Sunday, March 24, 2013

မိတ္ထီလာမှာ ဖြစ်ခဲ့ တဲ့ ပဋိပက ၉၆၉တွေ ကြောင့်ဟုစွတ်စွဲမှုမျရှိ

လောကပါလ's photo.

မိတ္ထီလာမှာ ဖြစ်ခဲ့ တဲ့ ပဋိပက္ခကို အစွန်းရောက် ၉၆၉တွေ ကြောင့်လို့ နာမည်တပ်ပြီး စွတ်စွဲနေတာတွေ တွေ့လာလို့ ဒီပို့စ်ကို ရေးရတာပါ။

မိတ္ထီလာမှာ လုပ်ကြံခံလိုက်ရတဲ့ ဘုန်းတော်ကြီးဟာ ၉၆၉ တရားဟောနေသူ မဟုတ်ပါ။ ဘုန်းတော်ကြီးကို ကျူးလွန်ခဲ့တဲ့ သူတွေဟာလည်း ဒီဘုန်းကြီးက အရင်တုန်းကတည်းက သိဖူး မြင်ဖူးနေပုံမပေါ်ပါ။ လူကြယက်ကြ ဖြစ်ခဲ့တာကလည်း အခြေအနေကို အချိန်မှီ မထိန်းသိမ်းနိုင်ခဲ့တဲ့ အတွက် ကိုယ်ကျိုးရှာ အခွင့်အရေး သမားတွေက လုပ်တာဖြစ်တယ်။ ဒါကို သတင်းသမားတိုင်း မငြင်းနိုင်ပါဘူး။

အမှန်က ခွဲခြားသူနဲ့ ခွဲခြားခံရတဲ့သူ ကို ကွဲကွဲပြားပြား မမြင်နိုင်ကြလို့ပါ။ ကြားနေတာ ကြာတော့ ဝေခွဲမရဖြစ်သွားတာမျိုး ပေါ့ဗျာ။

မြန်မာ သမိုင်းတလျှောက်က အမျိုးသားရေးကို ဂျာမဏီ ဂျပန်နဲ့ယှဉ်ပြီး ပြောတဲ့ အခါမှာ စဉ်းစားရမှာက အမျိုးသားရေးကို အစွန်းတွန်းပို့ပြီး နာဇီဝါဒ ဖက်စစ်ဝါဒ ဆိုက်အောင် လုပ်ခဲ့လို့ တိုင်းပြည်တွေပျက်ပြီး လူပေါင်း သန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ရတာကို ထောက်ပြသင့်သလို စစ်ပြီးတဲ့ အခါ စစ်ရှုံးနိုင်ငံတွေ အနေနဲ့ အဲဒီအမျိုးသားရေးကိုပဲ လမ်းမှန်ရောက်အောင် ထိန်းကျောင်းနိုင်ခဲ့လို့ လက်ရှိ အခြေအနေမျိုး ပြန်ပြီး ခေါင်းထောင် လာခဲ့တာကိုလည်း ချန်လပ် ထားလို့ မရပါဘူး။

တစ်မျိုးသားလုံး သွေးစီး ညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ကို အခြေခံတဲ့ အပြုသဘော အမျိုးသားရေးမျိုး နဲ့ တစ်ခြားနိုင်ငံနဲ့ လူမျိုးတွေ အပေါ် ဝါးမြိုဖို့ ရည်ရွယ်ထားတဲ့ လူမျိုးကြီး အစွန်းရောက် အမျိုးသားရေးမျိုးကို တစ်ခုနဲ့ တစ်ခု ခွဲခြားသိဖို့လိုပါလိမ့်မယ်။

နောက်တစ်ခုက လူမျိုး တစ်ဦးနဲ့တစ်ဦး စိတ်နေစိတ်ထား၊ ယဉ်ကျေးမှု နဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေ ကွာခြားကြပုံ ကိုလည်း ထောက်ပြသင့်တယ်။

လက်ရှိတိုင်ဝမ်ဟာ အမျိုးသားရေး ကူမင်တန် ဝါဒနဲ့ စခဲ့တယ် ဆိုပေမယ့် သူတို့လုပ်ခဲ့တဲ့ အမျိုးသားရေးနဲ့ မြန်မာတွေရဲ့ အမျိုးသားရေးနဲ့ အသွင်မတူပါဘူး။ မြန်မာလူမျိုးဟာ အေးအေး ဆေးဆေး သက်သက်သာသာ နေလိုတဲ့ လူမျိုးဖြစ်လို့ ဖက်ဆစ်ဝါဒကို နှစ်သက်မဲ့ပုံ မပေါ်ပါဘူး။ နားယောင်ပြီး နှစ်သက်မိခဲ့ရင်တောင် အဲဒီဝါဒဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု အသိုင်းအဝိုင်းအတွင်းမှာ ရေရှည် တည်မြဲ ကြီးထွားလာဖို့ မမြင်ပါဘူး။ ဒုတိယ ကမ္ဘာစစ်အတွင်းက အီတလီမှာ ဖြစ်ခဲ့သလိုပဲ လူထုကဘဲ ပြန်ပြီး ဆန့်ကျင် ဖြုတ်ချဖို့များပါတယ်။ မြန်မာ့သမိုင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း ဒီလို အမျိုးသားရေး လှုပ်ရှားမှုမျိုးဟာ မင်းဆက် တစ်ဆက် နှစ်ဆက်မှာတင် နိဋ္ဌိတံသွားတာကို တွေ့ရမှာပါ။

အခုလည်း အဆက် အစပ် မရှိပဲ ၉၆၉ တံဆိပ်တွေကပ်လို့ လူတွေသေကြ ကြေကြ ပျက်စီးကြရတယ်လို့ ပြောနေတဲ့ သူတွေ ယုတ္တိဗေဒ အရ ကြောင်းကြိုးဆီလျှော်အောင် မပြနိုင်ပဲနဲ့ အကြမ်းဖက် သမားတွေလို့ စွတ်စွဲနေတဲ့ သူတွေရှိနေပါပြီ။ ခြိမ်းခြောက်တာတွေလည်း ပါနေတာ တွေ့ရတဲ့ အတွက် စိတ်မကောင်းပါ။

တစ်ဖက်က ငြိမ်းချမ်းစွာ ဆောင်ရွက်နေတဲ့ အမျိုးသားရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမှာ အမှတ်ဝင်ယူနေကြသလို တစ်ဖက်ကလည်း ဆဲကြဆိုကြ အပြင်မှာလည်း မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူနေတာကို လဲ ဝမ်းနည်းစရာ တွေ့မြင်နေရပါတယ်။ ကိုယ်တော်တွေ တုတ်ကိုင်ထားတဲ့ ပုံတစ်ပုံကို မြင်လိုက်ရတာနဲ့ အင်္ဂလိပ်ကိုလိုနီခေတ် ဒုတိယ ကမ္ဘာစစ် ၈၈ နဲ့ ရွှေဝါရောင် အချိန်တွေတုန်းက သံဃာတော်တွေဟာ ရှေ့က မားမားရပ်လို့ လူထု အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ခဲ့တာ ကို လုံးလုံးလျှားလျှား မေ့ပစ်ခဲ့ကြပြီး ချက်ချင်းပြစ်တင် ဝေဖန်ခဲ့ကြတာတွေကို ကြည့်လိုက်ရင် လူအများစုမှာ ကိုယ်ပိုင်စဉ်းစား ဆင်ခြင် နိုင်တဲ့ ပညာနဲ့ ဘာသာရေး ဗဟုသုတတွေ နည်းပါးနေတာကို တွေ့ရမှာပါ။

ဘင်္ဂလီ အထိကရုန်းမှာ အစွန်းရောက် အစ္စလာမ္မစ် တွေက မူလ အဖြစ်မှန်ကို ဖြောက်ပြီး ဘာသာရေးကို အတင်းဆွဲထည့်လာတာ ပြည်ပက လူမှုရေး အမည်ခံ ဘာသာရေး အဖွဲ့တွေ က ပေါ်ပေါ်ထင်ထင် ချော့လို့ တစ်မျိုး ခြောက်လို့ တစ်ဖုံ ဝင်ရောက် စွက်ဖက်လာတာ ပြည်တွင်းမှာ နှစ်ပေါင်းရာနဲ့ ချီပြီး နေထိုင်လာကြတဲ့ အစ္စလာမ်ဘာသာဝင် တွေရဲ့ ဘာသာရေး အဖွဲ့အစည်းတွေက အမျိုးသားရေး အသွင်ဆောင်လာပြီး အဖိနှိပ်ခံနေရပါတယ်လို့ တစ်ဖက်သက် စွတ်စွဲခဲ့တာတွေကို မမေ့သင့်ပါ။

ဒါ့အပြင် မြန်မာလူမျိုးတွေရဲ့ စိတ်နှလုံးကို ထိခိုက်လာအောင် လူမျိုးခြားတွေကို တိုင်းရင်းသား အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုတာ မျိုးတွေ၊ မြန်မာတွေရဲ့ ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ထိကပါ ရိကပါး ရေးလာတာတွေ၊ နိုင်ငံတိုင်း လူမျိုးတိုင်းမှာရှိတဲ့ ဝံသာနုရက္ခိတဆိုတဲ့ အမျိုးစောင့်တရားကို ကျင့်သုံးနေတာကိုပဲ မှားနေသလိုလို မဟာဗမာ ဝါဒလိုလို လူမျိုးကြီးဝါဒလိုလို တံဆိပ်ကပ်လာတာ မျိုးတွေ၊ မြန်မာ့သမိုင်းကို ထိပါးပြီး အပျက်သဘောနဲ့ ရေးလာ ပြောလာတာတွေ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာကောင်းကို ပျက်စီးစေမဲ့ ဘာသာရေးခွဲခြားမှုတွေ လုပ်လာတာ ကိုလည်း မမေ့သင့်ပါ။

သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် ကွန်မြူနစ်ဝါဒီတွေ အားကောင်းစဉ် တစ်ချိန်က ကွန်မြူနစ်ဝါဒီတွေ မြန်မာပြည်မှာ သူတို့ထင်သလောက် ခရီး မပေါက်တဲ့ အခါ ဗုဒ္ဓဘာသာကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ ကြတာကို လည်း သတိမူစေချင်ပါတယ်။

ဘယ်ဘာသာ ဘယ်ဝါဒ ဘယ်စနစ်ပဲ ဖြစ်ဖြစ် သူတို့ရပ်တည်ရမယ့် ဒေသရဲ့ လူမျိုး ဓလေ့စရိုက် ယဉ်ကျေးမှုနဲ့ လိုက်လျှောညီတွေ သဟဇာတ မရှိရင် ကြာရှည် မတည်တံ့ နိုင်ပါဘူး။ အစ္စလာမ်ဘာသာ ကိုယ်တိုင်က ဟီးဗရူး ရဟူဒီ လူမျိုးတွေရဲ့ တိုရာမှာ ပါတဲ့ အဆုံးအမတွေနဲ့ ဓလေ့ ထုံးတမ်းတွေကို လက်ခံ ကျင့်သုံးရတာကိုက ထင်ရှားတဲ့ သာဓကပါပဲ။

ကျွန်တော်တို့ အနေနဲ့ကတော့ အမျိုး ဘာသာ သာသနာ ဂုဏ်ရောင်တင့်စေမယ့် လုပ်ဆောင်ချက် မှန်သမျှ အားပေးသွားမှာပါ။ အစွန်းရောက် အကြမ်းဖက် လိမ်ညာလှည့်ဖြားပြီး တစ်ဦးပေါ် တစ်ဦး စော်ကား အနိုင်ကျင့်တာမျိုးကိုတော့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ လက်ရှိမှာ အကြမ်းမဖက် ၉၆၉ သင်္ကေတ အောက်က လှုပ်ရှားမှုကို လွတ်လပ်စွာ ယုံကြည်မှု အပြည့်နဲ့ဆက်လက်ပြီး အားပေးနေမယ်။ ဒီထက် ကောင်းမွန်တဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေ ပေါ်ထွန်းလာတဲ့ အခါမှာလည်း ဆက်လက်ပြီး ထောက်ခံ အားပေးဦးမှာပါ။

တစ်ဦးအပေါ် တစ်ဦး လှည့်ဖြားခြင်း မှ ကင်းဝေးကြပါစေ။