Tuesday, December 18, 2012

အတင်းစာ အဖျင်းစာ

အတင်းစာ အဖျင်းစာပါဆိုမှ.................
မြန်မာ့အလင်းသတင်းစာမှာပါတဲ့ ဦးတိက္ခဥာဏသတင်းက စကတဲက မှားနေပါတယ်။ မင်းတိုင်ပင်ရွာဆိုတာ မုံရွာမြို့နယ်ထဲ မဟုတ်ပါဘူး။ ပုလဲမြို့နယ်ထဲမှာပါ။

ရောဂါအခြေအနေဆိုးဝါးခြင်းမရှိဘဲဆိုပြီး လက်လွတ်စပယ် မှတ်ချက်ချ ရေးသားမှုက နိုင်ငံတော်ပိုင်သတင်းစာတစ်စောင်ရဲ့ ကျင့်ဝတ်၊ သိက္ခာတွေ ဘယ်မှာလဲလို့ မေးစရာဖြစ်နေပါတယ်။ သတင်းရေးသားသူက ဦးတိက္ခဥာဏရဲ့ ဒဏ်ရာအခြေအနေကို မှတ်ချက်ပေးသူရှိလို့သာ ရေးသားလိုက်တာလို့ မြင်မိပါတယ်။ 

ဒါကြောင့်မို့ ရောဂါအခြေအနေ ဆိုးဝါးခြင်းမရှိလို့ မှတ်ချက်ပေးသူဟာ ကိုယ်ချင်းစာတရား၊ မေတ္တာတရား နည်းနည်းလေးမှမရှိသူလို့ သတ်မှတ်ပါတယ်။ သာမာန် မီးပွားစလေးနဲ့ ထိမိရင်တောင် အမေရေ ... အဘရေ .... အော်နေရတာ အခုလို ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၄၅%ကျော် မီးလောင်ဗုံးဒဏ်ထိတာကို ဆိုးဝါးခြင်းမရှိဘူးလို့ သတ်မှတ်ချက်က တော်တော့်ကိုလူသားခြင်းစာနာမှုမရှိတဲ့မှတ်ချက်ချမှုပါပဲ။ ကိုယ်မခံရတိုင်း မျက်နှာလွှဲခဲပစ် ပြောဆိုမှုဖြစ်ပါတယ်။

ဦးတိက္ခဥာဏရဲ့ မိသားစုဝင်တွေက အစိုးရကို ဘတ်တစ်သန်းပေးပါလို့ မတောင်းဆိုဘဲနဲ့ ထောက်ပံ့ကူညီလှူဒါန်းမှုကို အသိအမှတ်ပြုပါတယ်။ ကျန်တဲ့ အခြေအနေဆိုးဝါးတဲ့ သံဃာတော်တွေ၊ သာမဏေတွေ၊ 

လူပုဂ္ဂိုလ်တွေကိုလည်း အစိုးရအနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကတိခံသွားတဲ့အတိုင်း အပြည့်အဝတာဝန်ယူကုသပေးဖို့ တောင်းဆိုပါတယ်။

နေသီဟ
ဦးတိက္ခဥာဏ ၏ သားကြီး
မြန်မာ့အလင်းသတင်းစာမှာပါတဲ့ ဦးတိက္ခဥာဏသတင်းက စကတဲက မှားနေပါတယ်။ မင်းတိုင်ပင်ရွာဆိုတာ မုံရွာမြို့နယ်ထဲ မဟုတ်ပါဘူး။ ပုလဲမြို့နယ်ထဲမှာပါ။

ရောဂါအခြေအနေဆိုးဝါးခြင်း
မရှိဘဲဆိုပြီး လက်လွတ်စပယ် မှတ်ချက်ချ ရေးသားမှုက နိုင်ငံတော်ပိုင်သတင်းစာတစ်စောင်ရဲ့ ကျင့်ဝတ်၊ သိက္ခာတွေ ဘယ်မှာလဲလို့ မေးစရာဖြစ်နေပါတယ်။ သတင်းရေးသားသူက ဦးတိက္ခဥာဏရဲ့ ဒဏ်ရာအခြေအနေကို မှတ်ချက်ပေးသူရှိလို့သာ ရေးသားလိုက်တာလို့ မြင်မိပါတယ်။

.