Friday, September 20, 2013

မြန်မာနိုင်ငံသားခြင်းအတူတူပေမယ့် ဥပဒေမတူ

ရန်ကုန်မှာ သူဌေးတွေ Day Club ကလပ်ဖွင့်ပြီး လိုင်စင်မဲ့အရက်ရောင်းတော့ ခံဝန်ချုပ်၊၀န်းသိုမှာ ဆင်းရဲသားတွေ လိုင်စင်မဲ့အရက်ရောင်းတော့ ထောင်ကျ(ဟာဂျူလီ-ကသာ)
*****************************************
၂၀၁၃ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ၀န်းသိုမြို့နယ် တရားရုံးက ယစ်မျိုး(၃၀)ရဲ့ တရားခံတွေဖြစ်တဲ့ခင်အုန်း(၄၀)နှစ်၊ခင်ထားလွင်
(၃၃)နှစ် နဲ့(၂၃)နှစ်တို့ ကို ထောင်(၇)ရက်စီ ကျခံစေဖို့ စီရင်ချက်ချခဲ့ပါတယ်၊သူတို့ ကျူးလွန်တဲ့ အပြစ်ကတော့ သူတို့ ဆိုင်မှာ လိုင်စင်မဲ့အရက်ရောင်းချလို့ ၀န်းသိုရဲစခန်းက
သတင်းအရ ၀င်ရောက်ရှာဖွေရာ အရက်(၅)ပုလင်းစီ တွေ့ရှိခဲ့လို့ အခုလို ဥပဒေနဲ့အညီ စီရင်ချက် ချလိုက်ရတာလို့ဆိုပါတယ်၊ ရလာတဲ့ ဒီသတင်းလေး ကို ရေးရင်းနဲ့
ရန်ကုန်က သူဌေးတွေ Day Club ကလပ်ဖွင့်ပြီး လိုင်စင်မဲ့(ပြည်တွင်း ပြည်ပ)အရက်တွေ ရောင်းတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ခံဝန်ချုပ်လုပ်ခဲ့တဲ့ သတင်းကို တွေးမိလိုက်ပါတယ်၊
ဘာကြောင့် အရက်မိတာချင်း အတူတူ ပြစ်မှုနဲ့ ပြစ်ဒါဏ်က ကွာခြားရတာလဲလို့ပေါ့၊ ပြီးတော့မှ အဖြေတစ်ခုရလာပါတယ်၊ သြော် ဟိုဟာက ရန်ကုန်တိုင်းဒေသကြီး..၊ဒီဟာက
စစ်ကိုင်းတိုင်ဒေသကြီး..၊ဒီလောက် တိုင်းခြားမြေခြား ကွာခြားနေမှတော့ မြန်မာနိုင်ငံဥပဒေဟာလည်း ဒီလောက်တော့ ကွာခြားသွားမှာပေါ့....ဟူ၍။(ဟာဂျူလီ-ကသာ)