Thursday, November 07, 2013

ပြည်သူ့အသံကို ရင်နှင့်ခံစားနားထောင်စေလိုပါသည်

Jade Charm's photo.
“ဖြန်း…. ဖြန်း”

“ကဲ.. မှတ်ပလား… ဟင်… ။ လူကြီးကကောင်းဖို့လုပ်တာ ကလန်ကဆန်လုပ်ချင်အုန်းဟဲ့”

“အီး…. ဟီး.. … ဟီး…. ဝါးးးးးးး”

“ဖြန်း…”

“မငိုနဲ့… နင့်အသံတစ်စက်မှထပ်မထွက်နဲ့.. နင်ငိုရင်ငါထပ်ရိုက်မယ်…. ငိုအုန်းမလား နောက်ထပ်… ဟင်.. ကဲဟယ် ကဲဟယ်… ငိုရဲရင်ငိုစမ်း…”

“အင့်… ဟင့်…”

နာကျည်းစွာ မျက်ရည်ကျနေသောကလေးငယ်မှာ ရှိုက်သံမထွက်အောင် အံကြိတ်ထားရသည်။ သူ လက်မခံနိုင်သော အကြောင်းကိစ္စအတွက် အရိုက်ခံရပြီးပြီ။ နောက်ထပ်သူငိုလျှင်လည်း ထပ်အရိုက်ခံရဦးမည်မဟုတ်လား။

အချို့သောမိဘများသည် ကလေးသူငယ်အခွင့်အရေးကို နားလည်ဖို့ဝေးစွ၊ ရှိမှန်းပင်မသိကြ။ သားသမီးဟူသည် မိဘမှမွေးထုတ်ထားသောကြောင့် မိဘအပိုင်ပစ္စည်းကဲ့သို့သာ သဘောထားခြင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ 

ကလေးငယ်၏ငိုကြွေးခြင်းသည် သူ့စိတ်ခံစားချက်များကို ဖော်ထုတ်ပြသခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် အားအင်ချိနဲ့ခြင်း၊ ထိခိုက်ခံစားရခြင်း၊ ဂရုစိုက်ခံလိုခြင်းများကို ပြောပြလိုရင်းဖြစ်သည်။ သူ့တွင် ထိခိုက်နာကျင်နေပြီးဖြစ်သည်ဟုသာ ဆိုလိုသည်။ သို့သော် ယင်းခံစားချက်များကိုပင် မိဘကိုယ်တိုင်က အပြစ်ရှိသည်ဟုသတ်မှတ်ပြီး ထပ်မံနာကျင်အောင် ပြောဆိုရိုက်နှက်ခြင်းသည် သားသမီး၏စိတ်နှလုံးတွင် မပျောက်ပျက်နိုင်သောဒဏ်ရာ စွဲသွားအောင် ပြုမူလိုက်ခြင်းသာဖြစ်သည်။ 

‘မိဘထံမှ တောင်းဆိုလိုရင်းဖြစ်သောငိုကြွေးခြင်းအတွက် ထပ်မံဆူပူအပြစ်ပေးခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ကြီးစွာချိုးဖောက်ခြင်းဖြစ်ပါသည်’ .. ဤစကားသည် ရှင်းလင်းသောကြောင့် မည်သူမဆိုလွယ်ကူစွာ နားလည်လက်ခံနိုင်ပါလိမ့်မည်။ 

ယင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်တို့လည်း နားလည်သိရှိမည်ဆိုပါက 
“ယခင်အစိုးရလက်ထက်က ပြည်သူအတွက် အစစအရာရာ အရှုံးခံ အနစ်နာခံ ဆောင်ရွက်မှုများကြောင့် အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်”  နှင့်
“ဆန္ဒပြသူတွေက ပြည်သူကိုသာ ကိုယ်စားပြုတယ်ဆိုရင် ထိုင်ရှိခိုးပစ်လိုက်မယ်။ သူတို့က ဘယ်သူကိုကိုယ်စားပြုပြီးဆန္ဒပြမှာလဲ။ အစိုးရဘာလုပ်လုပ် အမြင်ကတ်တဲ့အနေနဲ့ ဆန္ဒပြမှာလား၊ ဘယ်သူ့ကိုကိုယ်စားပြုသလဲဆိုတာ စဉ်းစားဖို့လိုတယ်၊ သူတို့က ပြည်သူ့နာမည်ကို ကိုင်ရိုက်နေတာ” ဆိုတာမျိုးတွေ ပြောထွက်ကြမည်မဟုတ်ပါ။ 

