Wednesday, November 28, 2012

"မြန်လူမျိုး သန်းခြောက်ဆယ်ကို အကုန်သတ်မည်"

အသောက အသောက အသောက

သတ်တယ်ဆိုတာ
ဓါးနဲထိုးသေနတ်နဲ့ပစ်တာမျိုးမှ
သတ်ရိုးထုံးစံလိုဖြစ်နေတာ…။

ဟစ်တလာလူသတ်ဖြစ်တာ
သေနတ်နဲ့ပစ် ယမ်းငွေ့စစ်စစ်နဲ့
ခြောက်နှစ်လုံးလုံးသတ်လာတာ
လူပေါင်း ခြောက်သန်းမျှသာ
သေရတာ မများသေးပါ…။

မြန်မာပြည်က အာဏာရစ်မူး
စစ်ဘုရင်ရူး သတ်တာ
သန်းခြောက်ဆယ်အားလုံးကိုပါ။

စစ်ဘုရင်ရူးသတ်တဲ့အခါ
သွေးမဖြာ အသက်မထွက်
ရှင်လျက်နှင့် သေတဲ့သူထက်ဆိုး
လူမျိုးတစ်မျိုးလုံးကိုသတ်တာ…။

မျက်စိပိတ် နားပိတ် ပါးစပ်လဲပိတ်
လက်ထိတ်လဲခတ်
အကျင့်စာရိတ္တကိုသတ်
ညစ်ပတ်တဲ့နည်းပေါင်းစုံနဲ့
ဆယ်စုနှစ်ခုကုန်အောင်သတ်လာတော့
လူမျိုးတစ်မျိုးလုံးမဖြုန်ပဲခံနိုင်ရိုးလား။

အသားကိုမျို အရိုးကိုလဲဝါး
ခေါင်ကစ ခြစားထားတော့
ရစရာရှိနိုင်တော့မလား ကွယ်ရို့…။

ခြံစားလို့ မထိန်းနိုင် ယိမ်းယိုင်လာတော့မှ
အမေစုကိုကိုင်ပါတော့လို့ တစ်ဝက်တစ်ပျက်
ဖဲ့လျက်ပေး ငဲ့လျက်ကျွေးလိုက်တယ်…။

အိုအမေအမေ…
မသေမချင်း သေတော့မယ့်လူနာကို
အသက်သွင်းပြီး မယွင်းအမုန်းခံ
အသုံးတော်ခံပြီး ရုန်းကန်ပါတော့အမေ။

တက္ကသိုလ်ဘုန်းကြွယ် (နိုဝင်ဘာ ၂၆ ၂၀၁၂)