ကမ္ဘာအနှံ
ဘလော့ဂါ ရေးသားခြင်းမှာ မိမိကိုယ်ပိုင်မက် ဆေ့ခ်ျ သတင်းစကားကို လွတ်လပ်စွာ
ပျံ့နှံစေတဲ့နည်း လမ်းတစ်ခု ဖြစ်သည်။ သို့သော် အီရန်မှသည် ဗီယက်နမ် အထိ
အာဏာရှင် နိုင်ငံ အများအပြားက ဘလော့ဂါများရဲ့ သတင်းစကားနှင့် အမြင်များကို
နည်းမျိုးစုံဖြင့် ပိတ်ပင်ပြီး ထောင်ချလျက် ရှိသည်။
အီဂျစ်နိုင်ငံသား
ဘလော့ဂါ Wael Abbas မှာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နှင့်
နယ်စည်းမခြား သတင်းထောက်များ အဖွဲ့တို့မှ ချီးမြှင့်သော ဘလော့ဂါ ဆုများ
ရရှိထားသူ ဖြစ်သည်။ သူ့ရဲ့ ‘အီဂျစ်သား နိုးကြားလော့’ အမည်ရ ဘလော့မှာ
အီဂျစ်နိုင်ငံ လမ်းများပေါ်တွင် ရဲများရဲ့ နှိပ်စက်မှုများ၊
အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများ၊
အကျဉ်းထောင်များအတွင်း ရက်စက်မှုများကို ဗွီဒီယို ဓါတ်ပုံများနှင့်တကွ
တကမ္ဘာလုံး အာရုံစိုက်အောင် တင်ပြနိုင်သူ ဖြစ်သည်။
ဘလော့ဂါ
Abbas က “မီဒီယာ လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတွေမှာ ဘလော့တွေက မရှိမဖြစ်
အရေးပါလာတယ်။ ပင်မ မီဒီယာတွေ ထိန်ချန်ထားတဲ့ သတင်းတွေကို ဘလော့တွေက
တစ်ဦးချင်း ကိုယ်ပိုင် ဖွင့်ချကြတယ်။ တစ်နည်း ပြောရရင် ပင်မ မီဒီယာက
ဘလော့တွေလို့တောင် ဆိုနိုင်ပါတယ်။ သတင်းဌာနတွေက သတင်းရဖို့ ဘလော့ဂါတွေဆီက
ပြန်နှိုက်ရတယ်။ အီဂျစ်မှာ လူအများရှေ့ ကင်မရာ ပေါ်တင် ရိုက်ခွင့်မရှိဘူး။
ဒီကြားထဲက အီဂျစ်ဘလော့ဂါတွေက စွန့်စားပြီး ဓါတ်ပုံသတင်းတွေ တင်ပေးနေကြတာ”
ဟု စီအင်အင် သတင်းကို ပြောပြသည်။
နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ အာရှပိစိဖိတ်ဆိုင်ရာ ဒါရိုက်တာ T.
Kumar က “အာဏာရှင်တွေက ဘလော့ဂါတွေကို ဖမ်းဆီးနေတော့ ‘မြေအောက် ဘလော့ဂါ’
ဆိုသူတွေ ပေါ်လာတယ်။ ဘလော့ဂါတွေဟာ အာဏာရှင်တွေကိုသာမက အရိုးစွဲနေတဲ့
လူ့အဖွဲ့အစည်းများရဲ့ အလေ့အကျင့်ဟောင်းတွေ ပိတ်ဆို့တားမြစ်မှု မျိုးစုံကို
သတ္တိရှိရှိ ဖောက်ထွက်နေသူများ ဖြစ်တယ်” လို့ ပြောဆိုခဲ့သည်။
သတင်း။ CNN(maukkha)
.
0 comments:
Post a Comment