ဆန္ဒပြနေသောအသံများသည် ပြည်သူများ၏ ရင်နှင့်ခံစားရသော ငိုကြွေးသံများဖြစ်ပါသည်။ ယင်းကိုလစ်လျှူရှုခြင်း၊ ပြင်းထန်စွာတုန့်ပြန်ခြင်းသည် ငိုကြွေးနေသောသားသမီးကို ထပ်မံအပြစ်ပေးခြင်းသာဖြစ်သည်။ 

ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပေးခဲ့တုန်းက မည်သူမျှ ဆန္ဒမပြပါ။ ထို့အတွက် နိုင်ငံတော်သမ္မတကြီးနှင့်တကွ အစိုးရအဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ခဲ့သည်ချည်းဖြစ်သည်။ ပြည်သူများအားလုံး ကိုယ်ပိုင်ကားဝယ်မစီးနိုင်သေးသည့်တိုင်အောင် အဲယားကွန်းအေးသော၊ သန့်ပြန့်သော အငှားယာဉ်အသစ်များ ငှားစီးနိုင်သည်။ နိုင်ငံတော်မှ အခွန်ငွေ အမြောက်အမြားရရှိသည့်အပြင် (ကားဈေးများ ပြည်ပနိုင်ငံများထက် ကြီးမြင့်နေသေးသော်လည်း) ပြည်သူနှင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် Win-Win situation မျိုးဖြစ်သည်။ 

မီတာခတက်ခြင်းသည် ကုန်ထုတ်လုပ်သောလုပ်ငန်းရှင်များကိုသာ ထိခိုက်မည် ဟု ဆိုပါသော်လည်း ထုတ်ကုန်များဈေးမြင့်သဖြင့် ဝယ်ယူသုံးစွဲသူများကိုပါ ထိခိုက်မည်ဖြစ်သည်။ ဆပ်ပြာမှုန့်ထုတ်လုပ်မှု ကုန်ကျစားရိတ်မြင့်တက်လျှင် ဆပ်ပြာမှုန့်သုံးစွဲ ၍ အဝတ်လျှော်သော မီးမရှိသည့်အရပ်မှ အိမ်ရှင်မသည်လည်း လျှပ်စစ်မီးမသုံးစွဲသည့်တိုင် မီတာခတက်ခြင်းကို ခံစားရမည်ဖြစ်သည်။ 

