Tuesday, November 27, 2012

တရုတ်ပြေးမင်းပြီးတော့ တရုတ်ကြောက် အစိုးရ

<<ဦးအောင်မင်းက ကြေးနီတောင်စီမံကိန်းမှာပြောသွားတယ်.. တရုတ်ကိုကြောက်ရတယ်ဗျ ဆိုပဲ.... ၀န်းကြီးအဆင့်လူတစ်ယောက်က ဒီလိုပြောလာလိမ့်မယ်လို့ မထင်ထားဘူးဗျာ.... မြန်မာတွေအဲလောက်တောင် ဇမရှိတော့ဘူးလားလို့ အတွေးဝင်မိအောင်ပါပဲဗျာ... စီးပွားရေး ပိတ်တာကို ကြောက်နေတာလား...

အခု ထိကားတွေကို ပါမစ် စနစ် စလစ် စနစ်တွေ ထွန်းကားနေအောင်လုပ်တာ တရုတ်မဟုတ်ပါဘူး ၀န်ကြီးတို့ အစိုးရအဖွဲ့ပါ...ပို့ဆောင်ရေးအတွက် ယဉ်လိုင်းတွေကို မတရား
တင်းကျပ်ပြီး လူတိုင်း လုပ်လို့မရအောင်လုပ်ထားတာ တရုတ်မဟုတ်ပါဘူး ၀န်ကြီးတို့ အစိုးရအဖွဲ့ပါ...

တန်ဖိုးနည်း အိမ်ရာတွေ မဆောက်ပဲ... အဆင့်မြင့်အိမ်ရာတွေ ကိုပဲဆောက်ပြီး.. ညွှန်မှုးနဲ့ အထက်အဆင့်တွေကို တန်းဖိုး တ၀က်နဲ့ ရောင်းပေးတာ တရုတ်မဟုတ်ပါဘူး ၀န်ကြီးတို့အစိုးရအဖွဲ့ပါ... ဦးပိုင်က ကားတွေ တင်သွင်းလာတော့.. လူတိုင်းကို မရောင်းပဲ... ညွှန်ချုပ် နဲ့ ဗျုဟာမှူးအဆင့်နဲ့ အထက်ကို ပဲ ရောင်းပေးတာ တရုတ်မဟုတ်ပါ.. ၀န်ကြီးတို့ အစိုးရအဖွဲ့ပါ....

ဆန်တင်ပို့ခွင့်ကို ပိတ်ဆို့ထားပြီး... လူကြီးသားတွေ ပိုင်တဲ့ အထူးပြု ကုမပဏီတွေကို တင်ပို့ခွင့်ပြုထားတာ တရုတ်မဟုတ်ပါ..၀န်ကြီးတို့ အစိုးရ အဖွဲ့ပါ..... ၁၅ သိန်းတန် ဖုန်းတွေကို လူတိုင်း မချပေးမယ့်.. ကုမဏီတွေကိုပဲ တစ်လုံးကို ၂ သိန်းယူပြီး လက်သိပ်ထိုးရောင်းပေးသွားတာ တရုတ်မဟုတ်ပါ ၀န်ကြီးတို့ အစိုးရအဖွဲ့ပါ....

အခုလည်း စောင့်ကြည့်နေပါတယ်ဗျာ..... ကားမူဝါဒတွေ ပြောင်းတော့လည်း ညွှန်ကြားရဲ့ မထွက်ခင် အလိုမှာ ၀န်ကြီးရဲ့ တူတစ်ယောက်က လေးဘီးကားအဟောင်းတွေကို အစီး ၃၀၀ လောက်ဝယ်ဥပြီးမှ ကြေငြာချက်တွေ ထုတ်ခဲ့တာတွေလည်း တရုတ်မဟုတ်ပါဘူး.. ၀န်ကြီးတို့ အစိုးရအဖွဲ့ပါ...

ကျနော်က မြန်မာအစိုးရကို တခြားနိုင်ငံတွေကပြောလာရင် ဆတ်ဆတ်ထိမခံချင်ဖြစ်ပါတယ် အမျိုးကိုလည်း ချစ်ပါတယ်... အမျိုးတွေ စောက်သုံးမကျရင်တော့ ပြောစရာပေါ်လာရင်တော့ ပြောရပါလိမ့်မယ်>>
BY သာကီနွယ်ဖွား ကြယ် စင် လင်း
ဓါတ်ပုံ အဘရ