Friday, January 11, 2013

ဘင်္ဂလီအရေးနှင့်ပက်သက်၍ ဆိုက်ဘာ စစ်ပွဲစပီလော

ငရဲ သား shared Ko Aung's photo.
(ဒါကမှ . တိုင်းတပါးနဲ့ တကယ် တိုက်တဲ့ Cyber War)
ဒါမျိုးမှာ ခင်ဗျားတို့လက်စွမ်းကို .. ကြည့်ချင်ပါ့ဗျား...။
---------------------------------------------------------------------------
ပြည်တွင်းအခြေစိုက် သတင်းဦးစားပေး အင်လိုင်းမီဒီယာများဖြစ်ပြီး ရခိုင်ပြည်တွင်းမှ ဖြစ်ရပ်မှန် သတင်းများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေကြသော Coral Arakan News (CAN) နှင့် Rakhine Straight View (RSV) တို့၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ယမန်နေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ ညနေ (၁၁) နာရီ ဝန်းကျင်ခန့်မှစ၍ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သိရသည်။

ယင်းကဲ့သို့ အင်လိုင်းပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခြင်းနှင့် ပတ်သက်၍ RSV အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက “မနေ့က ည ဆယ်နာရီလောက်မှာ မြေပုံသတင်းတစ်ပုဒ် RSV မှာ ဖော်ပြခဲ့တယ်။ ပြီးတော့ နောက်ထပ် သတင်းတင်မလို့ ဝင်တော့ ဝင်လို့မရတော့ဘူး။ လုံးဝကို ဝင်လို့မရတော့တာ။ ကျနော်တို့ အကောင့်ပါ ပျက်သွားတာပါ။ အခုလိုမျိုး လုံးဝ ဝင်လို့မရအောင် ပျက်သွားအောင် လုပ်နိုင်တာဟာ Facebook ရဲ့ အက်ဒမင် အဖွဲ့ပဲ ဖြစ်နိုင်တယ်။ ဘာကြောင့် ဒီလိုမျိုး ပိတ်လိုက်ရတာလဲဆိုတာတော့ ကျနော်လည်း တိတိကျကျ မပြောနိုင်သေးဘူး။ ဒီလိုမျိုး ဖြစ်အောင် လုပ်ဖို့ နောက်ကွယ်က တခုခုက ဖိအားပေးတာ၊ ဒါမှ မဟုတ် ရီပို့တ် လုပ်တာတွေ ရှိနိုင်တယ်လို့တော့ ယူဆရတယ်။ စဉ်းစားစရာတစ်ခုက ကျနော်တို့ RSV နာမည်နဲ့ အတူတူ CAN လည်းပဲ ပျောက်ဆုံးသွားပြီးတော့ ဘင်္ဂလီတွေက ကျနော်တို့ RSV နာမည်ကို အသုံးပြုပြီး အတုလုပ်ထားတဲ့ ဘင်္ဂလီပိုင် RSV က ထူးထူးခြားခြား ကျန်နေခဲ့တာပဲ” ဟု Arakan Reivew သို့ အတည်ပြု ပြောကြားခဲ့သည်။

http://arakanreview.net/?p=5762

ရခိုင်အမျိုးသားပိုင် အင်လိုင်းမီဒီယာကြီးနှစ်ခု twi·light zone သို့ ထွက်ခွာသွားခဲ့ဖွယ်ရှိ

ပြည်တွင်းအခြေစိုက် သတင်းဦးစားပေး အင်လိုင်းမီဒီယာများဖြစ်ပြီး ရခိုင်ပြည်တွင်းမှ ဖြစ်ရပ်မှန် သတင်းများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေကြသော Coral Arakan News (CAN) နှင့် Rakhine Straight View (RSV) တို့၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ယမန်နေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ ညနေ (၁၁) နာရီ ဝန်းကျင်ခန့်မှစ၍ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သိရသည်။

ယင်းကဲ့သို့ အင်လိုင်းပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခြင်းနှင့် ပတ်သက်၍ RSV အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက “မနေ့က ည ဆယ်နာရီလောက်မှာ မြေပုံသတင်းတစ်ပုဒ် RSV မှာ ဖော်ပြခဲ့တယ်။ ပြီးတော့ နောက်ထပ် သတင်းတင်မလို့ ဝင်တော့ ဝင်လို့မရတော့ဘူး။ လုံးဝကို ဝင်လို့မရတော့တာ။ ကျနော်တို့ အကောင့်ပါ ပျက်သွားတာပါ။ အခုလိုမျိုး လုံးဝ ဝင်လို့မရအောင် ပျက်သွားအောင် လုပ်နိုင်တာဟာ Facebook ရဲ့ အက်ဒမင် အဖွဲ့ပဲ ဖြစ်နိုင်တယ်။ ဘာကြောင့် ဒီလိုမျိုး ပိတ်လိုက်ရတာလဲဆိုတာတော့ ကျနော်လည်း တိတိကျကျ မပြောနိုင်သေးဘူး။ ဒီလိုမျိုး ဖြစ်အောင် လုပ်ဖို့ နောက်ကွယ်က တခုခုက ဖိအားပေးတာ၊ ဒါမှ မဟုတ် ရီပို့တ် လုပ်တာတွေ ရှိနိုင်တယ်လို့တော့ ယူဆရတယ်။ စဉ်းစားစရာတစ်ခုက ကျနော်တို့ RSV နာမည်နဲ့ အတူတူ CAN လည်းပဲ ပျောက်ဆုံးသွားပြီးတော့ ဘင်္ဂလီတွေက ကျနော်တို့ RSV နာမည်ကို အသုံးပြုပြီး အတုလုပ်ထားတဲ့ ဘင်္ဂလီပိုင် RSV က ထူးထူးခြားခြား ကျန်နေခဲ့တာပဲ” ဟု Arakan Reivew သို့ အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ မီဒီယာ နှစ်ခုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော နိုင်ငံတွင်း တရားမဝင် ဝင်ရောက် နေထိုင်သူ ဘင်္ဂလီများ၏ အကြမ်းဖက်မှုများအတွင်း ပြည်တွင်းမှ တက်ကြွသူ လူငယ်အချို့က ပူးပေါင်း တည်ထောင်ရေးသား လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းအချိန်ကာလများကပင် ယခုအချိန်ထိ ပြည်တွင်း/ပ မီဒီယားများ ယုံကြည် ကိုးကားခဲ့ရသော မီဒီယာများ ဖြစ်လာသည့်အထိ အောင်မြင်မှုကို ရယူခဲ့ပြီး Facebook တွင် လူကြိုက်များလာကာ၊ ပြည်တွင်း/ပ စာဖတ်ပရိသတ်များ၏ အထူးအားပေးခြင်းကို ရရှိခဲ့ကြကြောင်း ၎င်းစာမျက်နှာများ၏ နေ့စဉ် စာဖတ်ပရိသတ်ကိန်းဂဏန်းများ လေ့လာတွေ့ရှိချက်အရ သိရသည်။