ကျေးဇူးပြု၍ ရင်နှင့်ရင်းသော ပြည်သူ့အသံကို ရင်နှင့်ခံစားနားထောင်စေလိုပါသည်…။

Photo credit - @[572451922:2048:Soe Zeya Tun]
“ဖြန်း…. ဖြန်း” “ကဲ.. မှတ်ပလား… ဟင်… ။ လူကြီးကကောင်းဖို့လုပ်တာ ကလန်ကဆန်လုပ်ချင်အုန်းဟဲ့” “အီး…. ဟီး.. … ဟီး…. ဝါးးးးးးး” “ဖြန်း…” “မငိုနဲ့… နင့်အသံတစ်စက်မှထပ်မထွက်နဲ့.. နင်ငိုရင်ငါထပ်ရိုက်မယ်…. ငိုအုန်းမလား နောက်ထပ်… ဟင်.. ကဲဟယ် ကဲဟယ်… ငိုရဲရင်ငိုစမ်း…” “အင့်… ဟင့်…” နာကျည်းစွာ မျက်ရည်ကျနေသောကလေးငယ်မှာ ရှိုက်သံမထွက်အောင် အံကြိတ်ထားရသည်။ သူ လက်မခံနိုင်သော အကြောင်းကိစ္စအတွက် အရိုက်ခံရပြီးပြီ။ နောက်ထပ်သူငိုလျှင်လည်း ထပ်အရိုက်ခံရဦးမည်မဟုတ်လား။ အချို့သောမိဘများသည် ကလေးသူငယ်အခွင့်အရေးကို နားလည်ဖို့ဝေးစွ၊ ရှိမှန်းပင်မသိကြ။ သားသမီးဟူသည် မိဘမှမွေးထုတ်ထားသောကြောင့် မိဘအပိုင်ပစ္စည်းကဲ့သို့သာ သဘောထားခြင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ကလေးငယ်၏ငိုကြွေးခြင်းသည် သူ့စိတ်ခံစားချက်များကို ဖော်ထုတ်ပြသခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် အားအင်ချိနဲ့ခြင်း၊ ထိခိုက်ခံစားရခြင်း၊ ဂရုစိုက်ခံလိုခြင်းများကို ပြောပြလိုရင်းဖြစ်သည်။ သူ့တွင် ထိခိုက်နာကျင်နေပြီးဖြစ်သည်ဟုသာ ဆိုလိုသည်။ သို့သော် ယင်းခံစားချက်များကိုပင် မိဘကိုယ်တိုင်က အပြစ်ရှိသည်ဟုသတ်မှတ်ပြီး ထပ်မံနာကျင်အောင် ပြောဆိုရိုက်နှက်ခြင်းသည် သားသမီး၏စိတ်နှလုံးတွင် မပျောက်ပျက်နိုင်သောဒဏ်ရာ စွဲသွားအောင် ပြုမူလိုက်ခြင်းသာဖြစ်သည်။ ‘မိဘထံမှ တောင်းဆိုလိုရင်းဖြစ်သောငိုကြွေးခြင်းအတွက် ထပ်မံဆူပူအပြစ်ပေးခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ကြီးစွာချိုးဖောက်ခြင်းဖြစ်ပါသည်’ .. ဤစကားသည် ရှင်းလင်းသောကြောင့် မည်သူမဆိုလွယ်ကူစွာ နားလည်လက်ခံနိုင်ပါလိမ့်မည်။ ယင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်တို့လည်း နားလည်သိရှိမည်ဆိုပါက “ယခင်အစိုးရလက်ထက်က ပြည်သူအတွက် အစစအရာရာ အရှုံးခံ အနစ်နာခံ ဆောင်ရွက်မှုများကြောင့် အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်” နှင့် “ဆန္ဒပြသူတွေက ပြည်သူကိုသာ ကိုယ်စားပြုတယ်ဆိုရင် ထိုင်ရှိခိုးပစ်လိုက်မယ်။ သူတို့က ဘယ်သူကိုကိုယ်စားပြုပြီးဆန္ဒပြမှာလဲ။ အစိုးရဘာလုပ်လုပ် အမြင်ကတ်တဲ့အနေနဲ့ ဆန္ဒပြမှာလား၊ ဘယ်သူ့ကိုကိုယ်စားပြုသလဲဆိုတာ စဉ်းစားဖို့လိုတယ်၊ သူတို့က ပြည်သူ့နာမည်ကို ကိုင်ရိုက်နေတာ” ဆိုတာမျိုးတွေ ပြောထွက်ကြမည်မဟုတ်ပါ။ ဆန္ဒပြနေသောအသံများသည် ပြည်သူများ၏ ရင်နှင့်ခံစားရသော ငိုကြွေးသံများဖြစ်ပါသည်။ ယင်းကိုလစ်လျှူရှုခြင်း၊ ပြင်းထန်စွာတုန့်ပြန်ခြင်းသည် ငိုကြွေးနေသောသားသမီးကို ထပ်မံအပြစ်ပေးခြင်းသာဖြစ်သည်။ ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပေးခဲ့တုန်းက မည်သူမျှ ဆန္ဒမပြပါ။ ထို့အတွက် နိုင်ငံတော်သမ္မတကြီးနှင့်တကွ အစိုးရအဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ခဲ့သည်ချည်းဖြစ်သည်။ ပြည်သူများအားလုံး ကိုယ်ပိုင်ကားဝယ်မစီးနိုင်သေးသည့်တိုင်အောင် အဲယားကွန်းအေးသော၊ သန့်ပြန့်သော အငှားယာဉ်အသစ်များ ငှားစီးနိုင်သည်။ နိုင်ငံတော်မှ အခွန်ငွေ အမြောက်အမြားရရှိသည့်အပြင် (ကားဈေးများ ပြည်ပနိုင်ငံများထက် ကြီးမြင့်နေသေးသော်လည်း) ပြည်သူနှင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် Win-Win situation မျိုးဖြစ်သည်။ မီတာခတက်ခြင်းသည် ကုန်ထုတ်လုပ်သောလုပ်ငန်းရှင်များကိုသာ ထိခိုက်မည် ဟု ဆိုပါသော်လည်း ထုတ်ကုန်များဈေးမြင့်သဖြင့် ဝယ်ယူသုံးစွဲသူများကိုပါ ထိခိုက်မည်ဖြစ်သည်။ ဆပ်ပြာမှုန့်ထုတ်လုပ်မှု ကုန်ကျစားရိတ်မြင့်တက်လျှင် ဆပ်ပြာမှုန့်သုံးစွဲ ၍ အဝတ်လျှော်သော မီးမရှိသည့်အရပ်မှ အိမ်ရှင်မသည်လည်း လျှပ်စစ်မီးမသုံးစွဲသည့်တိုင် မီတာခတက်ခြင်းကို ခံစားရမည်ဖြစ်သည်။ ကျေးဇူးပြု၍ ရင်နှင့်ရင်းသော ပြည်သူ့အသံကို ရင်နှင့်ခံစားနားထောင်စေလိုပါသည်…။ Photo credit - @[572451922:2048:Soe Zeya Tun]