Tuesday, May 14, 2013

မြန်မာတွေ ။ သွေးကောင်းမကောင်း စမ်းကြည့်ချင်လား

Myo Set's photo.
Status: 23.10.2.12

ဗမာလို့ခေါ်တဲ့ မြန်မာတွေကို အထင်အမြင်သေးနေကြသောသူအချို့ရှိတယ်။ နည်းနည်း စာပြန်နွှေးလိုက်ဦးမယ်။ 

 ဒေါက်တာသန်းထွန်းအလိုအရ တိဗက်တို-ဘားမန်း လူမျိုးစု မန်းမန်တွေဟာ မွန်ဂို-တရုတ် အင်ပါယာတွေလက်အောက်က နယ်လှည့်စစ်တိုက်နေတဲ့ လူမျိုးစု။ စစ်တိုက်တော်တယ်။နယ်တကာလှည့်တိုက်နေရတာမပျော်တော့လို့ မြန်မာနိုင်ငံဆိုပြီးဖြစ်လာမယ့်ဖက်ကို ဆင်းချလာခဲ့တယ်။ 

 ဒေသခံမျိုးနွယ်စုတွေကို သိမ်းပိုက်ခဲ့တယ်။ နောက်ပြီး လက်နက်နိုင်ငံတော်တွေကို ထူထောင်ခဲ့တယ်။ ခေတ်ပြိုင်မင်းတွေထဲမှာ အင်အားကြီးတာက မွန် ဖြစ်တယ်။ မွန်နဲ့ နှစ်ပေါင်းများစွာ စစ်ကစားခဲ့တယ်။ နောက် သီးခြားနိုင်ငံတော်က ရခိုင်ဖြစ်တယ်။ ရခိုင်ဟာ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက်မှာ ပျက်သုန်းခဲ့တယ်။ 

 အနော်ရထာကစလိုက်တဲ့ အာဏာစက်ဟာ ဘုရင့်နောင်တောင်ငူခေတ်မှာ အေ၇ှ့တောင်အာရှမှာ လင်းဇင်း၊ ဇင်းမယ်၊ အယုဒ္ဓယ၊ အာသံ၊ မဏိပူရအထိ ကျယ်ပြန့်ခဲ့တယ်။ 

 ဒီလို အနေအထားကို လက်ရှိ ဘယ်တိုင်းရင်းသားကမှ မလုပ်နိုင်ခဲ့ဘူး။ ခေတ်အစဉ်အဆက် လက်နက် ပဒေသရာဇ်နိုင်ငံအဆက်ဆက်ကို ထူထောင်ခဲ့တဲ့လူမျိုးတွေဟာ စစ်တိုက်ကျွမ်းကျင်သူ မြန်မာ များသာ ဖြစ်ခဲ့ကြတယ်။ 

 စစ်တိုက်ကောင်းတဲ့ မြန်မာတွေရဲ့ အဆုံးနိဂုံးဟာ ဘယ်လိုမှမယှဉ်သာတဲ့ ဥရောပပါဝါများးပဲဖြစ်တယ်။ 

 ဒါပေမယ့် အောက်ဗမာပြည်ကျဆုံးအပြီး အထက်ဗမာပြည် ကျဆုံးတဲ့ ၁၈၈၅ ခုနှစ်ကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈အထိ တစ်ကယ့်ကို ဗမာအများစု နေထိုင်တဲ့ဒေသတွေကို အင်္ဂလိပ်က သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တာ ၆၃ နှစ်သာရှိတယ်။ (ဒုတိယကမ္ဘာစစ်ဖြစ်လို့ ဗမာပြေလွတ်လပ်ရေးရတယ်၊ ဘယ်သို့ဘယ်ပုံပြောကြဦးမယ်။ ဒါပေမယ့် အဲ့ဒီခေတ် အားကောင်းလာတဲ့ Armed revolution ကို အင်္ဂလိပ်အစိုးရမလွဲမသွေ ရင်ဆိုင်ရမှာဖြစ်တယ်။)

ုကိုယ့်မင်း၊ ကိုယ့်ချင်းဆိုပြီးနိုင်ငံအဆက်ဆက် ထူထောင်နိုင်တဲ့အရည်အသွေး၊ သူတစ်ပါးရဲ့ မွန်၊ ရခိုင်၊ ထိုင်းယဉ်ကျေးမှုတွေကိုမွေးမြူပြီး သုံးစွဲနိုင်တဲ့အရည်အသွေးတွေရှိတဲ့ လူမျိုးတစ်စုဟာ သာမန်တော့မဟုတ်ဘူး။ 

 ဒီလိုပြောရတာက အာရပ်နိုင်ငံကြားက အစ္စရေးကိုနမူနာယူကြဖို့ တိုက်တွန်းကြတဲ့စေတနာကောင်းသူတွေကို တွေ့ရသလို၊ အလကားနေရင်း ကိုယ့်တိုင်းပြည်ထဲက မြန်မာလူမျိုးတွေကို အပုပ်ချနေတဲ့လူတွေကိုတွေ့ရလို့ဖြစ်တယ်။ 
 ကိုယ့်လူမျိုးကို အလွန်အကျွံအထင်ကြီးစရာလဲမလိုသလို အလကားနေရင်း အထင်သေးဖို့လဲ မလိုဘူး။ ကိုယ့်လူမျိုးရဲ့ အားသာချက် အားနည်းချက်တွေကို သဘောပေါက်ဖို့သာလိုတယ်။ 

