Monday, July 22, 2013

ငါတို့မြန်မာပြည်လည်း တရုတ်ဝင်လိုက် ကုလားဝင်လိုက်နဲ့ သာလာယံဇရပ်ကြီးကြနေတာပဲ

တရားမဝင်နေထိုင်သူ တရုတ်နိုင်ငံသား ၈ ဦးကို အရေးယူ

မိုင်းတုံ၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း တရားမဝင် ရောက်ရှိလာသူ တရုတ်နိုင်ငံသား ၈ ဦးကို ဇူလိုင်၁၈ ရက် နေ့ ညနေ၌ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းတုံမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန လက်ထောက် လူဝင်မှုကြီး ကြပ်ရေးမှူး ဦးစိုင်းနောင့်က ပြောကြားသည်။

ဖမ်းဆီးခံရသူများသည် မြန်မာ-တရုတ်နယ်စပ် မိုင်းလားဂိတ်မှ တာချီလိတ်အထိသာ တရားဝင် လာရောက်ခွင့် ပြုထားသူ ခြောက်ဦးနှင့် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြေးဆွဲနေသော တရုတ်ပိုင် ကွမ်လေသင်္ဘောမှ စက်ပြင်ဆရာနှစ်ဦးတို့ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ခြောက်ဦးက Enter Permit (EP) နှင့်ဝင်ပြီး မိုင်းတုံက ရွှေကျင်တဲ့လှေ ကို ပြုပြင်ဖို့လာတယ်လို့ အစစ်ခံတယ်။ နောက်နှစ်ဦးက တရုတ်မှတ်ပုံတင်နဲ့ Passport ပါပေမယ့် ပြည်ဝင်ခွင့် အထောက်အထား မပါဘူး” ဟု ၎င်းကဆိုသည်။

ရွှေကျင်သည့် လှေပြင်ရန် ခေါ်ဆောင်လာစဉ် တာချီလိတ်တွင် ပြည်ဝင်ခွင့် သက်တမ်း ကုန်သွားသူ တရုတ်နိုင်ငံသား ခြောက်ဦးနှင့်အတူ တာချီလိတ် ဆိပ်ကမ်းရောက် တရုတ်စက်ပြင်ဆရာ နှစ်ဦးတို့သည် လိုင်စင်မဲ့ တိုက်ဂါး အမျိုးအစားယာဉ်အမှတ် ၄ဂ/၂၆၅၁နှင့် လိုင်စင်မဲ့ဗီဂို အမျိုးအစား ၄ဂ/၁၉၇၃ တို့ဖြင့် တာချီလိတ်-မိုင်းဆတ်-မိုင်းတုံ လမ်းကြောင်းအတိုင်း မိုင်းတုံမြို့သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း မိုင်းတုံ ရဲတပ်ဖွဲ့စခန်း ရဲအုပ် ဦးစိုးညွန့်အောင်က ပြောကြားသည်။

ဝင်ရောက်လာသူများနှင့် အားပေး ကူညီပို့ဆောင်ခဲ့သူများကို လဝက အက်ဥပဒေများနှင့် အရေးယူသွားမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း လဝက ပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းတင့်က ဆိုသည်။

တရုတ်နိုင်ငံသား ခြောက်ဦးမှာ ဖူလန်ပြည်နယ်သားများဖြစ်ပြီး မိုင်းလား နယ်စပ်ဂိတ်မှ ကျိုင်းတုံ-တာချီလိတ်အထိ ဇူလိုင်၁၂ ရက်မှ ၂၂ရက်နေ့အထိ တရားဝင် သွားလာခွင့် ရှိကြောင်း ၎င်းတို့၏နယ်စပ် ဖြတ်ကျော် ဝင်ရောက်ခွင့် လက်မှတ်ပါ ဖော်ပြထားချက်အရ သိရသည်။

ဖမ်းဆီးထားသူ တရုတ်နိုင်ငံ ဖူလန်ပြည်နယ်နေ ကျန်းရှုပင်ပါ ခြောက်ဦးအား မိုင်းတုံရဲစခန်းက အမှုအမှတ် ၈/၂၀၁၃၊ လဝက အက်၁၃(၁) ဖြင့်လည်းကောင်း၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရောက်ရှိ လာသူ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်နေ ဟွမ်းကျင်းပါနှစ်ဦးအား ၉/၂၀၁၃ လဝကအက်၁၃ (၁) ဖြင့် လည်းကောင်း၊ မိုင်းတုံမြို့မရဲစခန်းတွင် မိုင်းတုံမြို့နယ် လဝက ဦးစီးမှူးက အမှုဖွင့် တရားစွဲဆိုထားပြီး လိုက်လံပို့ဆောင်သူ အိုက်ကျော်နှင့် အိုက်ချန်တို့ကို လိုင်စင်မဲ့ယာဉ်များ လက်ဝယ်တွေ့ရှိမှုဖြင့် သွင်းကုန်/ထုတ်ကုန် ဥပဒေပုဒ်မ (၈)အရ ၁၀/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။