Wednesday, November 28, 2012

သူခိုးလေးတွေတော့မိဘီ သူခိုးကြီးတွေကတော့ဘယ်တော့မှမမိဘူး

ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း မြန်မာ့အလင်း သတင်းစာတိုက် (ရန်ကုန်) ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်း ငွေစာရင်း များကို နှစ်ပတ်လည် စစ်ဆေးမှု ပြုလုပ်ခဲ့စဉ် သတင်းစာ ရောင်းရငွေ ကျပ် သန်း ၁၀၀ ကျော် လျော့နည်း နေ ခဲ့ကြောင်း တွေ့ရှိခဲ့ သဖြင့် တာဝန်ရှိသူ မန်နေဂျာ အား ဖြေရှင်းစေခဲ့ရာ ၄င်းက ပြန်လည် ပေးသွင်း ခဲ့သဖြင့် အမှုပြီးပြတ် ခဲ့ပါသည်။

ယင်းနောက် ငွေစာရင်းများကို ဆက်လက် စစ်ဆေးခဲ့ရာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပထမခြောက်လ အထိ ကာလ အတွင်း ငွေကျပ်သန်း ၃၀၀ ကျော်ကို အဆိုပါ မန်နေဂျာ အပါအဝင် ဝန်ထမ်း သုံးဦး က အလွဲသုံးစား ပြုခဲ့ကြောင်း ထပ်မံ စိစစ် တွေ့ရှိသဖြင့် အမှုဖွင့် တရားစွဲ ခဲ့ပါသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ
‘ပြည်သူသို့အသိပေးခြင်း’ သတင်းမှ ကောက်နုတ်ချက်

အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။