Tuesday, December 04, 2012

"တရားခံဘယ်သူလဲ"

(၁) သံဃာတော်များကိုစစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်
တောင်းပန်မည်

(၂) ဒုတိယရဲမှုးကြီးသူရသွင်ကိုကိုကMRTVမှာတုန်တုန်
ရင်ရင်ပြောသွားပါတယ်၊ နိုင်ငံတကာခွင့်ပြုထားတဲ့မျက်
ရည်ယိုဗုံးတို့မီးခိုးဗုံးတို့ကိုသုံးပြီး သပိတ်စခန်း လေးခုကို
တန်ဆောင်မုန်းလပြည့်ညကနိုမ်နှင်းလိုက်တယ်လို့ပြော

(၃) လက်ပံတောင်းကိစ္စနှင့်ပတ်သတ်ပြီး စစ်ကိုင်းတိုင်း
ဝန်ကြီးချုပ် ဦးသာအေးအား ရာထူးမှ ဖယ်ရှားဖွယ်ရှိ

(၄) လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိက
တရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်

(၅) ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်
နှာပေါ်မှ “ကြေးနီစီမံကိန်းတွင် ဥပဒေမဲ့ သပိတ်စခန်း
ဖွင့်၍ ဆန္ဒပြမှုအပေါ်တာဝန်ရှိသူများဘက်မှ ဖြေရှင်းခဲ့
သူများနှင့် တွေ့ဆုံမေးမြန်းမှု”

(၆) လက်ပံတောင်တောင်အရေး နိုင်ငံအဆင့်ကော်မီရှင်
ဖွဲ့ စစ်ဆေးမည် (The Voice Weekly's news)

(၇) လက်ပံတောင်း အကြမ်းဖက်မှုတရားခံ (၅) ရက်အ
တွင်း ဖော်ထုတ်ပေးရန် မန်း သံဃာများ ဆန္ဒပြ(မဇ္ဒျိမ)

စသည်..............
စသည်ဖြင့် တောင်းပန်ရေးနဲ့ ၊ ဖေါ်ထုတ်ရေးနှင့် အပြစ်
ပုံချရေးတွေထဲမှာ တကယ့်တရားခံစစ်စစ်က ပျောက်နေ
တယ်ဗျ။ အားလုံးကသိသိကြီးနဲ့ မသိချင်ယောင်ဆောင်
နေကြတာလား၊ တရားခံအစစ်ကို အမှန်တကယ်မသိ
ဘူးလို့ တော့ ကျွန်တော်မယူဆဘူး။

သီတဂူဆရာတော်ဘုရားကြီးအရှင်ဥာဏိဿရ
မွက်ကြားထားတဲ့ မှတ်သားစရာ သြ၀ါဒကိုပြန်
သတိယကြပေါ့ဗျာ ...

............................"ခွေးလိုက်နေရင်အဲ
သည်ခွေးကိုခဲသာပစ်ပေးလိုက်၊ ခွေးကလူကို
မကိုက်တော့ပဲ ခဲနောက်ကိုလိုက်သွားလိမ့်
မယ်၊ ခြင်္သေ့ကလိုက်လာလို့  ခြင်္သေ့ကိုခဲပစ်
ပေးလိုက်ရင် ခြင်္သေ့ ခဲကိုသွားမကိုက်ဘူး၊
အဲသည်ခဲကို ဘယ်သူပစ်သလဲဆိုပြီးကြည့်
တယ်၊ ပြီးမှအဲသည်လူကိုကိုက်မှာ။ အဲသည်
လိုပဲပြဿနာတခုဖြစ်ပြီဆိုရင် - သူ့ ရဲ့နောက်
ကွယ်မှာ Driven Force ခေါ်တဲ့အကြောင်း
တွေရှိတယ်၊ အဲသည်တော့ပြဿနာတခုကို
ဖြေရှင်းတော့မယ်ဆိုရင် ခဲလိုက်ကိုက်တဲ့
ခွေးလိုတော့မဖြစ်သင့်ဘူး၊ ခဲဘယ်ကပစ်လဲ
လိုက်ကြည့်တဲ့ ခြင်္သေ့လိုမှ - ပြဿနာက
ပြေလည်သွားမှာ" ..........................

အခုဟာက တရားခံအစစ်ကို ခိုးထုတ်ခိုးထည်နဲ့ 
လက်ပူးလက်ကြပ်မိနေပြီးသားပါ ......

လှိုင်ဘွား/၈၈

ပိုသေချာအောင် သည် Links လေးနှစ်ခုကိုပဲ
ညီအစ်ကို မောင်နှမများ လေ့လာကြည့်လိုက်
ကြပါ ... လယ်ပြင်မှာဆင်သွားသလိုထင်ရှား
နေတာတွေ့ ရပါလိမ့်မယ်။ ဦးပိုင်ဆိုတာဘယ်
သူဦးဆောင်ဖွဲ့ ခဲ့ပြီး အခုထိရောဘာတွေလုပ်
နေလဲဆိုတာကိုတော့ အများသိနေကြပါပြီ။

Links (1)
https://www.facebook.com/photo.php?fbid=378697755552436&set=a.138688619553352.36830.100002366455632&type=1&theater

Links (2)
http://www.earthrights.org/blog/norinco-chinese-engineering-and-weapons-company-signs-agreement-monywa-copper-project-burma
==========================