Sunday, April 24, 2011

ထိုင်းမြန်မာနယ်စပ်မယ်ဆောက်တွင် ကျင်းပပြုလုပ်သော ၁၁ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားမှတ်တမ်း(ဓါတ်ပုံများ)

ထိုင်းနှစ်ဆန်း၂ရက်(မြန်မာနှစ်ဆန်း၁ရက်)ဒီကနေ့မှာသက်ကြီးပူဇော်ပွဲကျင်းပကြပါတယ်။ ဒီနှစ်ဆိုရင်(၁၁) ကြိမ်မြောက်ဖြစ်ပါတယ်။ဒီနှစ်မှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးတွေကို စုပေါင်းကန်တော့ကြရာမှာ ဆရာမဒေါက်တာစင်သီယာမောင်က ကျင်းပရေးကော်မတီ နာယကအဖြစ် ကြီးမှူးပေးပါတယ်။ အခမ်းအနားမှာ ကျောင်းသားလေးများရဲ့ သင်္ကြန်အက အလှ၊ သီးလေးသီးနဲ့ ဆေးရောင်စုံအဖွဲ့မှပန်းသီး၊ ကြယ်သီး၊မြစပယ်ငုံ၊မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုရင်ထွေးတို့က သင်္ကြန်သီချင်းတစ်ပုဒ်နဲ့ ဟာဒယ ရွှင်ဆေးတိုက်ကြွေုးခြင်း အစီအစဉ်များကို တင်ဆက်သွားကြပါတယ်။ ဒ့ါအပြင် သက်ကြီးဘိုးဘွားများကို စုပေါင်းကန်တော့ကြခြင်းနှင့်ကန်တော့ပစ္စည်းပေးအပ်ခြင်း၊ ဘိုးဘွားများထံမှမင်္ဂလာ ဆုပေးစကား ပြန်လည်ပြောကြားခြင်းတို့ကို ဆောက်ရွက်သွားကြပါတယ်။ ကဲ…ပြောနေကြာပါတယ်။ ဟောဒီဓာတ်ပုံတွေကို တစ်ချက်ရှုစားလိုက်ပါဦး။ **ဘန့် ဆောင်ခွဲရပ်ကွက် အိုမီဂါ အထည်ချုပ်စက်ရုံရှေ စုရပ်တနေရာမှ သက်ကြီးဘိုးဘွားများကိုခေါ်ဆောင်နေကြစဉ်.. **သက်ကြီး ဘိုးဘွားများကို ကြိုဆိုလာကြစဉ်... **ဆရာမဒေါက်တာစင်သီယာမောင်မှ အမှာစကား ပြောကြားနေစဉ်၊** **မယ့်ရမတ်မြို့နယ်၊ မယ့်ကျလောင်း ကျေးရွာ လမ်းသစ် မှုလတန်းကျောင်းမှ ရင်သွေးငယ်များရဲ့ သင်္ကြန်အက၊** **သူများတို့ ကလည်း မင်းသမီးလိုဆင်ယင်ပြီး ကခုန်ကြတယ်**၊ထိုင်းမြန်မာနယ်စပ်မယ်ဆောက်တွင် ကျင်းပပြုလုပ
သတင်းမှတ်တမ်း မြန်မာပြည်သား၊ ကိုသောင်းတန်ချို၊ ကိုဇေယျာမင်းထွန်း

0 comments: