skip to main |
skip to sidebar
ငရဲ သား
တချို့ကပြောကြတယ်...။
သံဃာကို မသတ်ရင် အဓိကရုဏ်းဖြစ်ဖို့ အခြေအနေ နည်းတယ်တဲ့..။
ဒါ မှန်ပါတယ်....။
သံဃာသတ်တော့ ဒေါသသင့် အမုန်းတရားတွေက အဓိကရုဏ်းဖြစ်ဖို့ တွန်းအားပါပဲ..။
ဒါပေမယ့် ... အဲဒီအခြေအနေအထိရောက်အောင် .။
ဘုန်းကြီးမသတ်ခင်အထိ အဲဒီဆိုင်တွေဖျက်တာကို ဘာ့ကြောင့် ငြိမ်အောင် မတားနိုင်ကြသလဲ ဆိုတာကိုလည်း .. မြင်အောင်ကြည့် ..။
ရွှေဆိုင်မှာ ပြဿနာတက်ချိန်..။
ဆိုင်ဖျက်ချိန် ...
ဆရာတော် ပျံလွန်တော်မူချိန်...။
အဲဒါတွေအပြင် ...ထူးခြားတာက ..
လက်ပံတောင်းတောင်မှာ သံဃာ့သပိတ်စခန်းတွေ မီးလောင်သွားတဲ့ ဖြစ်ရပ်ကို လက်စလက်န မပေါ်အောင် တမနက်အတွင်း သစ်ပင်တွေပြောင်းစိုက် .. ပြောင်ရှင်းသွားအောင် ရှင်းလင်းနိုင်စွမ်းရှိသူတွေ..။
၁၉၈၈ အရေးအခင်းမှာ မြို့တော်ခန်းမရှေ့က လူသတ်ပွဲကို မနက် ဘာမှမဖြစ်သယောင် အလောင်းကောင်တွေ သွေးလွှမ်းနေတာတွေကို ညတွင်းချင်း ပြောင်ရှင်းသွားအောင် ရှင်းလင်းဆောင်ရွက်နိုင်စွမ်းရှိသူတွေ..။
၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးမှာ သေဆုံးဒဏ်ရာရသူတွေ၊ ဆိုင်ကယ်အပျက်အစီးတွေ အလောင်းတွေ လက်စခြေစတွေ ကို ညတွင်းချင်း ပြောင်ရှင်းသွားအောင် ရှင်းလင်းဆောင်ရွက်နိုင်စွမ်းရှိသူတွေက..။
မိတ္ထီလာက လူသတ်၊ မီးရှို့ထားတဲ့ လမ်းဘေးက အလောင်းကောင်တွေကို တစ်ရက် နှစ်ရက် အထိ မရှင်းလင်းနိုင်ပဲ ဓါတ်ပုံရိုက်၊ မီဒီယာတွေမှာ ဖော်ပြလာတဲ့အထိ ဒီအတိုင်းထားတာတဲ့ အဓိပ္ပါယ်က ... ဘာသဘောပါလဲ..။
တကယ်လို့ အဲဒီ အလောင်းတွေဟာ နေပြည်တော် ရာဇဌာနီ လမ်းမပေါ်မှာဆိုရင်ရော .... ဘယ်နှမိနစ်အတွင်း လာရှင်းမလဲ..။
------------------------------------------------------------------------
နောက်တစ်ချက်က
ရခိုင်ကိစ္စကို အမြစ်ပြန်လှန်ရမလို ဖြစ်နေပြီ ..။
ရခိုင်ကိစ္စမှာကော မောင်တောပလီက အဲဒီလောက် ထောင်နဲ့ချီတဲ့ ကုလားအုပ်ကြီးကို ဘယ်သူက ချက်ချင်း မထိန်းသိမ်းခဲ့သလဲ..။
အဲဒီမှာ ၀တ်ပြုဖို့ အစွန်းထင်းမခံတဲ့ အခြေအနေမှာ လူအများကြီးကို ဘယ်သူက ပလီထဲ ၀င်ခွင့်ပြုခဲ့သလဲ..။
အဲဒီ တာဝန်ရှိသူ နစက ကွပ်ကဲရေးမှူးကော ဘယ်ရောက်သွားသလဲ..။
ခင်ဗျားတို့အသိဆုံးပါ ..။ မသိရင်လည်း ခင်ဗျားတို့ အထက်အရာရှိတွေ ပြန်မေးကြည့်..။
ကုလားသတ်တာလဲ သံဃာပဲ..။ ဗမာသတ်တာလည်း သံဃာပဲ..။ ရဲသတ်တာလည်း သံဃာပဲ..။ စစ်သား သတ်တာလဲ သံဃာပဲ..။
ကုလားသတ်မှ သံဃာသေတာ မဟုတ်ဘူး..။
==============================================
၉၆၉ နှင့် ပြည်ထောင်စု အပေါ် ထိပ်တိုက်တွေ့ခြင်း ..။
---------------------------------------------------------
၉၆၉ ကို လက်ခံတဲ့သူတွေကို ... အမျိုးသားရေးအမြင်နဲ့ပဲ ပြောပါ့မယ်..။
ဗုဒ္ဒဘာသာဝင်တွေရဲ့ အကျိုးစိးပွားကို ကာကွယ်ချင်တယ်.။ ဘာသာ/လူမျိုးခြားတွေရဲ့ အကျိုးကို ကာကွယ်နေတဲ့ ကာကွယ်ချင်စိတ်ဟာ လေးစားစရာကောင်းပါတယ်..။ ရှိလည်း ရှိသင့်ပါတယ်..။
ဒါပေမယ့် ကျွန်တော် မေးခွန်းတွေ မေးပါ့မယ်..။
တကယ်လို့ ခင်ဗျားတို့ မသိရင် ခင်ဗျားတို့ရဲ့ ၉၆၉ တည်ထောင်သူတွေကို ပြန်မေးပေးပါ..။
(၁) မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးရှိပါတယ်..။
ခင်ဗျားတို့က ဘယ်လူမျိုးကို ကိုယ်စားပြုနေသလဲ..။
(၂) ပြည်ထောင်စုဖွား ကချင်၊ ချင်း၊ ကရင် ဆိုရင် ခရစ်ယာန် အများစုပါ..။ သူတို့ရဲ့ ဆိုင်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို အားမပေးရဘူးလား..။
(၃) လက်ရှိ ဘာသာခြား (အစ္စလာမ်) တွေကို စီးပွားရေးလုပ်ငန်းတွေမှာ အကျိုးပြုနေတာက ဗုဒ္ဒဘာသာဝင် စားသုံးသူတွေထက် ၄င်းတို့ရဲ့ လုပ်ငန်းတွေကို ပါမစ်ချပေးနေတဲ့ သက်ဆိုင်ရာတွေပါ..။ ၄င်းတို့က အခကြေးငွေယူပြီး ဆိုင်ဖွင့်ခွင့်မပေးရင် ကျွန်တော်တို့ ဗုဒ္ဒဘာသာတွေ သွားရောက်အားပေးစရာတောင် မလိုပါ..။
တကယ့်လုပ်ငန်းရှင်ကြီးတွေကို ချပေးတဲ့ စီးပွားရေးလုပ်ငန်းတွေက ရတဲ့ ၀င်ငွေတွေဟာ ပလီပေါင်းများစွာဆောက်လို့ရတယ်၊ တကယ်လည်း တည်ဆောက်နေကြတယ်ဆိုတာ ၉၆၉ ကို ဦးစီးတဲ့သူတွေ အမျိုးသားရေး ၀ါဒီဆိုသူတွေက မသိချင်ယောင်ဆောင်ထားပါတယ်..။
အဲဒီက ရရှိတဲ့ ၀င်ငွေဟာ လက်ရှိ ဗုဒ္ဒဘာသာဝင်တွေအားပေးလို့ ရတဲ့ ၀င်ငွေထက် အဆပေါင်းများစွာ ပိုလျှံပါတယ်...။
အဲဒီကိစ္စကိုကော ... ၉၆၉ များအနေနဲ့ ဘယ်လို အရေးယူ သတ်မှတ် ဆောင်ရွက်ပါမည်လဲ..။
မသိရင် သက်ဆိုင်ရာ ၉၆၉ ဆရာတော်များနဲ့ ခေါင်းဆောင်များကို မေးကြည့်ပါ..။
(၄) နောက်တစ်ချက်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံမှာ ၂၀၀၈ အခြေခံဥပဒေကိုပြုပြင်ပြိး ဖက်ဒရယ်ပြည်ထောင်စုစံနစ်နဲ့ အကောင်အထည်ဖော်ဖို့ အစိုးရ၊ လွှတ်တော်နဲ့ တိုင်းရင်းသားတေ၊ နိုင်ငံရေးပါတီတွေအပါအ၀င် ..နယ်ပယ်ပေါင်းစုံက ကြိုးပမ်းနေပါတယ်..။
လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့်တွေ အကောင်အထည်ပေါ်လာပါလိမ့်မယ်...။
အဲဒီမှာ ၉၆၉ ရဲ့ လူမျိုးစုတစ်စု၊ ဘာသာတစ်ခုတည်း ကောင်းစားရေးနဲ့ ထိပ်တိုက်တွေ့လာနိုင်ပါတယ်..။
ပြည်ထောင်စုမြန်မာနိုင်ငံမှာ ပြည်နယ်နဲု့တိုင်း ၁၄ ခုရှိပြီး ကိုးကွယ်မှု ဘာသာပေါင်း ဆယ်ခု ကျော်ပါတယ်..။ ရိုးရာအယူဝါဒပေါင်း ရာကျော်ပါတယ်..။
ဒါတွေကိုကော ၉၆၉ အနေနဲ့ ဘယ်လို ရင်ဆိုင်ဖို့ အသင့် ပြင်ထားပါသလဲ...။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသလို ...
လွတ်လပ်စွာ ဆွေးနွေးနိုင်ပါကြောင်း..။
==================================================
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
(ဗိုလ်ချုပ်အောင်ဆန်း)
(၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း မိန့်ခွန်း)
============================================
တစ်ခုတော့ ရှိတာပေါ့
ခင်ဗျားတို့ပစ်တဲ့ ခဲလုံးက ပြည်ထောင်စုနဲ့ တိုင်းရင်းသားတွေကို မထိခိုက်ဖို့ ခင်ဗျားတို့ တာဝန်ယူရမယ်...။
အမျိုးသားရေး ဆိုတာ ... ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လေ ၊ ကိုယ့်ပြည်ထောင်စုလို့ ကျွန်တော်ကတော့ ခံယူတယ်..။
အမျိုး၊ ဘာသာ၊ သာသနာနဲ့တော့ ... မတူဘူး
Thursday, March 28, 2013
သူ့အတွေးသူ့အမြင်

ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။

ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
အမေ ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့  လူတိုင်းဟာ အမေရှိကြတယ်။ မရေမရာ ပဟေဋ္ဌိတွေကြောင့် အ...
-
မြန်မာနိုင်ငံတွင် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာ ရုံမျမက ကမ္ဘာတွင် ဒုတိယ အကြီးဆုံး ဖြစ်လာမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို ပဲခူးမြို့၌ ...
-
ပင်လုံကျောက်တိုင် ပင်လုံစာချုပ် 12-2-1947 Historic Pinlong Agreement signed by Bogyoke Aung San and Ethnic...
-
၂၀၁၂ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီ၊ မရမ်းကုန်းမြို့နယ် NLD ရုံးသစ်ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက် ရုပ်သံသတင်း။ ။DVB အမျိုးသားဒီ...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးနှ...
-
ရာဇာဓိ ရာဇာ shared Rakhine Straight Views's photo. ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျ...
-
MPT က ၂၀၁၃ ခုနှစ်မှစပြီး မိုဘိုင်း Internet ကြေးကို အင်တာနက် Data သုံးစွဲနှုန်းနဲ့ ကောက်ခံတော့မှာဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာလ မှာ အဲဒီစနစ်သစ်နဲ...
-
အောက်မှာမြန်မာလိုရေးသာထားပါတယ်။ his coming 11pm,all facebook account will be CUT. This is according from the creator of facebook. All ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988