skip to main |
skip to sidebar
နိုဝင်ဘာ
၇ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်
မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနအောက်ရှိ အကျဉ်းထောင်များနှင့်
အလုပ်စခန်းများရှိ ရွေးကောက်ပွဲရက်အနီးတစ်ဝိုက်တွင်
လွတ်ရက်စေ့မည့်သူများအား လျှော့ရက်စည်းမျဥ်း ၊စည်းကမ်းများနှင့်အညီ
အကျဥ်းသားအကျဉ်းသူ ၂,၅၀၀ခန့် လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲရက်ပြီးမှ
လွတ်ရက်စေ့မယ့်သူတွေကို မဲပေးနိုင်အောင် အထူးလျှော့ရက်တွေနဲ့
လွှတ်ပေးမှာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းသားတွေကို ခုလ ၈ ရက်ထဲက
စလွှတ်နေပါပြီ။ နိုဝင်ဘာ ၇ ရက်မတိုင်ခင်ထိ သူ့ရက်အလိုက်
တဖြည်းဖြည်းနဲ့လွှတ်ပေးသွားမှာ။ အကျဉ်းသားမျိုးစုံပါမှာပါ”
ဟုအကျဉ်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်ကပြောသည်။ အကျဉ်းကျခံနေရသည့်
အကျဉ်းသားများအပြင် ဥပဒေအရ မဲပေးခွင့်ရှိသော အချုပ်သူအချုပ်သား ၆,၀၀၀
ကျော်ကလည်း ၎င်းတို့ရောက်ရှိနေသည့် အကျဥ်းစခန်းများမှနေပြီး
သာမန်ပြည်သူများနည်းတူ မဲရုံများတွင် မဲပေးခွင့်ရရှိမည်ဖြစ်သည်။
အချုပ်သားဆိုသည်မှာ အမှုရင်ဆိုင်နေရဆဲဖြစ်ကာ တရားရုံးက
ပြစ်မှုထင်ရှားကြောင်း အမိန့်မချမှတ်ရသေးသူများဖြစ်ပြီး
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၅၄ တွင် ပြဌာန်းထားသည့်အတိုင်း
သက်ဆိုင်ရာမဲဆန္ဒနယ်၏ပြင်ပတွင် ရောက်ရှိနေသောပုဂ္ဂိုလ်များသည်
သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီး၌ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်
မဲပေးခွင့်ရှိကြောင်းပြဌာန်းထားသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ
အကျဉ်းထောင်နှင့် အလုပ်စခန်းများမှ တစ်ပတ်လျှင် အပတ်စဉ်
အကျဉ်းသားအ၀င်အထွက် ၁၀၀၀ နှင့် ၁၂၀၀ ဦးကြားရှိကြောင်း သိရသည်။
Written By
- ငြိမ်းငြိမ်းနိုင်
Credit - 7Day News Journal,.
0 comments:
Post a Comment