Saturday, February 09, 2013

ကြံ့ခိုင်ရေးပါတီက အမျိုးသားရေးနဲ့ပတ်သတ်တဲ့အဆိုကို ကန့်ကွက်တာ နှစ်ခါရှိပါပြီ။

ဒေါက်တာမြတ်ဥာဏစိုး အဆိုတင်သွင်းတုန်းကတစ်ခါ အခု ဒေါက်တာအေးမောင်အဆိုတင်သွင်းတာကို ကန့်ကွက်တာတစ်ခါ။ ဒီအတိုင်းသွားရင် အမျိုးသားရေးသစ္စာဖောက်ပါတီဘ၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဒဏ်ခတ်တာခံရပါလိမ့်မယ်။

ပိုပြီး စိတ်ပျက်စရာကောင်းတာက ကြံ့ခိုင်ရေးပါတီမှမဟုတ်ဘူး ပါတီအများစုဟာ အမျိုးသားရေးစိတ်ဓာတ်ခေါင်းပါးနေတာတွေ့ရပါတယ်။ ဒေါက်တာအေးမောင်အဆိုကို ထောက်ခံမဲ့ အမျိုးသားရေးစိတ်ဓာတ် မျိုးချစ်စိတ်ဓာတ်ရှိတဲ့အမတ်က လွှတ်တော်ကြီးတစ်ခုလုံးမှာ အယောက် ၄၀တောင်မရှိတာပါ။ ဒါကို ကြည့်ခြင်းဖြင့် လွှတ်တော်ပေါ်မှာအမျိုးသားရေးအတွက် သောက်သုံးမကျတဲ့ ခေါင်းဆောင်တွေ၊ သောက်သုံးမကျတဲ့ပါတီတွေ သောက်သုံးမကျတဲ့အီးဘောလောအမတ်တွေ များနေတယ်ဆိုတာ ထင်ရှားပါတယ်။ဆိတ်ဖမ်းဖို့လောက်ပဲ နားလည်တဲ့ လွှတ်တော်အသုံးစရိတ်အတွက် ပြည်သူ့ဘဏ္ဍာတွေ တော်တော်နှမျောဖို့ကောင်းပါတယ်။ ဘဘဦးစိန်ဝင်းစကားနဲ့ပြောရရင် လွှတ်တော်ကို အမြောက်နဲ့ပစ်ပြီး ရွေးကောက်ပွဲအသစ်လုပ် အမတ်တွေ အသစ်ပြန်ရွေးဖို့တောင် ကောင်းပါတယ်။

ဘကတအဖွဲ့
--------------------------------------------------------

ဘင်္ဂါလီ ဆူပူမှုကြောင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မဟာဗျူဟာမြောက် ရေတိုရေရှည် အထူးအစီအမံတို့ဖြင့် ဦးစားပေး ဆောင်ရွက်ရန် ဒေါက်တာအေးမောင် အဆိုတင်သွင်းရာ ရွှေလက်နဲ့ခေါ်လို့မရရင် Bulletခေါ်ရမယ်ဆိုတဲ့ ကြံ့ဖွတ်လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကန့်ကွက်၍ မအောင်မြင်ကြောင်းသိရသည်။ယင်းကဲ့သို့ ကန့်ကွက်သူ ရှိသည့်အတွက် အဆိုအား ဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရာတွင် ထောက်ခံသူ အရေအတွက် ၄၀ ဦး မပြည့်သည့်အတွက် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
Friday, 08 February 2013