Saturday, May 14, 2011

စစ်တပ်က ဖမ်းမိဆိုင်ကယ် ပြန်ရောင်းစား

တရုတ်နယ်စပ်မှ မြန်မာဘက်သို့ တရားမဝင် တင် သွင်း သည့် ဆိုင်ကယ်များ ခလရ ၄၅ တပ်ရင်းက ဖမ်းဆီးပြီး ပြန်လည် ရောင်းချနေကြောင်း သိရသည်။
vehicle
တရုတ် ဆိုင်ကယ်များ
မူစယ်မြို့ လုံခြုံရေး တာဝန်ကျ ဗိုလ်မှူး ဇော်မျိုးထိုက် ဦးဆောင်သည့် ခလရ ၄၅ တပ်ရင်းမှ မြို့အထွက် နမ့်ပန်ရွာ အနီး ယခုလဆန်းပိုင်းက ဆိုင်ကယ် ၃ စီး ဖမ်းဆီးခဲ့ပြီး ယခု ပြန်လည်ရောင်းစားခြင်းဖြစ်ကြောင်း ဆိုင်ကယ် ကယ်ရီ အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ခလရ ၄၅  တပ်ရင်းမှူး  ဗိုလ်မှူး ဇော်မျိုး ထိုက် တပည့်တွေပေါ့ ။ ဒီလဆန်း  ၁ ရက် ည ၁၀ နာရီလောက်မှာ မူစယ်မြို့အထွက် နမ့်ပန်ရွာမှာ လားရိုးက ကယ်ရီသမားတွေ ဆီကနေ ဆိုင်ကယ် ၃ စီးဖမ်းထားတယ်” ဟု ကယ်ရီသမားနှင့် နီးစပ် သူက ဆိုသည်။

“၁၀၅ မိုင်ကွင်းတဲ့ ခိုးပေါက်တွေမှာ စစ်တပ်တို့ ရဲတို့  ထိုင်ပြီး ကယ်ရီဆိုင်ကယ်သမားတွေဆီကနေငွေ ကောက် စားတယ် ။ ခါတိုင်းတစ်စီးကို ၅၀၀ ကောက်တယ်။ အခု ၂၀၀၀ ကောက်တယ်။ ကယ်ရီသမားတွေ ငွေမပေးနိုင် လို့ ဆိုင်ကယ်တွေ မောင်းပြေးတော့ နောက်မှာကျန်တဲ့ ၃ စီးကိုဆွဲထားလိုက်တာ။ အခု အဲဒီ ဆိုင်ကယ် ၃ စီးကို လိုက်ရောင်းနေတာ ” ဟု ဆိုသည်။
.

0 comments: