Friday, February 22, 2013

ကင်တားနားရေ ကမ္ဘာ့ကုလသမဂ္ဂ လုပ်ပိုင်ခွင့်မှာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းရေးကို လာပြီးစွက်ဖက်လို့ မရဘူး

"ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်သာလျှင် ဖြစ်တယ်။ UN အလုပ်ပဲ လုပ်ရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်သင့်တယ်။ ဒါတွေ သူပြောခွင့်မရှိဘူး။ နောက်တစ်ခုက ၈၂ ခုနှစ် ဥပဒေဆိုတာ မနေ့တစ်နေ့က ဆွဲထားတဲ့ ဥပဒေမဟုတ်ဘူး။ စစ်အစိုးရ လက်ထက်က ဆွဲထားတာလည်း မဟုတ်ဘူး။ ဥပဒေဆွဲခဲ့တဲ့သူက ဥပဒေမှာ ဆရာတစ်ဆူလို့ ပြောလို့ရတဲ့ ဒေါက်တာမောင်မောင်ကိုယ်တိုင် မြန်မာနိုင်ငံအနောက်ဘက်က ဘင်္ဂါလီတစ်မျိုးတည်းကို ကြည့်ပြီးတော့ ဆွဲခဲ့တာမဟုတ်ဘူး။ အရှေ့ဘက်က တရုတ်ရယ်။ အနောက်မြောက်က အိန္ဒိယလူမျိုးတွေ။ မြ၀တီ၊ ကရင်ပြည်နယ်ဘက်က ဆိုလို့ရှိရင် ထိုင်းလူမျိုးတွေ ခိုးပြီးတော့ မတရားဝင်လာတာတွေကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာ။ ဘင်္ဂါလီကိစ္စ တစ်ခုပဲကြည့်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေပြုကဏ္ဍကို လာပြီးပြင်သင့်တယ်။ ဒါတွေလာပြောတာဟာ မှားယွင်းတဲ့ ပြောဆိုမှုလို့ ပြောလို့ရတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုပ်ပိုင်ခွင့်မှာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းရေးကို လာပြီးစွက်ဖက်လို့ မရဘူး"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်

credit to Eleven Media Group