 မြန်မာတွေစည်းလုံးတဲ့အနေအထားကို နှစ်ပေါင်း ထောင့်သုံးရာကျော်ထဲမှာ တွက်ချက်ကြည့်လိုက်လျှင် စည်းလုံးတဲ့ကာလစုစုပေါင်းဟာ ရာဂဏန်းမပြည့်ဘူး။ စည်းလုံးတဲ့ကာလတိုင်းမှာလဲ တန်ခိုးအာဏာစက်အင်မတန်ကျယ်ပြန့်အောင်တည်ဆောက်နိုင်ခဲ့ကြတယ်ဆိုတာကို အထင်အရှားတွေ့ရမှာဖြစ်တယ်။ 

 ဒါကြောင့် ဒီအားနည်းချက်ကိုသာ ပြင်ဆင်လိုက်လျှင် အိုအိုင်စီလိုစုပေါင်းစပ်ပေါင်းအဖွဲ့မပြောနဲ့ သူ့အဖေလာလဲ ကိစ္စမရှိဘူး။ ဒါဟာ မြန်မာတွေချည်းကိုပဲ ကွက်ပြောသေးတာဖြစ်တယ်။ မြန်မာတွေနဲ့ ပေါင်းလို့ရတဲ့တိုင်းရင်းသားတွေနဲ့သာ စုစည်းလိုက်ရင် ဘာမှပြောစရာမလိုတော့ဘူး။ 

 တစ်ခုပဲရှိတယ် ဗမာတွေက အုပ်ချုပ်သူတွေဖြစ်ခဲ့တော့ အလကားနေရင်း ဆရာကြီးစိတ်ပေါက်ပြီး အခြားတိုင်းရင်းသားတွေကို မနှိမ်ချဖို့အထူးလိုအပ်တယ်။

 နောက်တစ်ချက်က ဒီ ဘင်္ဂလားကုလားကိစ္စမှာ အစိုးရရဲ့ လုပ်ပေါက်တွေက အချိုးမပြေဘူး။ တိုင်းရင်းသားတွေကို ရန်သူလို သဘောထားတဲ့ မှတ်ချက်တွေတွေ့ရတယ်။ 

 နောက်ပြီး မုတ်ဆိတ်တွေနဲ့ လက်မှတ်ထိုးနေတဲ့ ဗဟုက လူနှစ်ယောက်က သမ္မတအကြံပေးဆိုပြီး ခုံပေါ်တက်ထိုင်နေတော့ကာ ဒီလို မပြတ်မသား၊ အထင်လွဲစရာ ကိုင်တွယ်ပုံတွေ၊ သဝဏ်လွှာတွေ ထွက်လာတာ မထူးဆန်းဘူးလို့ပြောရမယ်။

 နောက်ပြီး တစ်ခုခုဆိုရင် အိုအိုင်စီလိုအဖွဲ့ကို အဖေခေါ်ဖို့ လုပ်နေတဲ့လူတွေကိုတွေ့ရတယ်။ မဖတ်ဖူးသေးလျှင် ကျွန်ုပ်ရေးထားတဲ့ မြန်မာရဲ့ အေ၇ှ့အာရှမဟာဗျူဟာအရ အရေးပါမှုကို ဆက်စပ်လေ့လာဖို့သာ တိုက်တွန်းချင်တယ်။ မြန်မာပြည်ထဲက အရေးကိစ္စ တစ်ခုခုတိုင်းသည် တရုတ်နဲ့ အိန္ဒိယတို့နဲ့ အကြီးအကျယ်ပတ်သက်နေတယ်။ အိုအိုင်စီကို အဖေခေါ်လို့ အဆင်ပြေမယ်လို့ ထင်ကြရင်လဲ သဘောပဲ။ Long Range Missile ရှိတဲ့အာရှစူပါပါဝါ နှစ်နိုင်ငံကြားထဲမှာ အာရပ်နိုင်ငံတွေ ဦးဆောင်တဲ့အဖွဲ့က ကျယ်ရဲမယ်ထင်ရင်လဲ သဘောပေါ့။ အိုအိုင်စီထဲက ပါကစ္စတန်ဆိုတာ အိန္ဒိယတစ်လောက စမ်းပစ်ပြလိုက်တဲ့ တာလတ်နူဒုံးကျည်ကိစ္စနဲ့တင် ခေါင်းကိုက်နေတုန်း။ 

 အနောက်ပါဝါတွေက ရေနံအတွက် အရှေ့အလယ်ပိုင်းမှာ ပြဿနာအမျိုးမျိုးရှာထားလို့ တုန့်ပြန်တာတစ်မျိုးပေါ့။ အခု ဗမာပြေမှာ ကိုယ့်တိုင်းကိုယ့်ပြေထဲမှာနေတာကို အေးအေးဆေးဆေး မနေဘဲ ရေနံရောင်းပြီးရတဲ့ ပိုက်ဆံနဲ့ ဝင်ရှုပ်ချင်ရင်တော့ မသိသေးရင်စမ်းကြည့်ပေါ့လို့ပြောရုံပဲ။ 

 ဗမာတွေကအရင်တုန်းက အေ၇ှ့တောင်အာရှမှာ တွင်ကျယ်ခဲ့တဲ့လူမျိုးတစ်မျိုးပဲ။ သွေးကောင်းမကောင်း စမ်းကြည့်ချင်လဲ သဘောပေါ့။