Monday, October 18, 2010

မစူးမစမ်း၊ မောင်စူးစမ်း



"အိုင်တီခေတ်မှာ၊ အင်တာနက် သုံးမိလို့  အင်းစိန်ထောင်ကို အောင်းသွားလေသတည်း"    ဆိုတဲ့
ကိုဇာဂနာ့ပျက်လုံးက နအဖ စစ်အုပ်စုအကြောက်ဆုံးဟာ အိုင်တီခေတ်ရဲ့ မီဒီယာစနစ်ကို ရည်ညွှန်းနေပါတယ်။

အရင့်အရင်က မြန်မာပြည်က ပုံနှိပ်မီဒီယာ စာမျက်နှာတွေပေါ်မှာ ဘာတွေမဟုတ်တာပါနေပစေ၊
အယ်ဒီတာရဲ့သဘောဘဲ ဆင်ကလောင်ရှင်(သို့ ) နာမည်ရစာရေးဆရာတွေကလွဲလို့ 
သာမန်လူတွေအနေနဲ့ပြန်လည်ချေပခွင့် လုံးဝမရခဲ့ပါဘူး။
 
ဒီကနေ့ တော့ ဆရာ့ဆရာကြီး မောင်စူးစမ်း၏ " ပွဲဆူသောခေတ်၏နိဂုံး" ဆောင်းပါးကို
NLD နဲ့ တကွ လူလုတရပ်လုံးကို စော်ကားလွန်းတာကြောင့် မေးခွန်းတချို့ ပြန်လည်မေးမြန်း တုန့် ပြန်လိုက်ပါရစေခင်ဗျာ။
 
ကိုယ့်ကိုယ်တိုင်ကိုက NLD စီအီးစီ အဖြစ်နေရာယူခဲ့ဘူးပြီး၊
မော်လမြိုင်မြို့ နယ် အမတ်အရွေးခံ ခဲ့ပါရက်နဲ့ အဘယ့်အတွက်ကြောင့် . . .
 
ပကတိအစစ်အမှန်ဖြစ်သော စစ်တပ်ကကြိုးကိုင်မည့် အနာဂါတ်နိုင်ငံရေး(၀ါ) ပါတီစုံဒီမိုကရေစီ နိုင်ငံရေးကို
မစူးမစမ်းဘဲ၊ ရှုမြင်သုံးးသပ်ကာ ဟိုပေါင်ကူး ဒီပေါင်ကူး လုပ်နေပါသနည်း။
 
၁၉၉၀ ရွေးကောက်ပွဲအပြီး ကောက်ကျစ်လိမ်လည်သော စစ်အုပ်စု၏နိုင်ငံရေးညစ်ပတ်မှုများကို
ကိုယ်တွေ့ ခံလာခဲ့ဘူးပါရက်နဲ့ အဘယ်အတွက်ကြောင့် ရွေးကောက်ပွဲ ရှုမြင်ပုံ (၅)မျိုးကို
လော်လီရေးသားကာ မျက်ပြောင်တိုက် ဖော်လံဖား နေရပါသနည်း။
 
ပါတီဝင်များနှင့် ရွေးကောက်ပွဲ ၀င်မည့်ကိုယ်စားလှယ်လောင်းများသည် နိုင်ငံ့ဝန်ထမ်းများမဖြစ်စေရ၊
ဟုရွေးကောက်ပွဲဥပဒေတွင်ပါရှိနေပါလျက်၊ ဦးသိန်းစိန်နဲ့ တကွစစ်အုပ်စုဘောင်းဘီကျွတ်များကတော့
ထိုဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာ ဆရာ့ဆရာကြီးမောင်စူးစမ်းနဲ့ တကွရွေးကောက့်ပွဲ
ဝင်ကြမည့် အဘယ်ပါတီများကမှ ပကတိဖြစ်တည်မှုအမှန်တရားအတိုင်း ရှုမြင်သုံးသပ်ကာ
ရဲရဲတင်းတင်း ထိရောက်စွာ ကန့် ကွက်ခြင်းမရှိကြပါသနည်း။  ဒီမှာတင် စမှားနေကြပါပြီ

ဦးသုဝေ တယောက်ကတော့ ဒီကိစွုကို တမြန်မနေ့ က ဧရာဝတီအင်တာဗျူးမှာ  အတိအလင်းဝန်ခံသွားရှာပါတယ်။
ဒါက ၂၀၁၀ ရွေးကောက်ပွဲရဲ့  မတရားမမျှတတဲ့ တဘက်စောင်းနင်း ဥပဒေမဲ့ လုပ်ရပ်တွေအများကြီးထဲက တခုပေါ။့
 
၂၀၁၀ ရွေးကောက်ပွဲကို တခြားတခြားသော နိုင်ငံများ၏ ရွေးကောက်ပွဲအကြိမ်ကြိမ်လုပ်ခဲ့ဘူးသော
အာဏာရှင်များကို လေ့လာသုံးသပ်နေစရာမလိုဘဲ၊ ဗိုလ်နေ၀င်းနဲ ဗိုလ်သန်းရွှေတို့ ပေးတဲ့
နည်းပေါင်းစုံကလိမ်ကျစ် အာဏာတည်မြဲရေး သင်ခန်းစာများနဲ့တင် လုံလောက်စွာ သုံးသပ်နိုင်ပါတယ်။
 
ထောက်ပြစရာ ချေပစရာအချက်အလက်အများအပြားတွေ့ ရှိနေသော်လည်းကို အကျဉ်းချုပ် လိုရင်းကိုသာ တင်ပြလိုက်ပါတယ်။
တိုတိုပြောရရင်တော့ NLD သည်လူထုအပေါ် ကတိသစွုာတည်၏။
ထို့ ကြောင့် ရွှေဂုံတိုင်မူဝါဒကို ဆုပ်ကိုင်ကာ လူထုဆနွုနှင့်အညီ သိကွုာရှိစွာ ရပ်တည်၏

မစူးမစမ်း မောင်စူးစမ်းကား ဗိုလ်သန်းရွှေ တို့ အကြိုက် ဖော်လံဖားစိတ်ထားဖြင့် အဆင့်အတန်းမရှိ
ဘရန်းဘတာ ၀ါဒသမားဖြစ်လေ၏ ။
အသက်ကြီးကာမှ သီလကြောင်ကာ လေလုံးထွားနေခြင်းသာဖြစ်ပြီး၊

ဒီအသက်အရွယ်ကြီးရောက်နေကာမှ ထမင်းတလုပ်(၀ါ) စည်းစိမ်တရစ်အတွက် မိမိတသက်လုံး ထိမ်းလာသော
လူထုအတွက် ရပ်တည်ချက်အား အဘယ်သို့သောအကြောင်းများကြောင့် ရောင်းစားနေပါသနည်း။    

မောင်မောင်စိုး
အောက်တိုဘာ(၁၅)ရက်၊၂၀၁၀။.

0 comments: