Friday, December 21, 2012

မြန်မာအမျိုးသမီး သောင်းကျော်ခန့်တယုတ်သို့လူကုန်ကူးခံနေရ

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

ယူနန်တရုတ်တွေက မြန်မာမတွေကို သားဖောက်စက်လို ပြည့်တန်ဆာမလို ငွေဝယ်ကျွန် လုပ်နေတဲ့ကိစ္စကိုလည်း ဘင်္ဂါလီအရေးလို အာရုံစိုက်ကြပါဦး။ သတင်းတစ်ခုမှာဖတ်ရတာ တော်တော်အသဲနာဖို့ကောင်းတယ်။ပြည်ကြီးတရုတ်တွေက ပြောတယ် မြန်မာမတွေက လွယ်တယ် ဈေးပေါတယ်တဲ့။ ကြက်ဖြစ်တာတောင် တရုတ်ငမွဲလယ်သမားတွေ သုံးတဲ့အပေါစားကြက်ဖြစ်ရတာ တော်တော်ဆိုးတဲ့ဘ၀တွေပါ။

ဘကတအဖွဲ့
--------------------------------------------------------
တရုတ်ပြည်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးပေါင်း သောင်းဂဏန်းပမာဏအထိရှိနေ
Friday, 21 December 2012
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြားလက်ထပ်မှု ပြုလုပ်ရန် ရောင်းစားခံထားရသည့် အမျိုးသမီးပမာဏမှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုဗဟိုတွင် ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။

'' မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားတို့ကနေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတယ်။ မြန်မာအမျိုးသမီးတွေဆိုလည်း သောင်းဂဏန်းမကရှိနေတယ်။ ရုပ်ရည်နဲ့ အသက်အရွယ်ကိုကြည့်ပြီး အရောင်းအ၀ယ်ဖြစ်နေကြတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ရောင်းစားရာတွင် နိုင်ငံအတွင်း အမျိုးသမီး ပြတ်လပ်မှုဖြစ်ပေါ်နေသော တရုတ်အမျိုးသားများက ဇနီးမယားအဖြစ် ပေါင်းသင်းရန် ၀ယ်ယူခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးတစ်ဦးကို ဘုံမယားအဖြစ် အဓမ္မပေါင်းသင်းသည့် အဖြစ်မျိုးပါ ဖြစ်ပေါ်နေသည်ဟု သိရသည်။

လူကုန်ကူးမှုမှာ လွန်စွာအကျိုးအမြတ်ရရှိသော အလုပ်ဖြစ်နေပြီး ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် ချစ်သူရည်းစားအဖြစ် ဟန်ဆောင်လက်ထပ်ပြီးမှ တစ်ဘက်နိုင်ငံသို့ ရောင်းစားသည့်နည်းလမ်း အထူးတွင်ကျယ်ခဲ့သည်ဟု ရဲမှူးကြီး ရာလျံမုန်း(အငြိမ်းစား)က ဆက်လက် ပြောကြားခဲ့သည်။

'' အချို့က မိန်းကလေးကို ချစ်သူရည်းစားဟန်ဆောင်ပြီး တစ်ဘက်နိုင်ငံရောက်မှ ရောင်းစားရုံသာမကပဲ လက်ထပ်စာချုပ်မှာ လတ်မှတ်ထိုးပြီးမှ တစ်ဘက်နိုင်ငံကို ခေါ်သွားပြီး ရောင်းစားတာတွေ ရှိတယ်။ တောင်ကြီးသားတစ်ယောက်ဆိုရင် အဲဒီလိုရောင်းစားနေတာ ကိုးယောက်မြောက်မိန်းမကျမှ မိတယ်'' ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုတွင် အမျိုးသမီးများကိုသာမကဘဲ ကလေးသူငယ်များကိုပါ မွေးစားရန် ရောင်းချခြင်းများ ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ၇၀ ရာခိုင်နှုန်းမှာ မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှု ပေါင်း ၈၈၅ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးတရားခံ ၂၄၅၃ ဦးကိုလည်း အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
Eleven Media Group