Wednesday, June 09, 2010

ရိုးရိုး မီတာပုံးတောင်မှ မီးမမှန်ပဲနဲ့ ဒီဂျစ်တယ်မီတာပုံးလုပ်ချင်နေသေး

ကြိုတင် ငွေပေးကတ်စနစ်ဖြင့် အသုံးပြုရမည့် ဒီဂျစ်တယ်မီတာပုံးများကို ပြည်တွင်း၌ စတင်ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ၁-၆-၁၀ ရက်က သိရသည်။ အဆိုပါ မီတာပုံးများကို ပြည်တွင်း နည်းပညာအများအပြား ထုတ်လုပ်မည့် ရတနာပုံ ဆိုက်ဘာစီးတီးမှ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ ရတနာပုံ ဆိုက်ဘာစီးတီးရှိ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော Fisca Enterprise က ၄င်း ဒီဂျစ်တယ် အိမ်သုံး လျှပ်စစ်မီတာ ပုံး များကို ထုတ်လုပ်နေကြောင်း ရတနာပုံတယ်လီပို့မှ စုံစမ်းသိရှိရသည်။ ၄င်းစနစ်မှာ ဒီဂျစ်တယ် မီတာပုံးထားရှိပြီး ကြိုတင် ငွေပေးချေကတ် (Prepaid Card) စနစ်ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ် အိမ်သုံးလျှပ်စစ် မီတာပုံးများဖြစ်၍ ကြိုတင်ငွေပေးချေ ကတ်ကို ဖုန်ကတ်များ ဝယ်ယူ သုံးစွဲသကဲ့သို့ အသုံးပြုသွားရမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဒီဂျစ်တယ် အိမ်သုံးလျှပ်စစ် မီတာပုံးများအား ရတနာပုံ ဆိုက်ဘာစီးတီး အခြေစိုက် Fisca Enterprise အောက်ရှိ Pan Myanmar ကုမ္ပဏီက ထုတ်လုပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နည်းပညာကို အခြေခံ သွားမည် ဖြစ်ကြောင်း သိရသည်။ မီတာတွင် ကတ်စနစ်ဖြင့် အသုံးပြုမည်ဖြစ်၍ Prepaid Card တန်ဖိုး ကုန်ဆုံးတော့မည် ဆိုပါက အချက်ပေးမည် ဖြစ် ကြောင်း၊ ၄င်းဒီဂျစ်တယ် အိမ်သုံးလျှပ်စစ်မီတာ သုံးစွဲခြင်းဖြင့် မီတာခ သွားရောက်ဆောင်စရာ မလိုတော့ကြောင်း သိရသည်။ လက်ရှိ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ၄င်းလုပ်ငန်းများအပြင် ဖိုင်ဘာကေဘယ်လ် စက်ရုံများ၊ မိုဘိုင်းဖုန်း စက်ရုံများ လည်ပတ်လျက်ရှိပြီး ဆက်သွယ်ရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း၊ ရတနာပုံတယ်လီပို့ကို နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စက်ရုံ လုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများအပြင် လူ့စွမ်းအား အရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းများကိုလည်း သင်ကြားပေးခြင်းများ ရှိကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: