပြည်ကို တကယ် ကယ်တင်မယ့် သူရဲကောင်းရပ်တည်ချက်တွေ ရပ်တည်ပြဖို့လိုပါပြီ။
ဥပမာ အားဖြင့် ဦးသိန်းစိန် ဟာ လာဘ်ပေး လာဘ်ယူကအစ ကင်းရှင်းတယ်။
မကြာသေးမီကတောင် သူ့မြေးကို ပြည်သူ့ဆေးရုံမှာပဲ လာပြလို့ဆိုပြီး၊ နာမည်ကောင်းတွေ ထွက်တယ်။ ဒါပေမယ့် ဒီလူမိုက်သံယောဇဉ်နဲ့ သူ့လူတွေကို ကာကွယ်ပေးနေတယ်။ ဒီလမ်းမှားကို ဆက်လျှောက်နေတယ်။

တကယ့် လူမှန်၊ လူတော်ဆိုရင်ဖြင့်. . .သတ္တိရှိရင်ဖြင့် လို့ စဉ်းစားမိတယ်။
ဒါပေမယ့် သတ္တိမရှိလို့ ပျော့ညံ့ လို့သာ၊ ဒီနေရာ အပေးခံရတယ် ဆိုပဲ။
ဘာဆက်ပြောစရာ ရှိဦးမလဲလေ။

ချိုတူးဇော်