Friday, October 15, 2010

ကြိုတင်မဲများ ထောင်မှလွတ်မြောက်မည့်သူများမှ ရရှိရန် စစ်ခွေးအစိုးရကြိုးပမ်းနေ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အချုပ်သူ၊ အချုပ်သားဦးရေများ စာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာလ ပထမပတ်အထိ ၆၀၀၀ ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ရရှိသောသတင်းများအရ သိရသည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အချုပ်ခံရသူများစာရင်းကို အကျဉ်းဦးစီးဌာနအနေဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ တင်ပြလျက်ရှိရာ အောက်တိုဘာလ ပထမပတ်အထိ အချုပ်ခံရသူဦးရေ ၆၀၀၀ ကျော်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် အကျဉ်းထောင်စခန်းအားလုံးမှ လွတ်မြောက်မည့် အကျဉ်းသူ၊ အကျဉ်းသားများသည်လည်း ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲပေး၍ ရသည့်အတွက် သက်ဆိုင်ရာ ထောင်အုပ်စု၊ အကျဉ်းထောင်၊ ညွှန်ချုပ်ရုံးများမှနေ၍ နိုဝင်ဘာလ ၇ ရက်နေ့တွင် လွတ်မြောက်မည့်သူများ၏ စာရင်းကိုပြုစုလျက်ရှိကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: