Wednesday, March 27, 2013

ကိုယ့်နိုင်ငံကို လူမျိုးခြားလက်ထဲ ရောင်းစားသော ကုလားဖန်ခင်များနှင့် သတင်းဌာနများ

ကို Khine Linn

နိုင်ငံက ကောင်းတဲ့ဘက်ကို သွားနေတဲ့ အချိန်မှာ any progress ကို နှေးကွေးစေမယ့် အကြမ်းဖက်မှုတွေကို အားမပေးပါ ။ လူထုဆူပူ အုံကြွမှုတွေ ၊ အဓိကရုန်းတွေကိုလည်း မမြင်လိုပါဘူး ။ဒါပေမယ့် ကိုယ့်လူ သူဘက်သား ဖြစ်နေတဲ့ သူများကိုသပိတ်မှောက် ရှောင်ကြဉ်ဖို့ ရေးတင်တာပါ ။

အဓိကကတော့ အင်္ဂလန်မှာ ရှိနေတဲ့ နိုင်ငံရေးသမားအမည်ခံ လူပုဂ္ဂိုလ်၊ သတင်းဌာနနဲ့ သတင်းစာ တွေပါ ။ အယ်ဂျာဇီးယားကတော့ အစတည်းက သူတို့လူမျိုးဟာမို့ မပြောလိုပါဘူး ။

၂၆ရက်နေ့ထုတ် Internation Business Times သတင်းစာမှာ ဆရာတော်ဦးဝီရသူ ကို မြန်မာဘင်လာဒင် လို့ရေးသလို Fanatical monk လို့လဲသုံးထားပါတယ် ။ BBC ကတော့ bengali broadcasting center ဖြစ်တဲ့ အတွက် မြန်မာကချည်း အမှားလုပ်နေတာပါပဲ ။ Burma (Bengali) Campaign UK က ဘင်္ဂလီအရေး အမြဲတမ်း ကြိုးစားဆောင်ရွက်ပေးတဲ့ Mark Farmanerကတော့ ဘုန်းကြီးကျောင်းများကိုစွပ်စွဲပါတယ် ။ Derek Tonkin အမည်ရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်းကလည်း မြန်မာတွေဟာ လောင်းကစားလုပ်အရက်သောက်ပြီး ငွေမစုနိုင်တဲ့ အတွက် မူဆလင်ဘာသာဝင်တွေကို မနာလိုဖြစ်နေပါတယ်ဆိုပြီး Financial Times သတင်းစာမှာသုံးသပ်ပေးရှာပါတယ် ။

အခြားနိုင်ငံထုတ်သတင်းစာများမှာ အာရပ်၊ အီရန် အစရှိတဲ့ သတင်းစာများကလွဲလို့ ကျန်တာတွေမှာ အလယ်အလတ်က သုံးသပ်ပြလေ့ ရှိကြပေမယ့် အင်္ဂလိပ် သတင်းစာများက အငြိုးအတေးကြီးကြီး လိုက်ဖဲ့နေတာ စိတ်ဝင်စားစရာပါ ။ ဓနသဟာယ နိုင်ငံများထဲကိုမ၀င်ခဲ့တဲ့ တခုတည်းသော နိုင်ငံ ၊ ကိုလိုနီဖြစ်တဲ့ တလျှောက်လုံးမှာလည်း ဘယ်တော့မှ ဦးမကျိုးခဲ့တဲ့ နိုင်ငံမို့လို့ ရန်ငြိုးထားပြီးပဲ လုပ်နေသလား ၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်ကပဲ pro-muslim ဖြစ်နေလွန်းသလားမသိပါ ။
လွတ်လပ်ရေးပေးခါနီးမှာ ကရင်၊ကချင်နဲ့ချင်း တပ်ရင်းများကို အကြီးအကျယ်ဖွဲ့ထားခဲ့ပြီး ဗမာသေနတ်ကိုင်တပ်ရင်းတွေဖွဲ့ ဖို့ကျတော့ အင်တင်တင်လုပ်၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ နောက်ကွယ်မှာလည်းပါသလိုလို ရှိခဲ့ပြီး
နောက်ဆုံး ကရင်တွေကိုတောင် ငါတို့ပြန်လာခဲ့မယ် ခံတိုက်ထားဆိုပြီးပြောခဲ့တာပါ။ တောင်တန်းဒေသမိတ်ဆွေများအဖွဲ့ဆိုပြီးလည်း ဖွဲ့ခဲ့ပါသေးတယ် ။

ဒါတွေက အင်္ဂလိပ်တွေ ထုတ်ဝေတဲ့ ထုတ်ပြန်တဲ့ သတင်းစာ အင်္ဂလိပ်လူမျိုးတွေ မို့လို ဒီလိုမျိုးရေးတယ်ဆိုရင်တောင်
BBC burmese မှာအလုပ်လုပ်နေတဲ့ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များ၊ DVB နဲ့ ဧရာဝတီက နိုင်ငံရေးလုပ်နေတဲ့ မြန်မာများကကော ဘာတွေများ အတွေးချော်ကုန်ကြတာလဲ။ ဆော်ဒီကပေးတာကျွေးတာတွေ အစားလွန်ပြီး အာရပ်သွေးများ ရောကုန်ရော့သလား ။ အားလုံးထိပ်ခေါင်ဖြစ်တဲ့သူကတော့ ဒေါက်တာမောင်ဇာနည် ဆိုသူ ပညာအင်မတန်တတ်တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ ။
ဘင်္ဂလီ များဘက်မှ စာနာထောက်ထားသော ဆောင်းပါးပေါင်းများစွာကို အဆင့်မြင့် သိုးဆောင်းဘာသာနဲ့ ရေးသားပေးပြီး အမျိုးသားရေးလှုပ်ရှားကြသော သံဃာတော်များကို neo-fascist များလို့တမျိုး၊နာဇီလက်သစ်များတဖုံ ရေးသားသုံးသပ်တင်ပြထားတာများကတော့ လက်ဖျားခါစရာကောင်းလှပါတယ် ။ သူ့ကိုယ်ပိုင်ဝက်ဆိုဒ်မှာတင်ယုံမျှမက ဧရာဝတီသတင်းဌာနကြီးကနေလည်း ပယ်ပယ်နယ်နယ် ၀ါဒဖြန့်နေပါသေးတယ် ။
Stop 969, Burma's fastest growing neo-Nazi 'Buddhist' nationalist movement
The way to combat neo-fascist Rakhine and Bama "Buddhist" racism ။ ဒါတွေက သူ့ဆောင်းပါးနာမည်တွေပါ ။
Myanmar's new gate of hell မှာဆိုရင် ဗုဒ္ဓဆင်းတုတော်က စကြာပုံနဲ့ နာဇီအလံက စကြာပုံ swastika (卐) ကိုတောင်ထိပ်ဆုံးမှာ နှိုင်းယှဉ်ပြထားပါသေးတယ် ။

အမျိုးကောင်းသား အမျိုးကောင်းသမီး မြန်မာလူမျိုးများ အနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို နိုင်ငံခြားမှာ ရောင်းစားနေတဲ့
BBC , DVB , ဧရာဝတီ အစရှိတဲ့ သတင်းဌာနများ၊
မောင်ဇာနည်၊ ဝေနှင်းပွင့်သုန် အစရှိတဲ့ ပုဂ္ဂိုလ်များ၊
Burma campaign UK ၊ Arakan Project (အမှန်က ဘင်္ဂလီတွေကို မြန်မာပြည်ကလက်ခံပေးရေးလုပ်နေတာပါ)
စတာတွေကို ရှောင်ရှားသပိတ်မှောက် ကြဖို့ပါ ။ စစ်အစိုးရကို မကျေနပ်တာကတော့ မကျေနပ်တာပေါ့ဗျာ ။ ကျွန်တော်လည်း မကြိုက်ခဲ့ပါဘူး ။
ဒါပေမယ့် အစိုးရကို မကျေနပ်တိုင်း ကိုယ့်နိုင်ငံကို လူမျိုးခြားလက်ထဲ ရောင်းစားတာကတော့ မဟုတ်သေးပါဘူး ။
အခုလည်း အထက်ပါ သတင်းဌာနတွေက မြန်မာပြည်မှာတောင် ရုံးခွဲတွေ လာဖွင့်နေပြီ ဆိုတော့ မြန်မာပြည်သားတွေရဲ့ သဘောထားကိုလည်း သင်းတို့သိအောင် ပြလို့ရပါတယ် ။

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့(ဖေ့ဘုတ်မှ)