Friday, July 26, 2013

သားကြီးရာ....

( Credit - သံလွင် ရရစ် )
--------------------------------

စစ်ထဲဝင်ရင် စစ်တိုက်ရမယ် မတိုက်တဲ့ကောင် 
အနဲဆုံးတော့ ပါးရိုက်ခံရမယ်
တိုက်ချင်တိုက် မတိုက်ချင်လဲတိုက်..
ငါတို့တကယ်စာနာပါတယ်..

ဘယ်သူ့ကို ဘာကြောင့် တိုက်နေတယ် ဆိုတာ မသိတော့ 
မင်းတို့က သတ္တိတွေ ထောင်ပြတယ်..
ဟေ့ကောင် ကရင် ဟေ့ကောင်ရှမ်း ဟေ့ကောင် ကချင်
မင်းတို့ငါ့ကိုဘာထင်သလဲ ပြတိုက်ထဲ ရောက်သွားချင်သလား..
အနာ အနာချင်း မောက်မာပြနေလိုက်တာ..
အထက်အမိန့်အရလား သားကြီးရာ..

ငါတို့က တောထဲ မှာ သေနတ်ကိုင်ပီးစစ်ထွက်မတိုက်ဖူးပါဘူး..
ဒါပေမယ့် လက်နက်အပြည့်အစုံနဲ့ ငါတို့အိမ်တွေပေါ်တပ်စွဲထားတဲ့ ..
အာဏာရှင်စနစ်ကိုတော့ လက်ဗလာနဲ့ တွန်းချခဲ့ဖူးတာပေါ့...

မင်းတို့ ခေါင်းဆောင်တွေ ပြောတဲ့ ရန်သူတွေ ပြည်ဖျက်တွေ
ပြည်ပအားကိုးပုဆိန်ရိုးတွေက .
အခုတော့ မင်းတို့ လက်ဆွဲမနှုတ်ဆက်ဖူးတဲ့
ခေါင်ဆောင်ကြီးတွေနဲ့ ဖက်လှဲတကင်း ပါလား သားကြီးရာ...

အာဏာရှင်ကို ကိုးကွယ် ဘုန်းကြီးကျောင်း ဝင်စီးဖို့ 
အားပေးတာလဲ မင်းတို့ပါပဲ
အခုမှ ဘာသာ သာသနာကိုထိရင် မီးပွင့်သွားမယ်ဆိုတာလဲ မင်းတို့ပါပဲ
အခုတမျိုး တော်ကြာတစ်မျိုးလို့ စွပ်စွဲရင် 
မင်းတို့ကို နှိမ်ရာကျမှာ မို့ ..အသာပဲနေလိုက်ပါတယ်ကွာ..

မင်းတို့မှာ ပြောစရာစကားရှိတယ်
စုကြည်ကြောင့် ဆန်ရှင်ကြောင့်...

ငါတို့မှာသက်သေပြစရာ ရှိတယ် 
ဟုတ်တယ်အဲဒါတွေအကုန်လုံးစစ်အာဏာရှင် ကြောင့်..

မင်းတို့မှာ အကြောင်းပြစရာရှိတယ် 
ကုလားကြောင့် မွတ်စလင်ကြောင့်...

ငါတို့မှာ သက်သေပြစရာရှိတယ် ဘင်္ဂလီ ၅သိန်းက ခြံထဲမှာ..
တရုတ် က ငါတို့ဂုတ်မှာ တက်ခွနေတုန်း...

မင်းတို့က ဘေးတီးတယ်..
ဒေါ်စု မပြောဘူးလား မပြောဘူးလား
မောင်မထုတ်သေးဘူးလား..

ငါတို့က ပြန်မေးချင်တယ်
အစိုးရကကော.. ဒီလူတွေ ငါ့လူမျိုးမဟုတ်ဘူးဆိုပီး..
မောင်းထုတ် လို့မရလို့လား??

ဒေါ်စုကို ငပေါလို့ ကမ္ဘာကမြင်သွားရင်..
မင်းတို့ ပါးပါးတွေ မျက်နှာနဲ့ ..
ကမ္ဘာမှာ သောက်ရှက်တွေ အခုထပ် ကွဲအုန်းမှာ မို့
အရာရာချင့်ချိန်သူကို...တမျိုးမထင်ကြနဲ့ကွ..

မင်းတို့ကိုမုန်းလို့ ပြောတယ်ထင်ရင်တော့..
ငါစကားပြော အင်မတန်ညံ့လို့သာမှတ်ပေါ့ကွာ..
ကွမ်းယာဆိုင်က ကလေးမလေးက ဈေးရောင်းရတာ ပျော်နေသတဲ့..
မင်းတို့လိုပဲ စစ်ပွဲကို အရွယ်နဲ့မလိုက်အောင်..
သူတိုက်နေရတယ်ဆိုတာတော့ ..
သတိရပေးပါ ..သားကြီးရာ