Sunday, December 16, 2012

မွတ်ဆလင်နိုင်ငံတွေက အမျိုးသမီးတွေရဲ့ဘဝ

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

မွတ်ဆလင်နိုင်ငံတွေက အမျိုးသမီးတွေရဲ့ဘ၀ဟာ ယောက်ျားတွေကို ဖျော်ဖြေဖို့၊ ကလေးမွေးဖို့ အသုံးချခံပစ္စည်းကိရိယာအနေနဲ့ပဲ ရှိနေပါသလား? မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ ကြက်ကလေး ငှက်ကလေးတွေကိုဖမ်းသလိုပြန်ပေးဆွဲနေကြတာဟာ လူစိတ်မှရှိကြပါရဲ့လား?

----------------------------------------------------------------

ကာဂျစ်စတန် နိုင်ငံမှ ပြန်ပေးဆွဲခံ သတို့ သမီးများ
ကာဂျစ်စတန် နိုင်ငံရှိ လွှတ်တော် အမတ်များသည် နိုင်ငံတစ်ဝန်း သတို့သမီး များအား ပြန်ပေး ဆွဲခြင်းအတွက် တင်းကျပ်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်မည့် ဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ကို အတည် ပြုနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။

လွှတ်တော်သို့ တင်သွင်းမည့် အဆိုပါ ဥပဒေ မူကြမ်းသည် လွှတ်တော်နှင့် သတို့သမီး ပြန်ပေး ဆွဲခြင်းကို ရိုးရာဓလေ့ အဖြစ် သတ်မှတ်၍ ကာကွယ်လိုသူ လူထုအဖွဲ့ အစည်းများ အကြား သဘောထား ကွဲလွဲမှု တစ်ရပ်အဖြစ် ထွက်ပေါ် လာခဲ့သည်။

ကာဂျစ်စတန် နိုင်ငံတွင် သတို့သမီး များအား ပြန်ပေးဆွဲခြင်း အလေ့ အထသည် ပိုမိုဆိုးရွား လာလျက်ရှိပြီး နှစ်စဉ် နှစ်တိုင်းလိုပင် နိုင်ငံ တစ်ဝန်းရှိ အမျိုးသမီး ၈ဝဝဝ ခန့်သည် အဓမ္မ လက်ထပ် စေခိုင်းရန် အလို့ငှာ ပြန်ပေးဆွဲ ခံရလျက် ရှိသည်။

ထိုသို့ အတင်းအကျပ် လက်ထပ် ခိုင်းစေရန် သတို့သမီး ပြန်ပေးဆွဲမှု များသည် တစ်နှစ်လျှင် ၁၂ဝဝဝ နီးပါးခန့် ပိုမိုမြင့်တက် လာဖွယ် ရှိသည်ဟုလည်း အမျိုးသမီး ထောက်ပံ့ရေး ဌာန (WSC) က သုံးသပ်ပြောဆို ထားပြန်သည်။ WSC ဌာနသည် သတို့ သမီးများ ပြန်ပေးဆွဲ ခြင်းကို ဆန့်ကျင်သည့် စည်းရုံး လှုံ့ဆော်မှု များတွင် ပါဝင်သော အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

သတို့သမီး ပြန်ပေးဆွဲမှု အများစုသည် နိုင်ငံ တစ်ဝန်းရှိ ဆင်းရဲသား ရပ်ကွက်များနှင့် ကျေးလက် ဒေသများတွင် ဖြစ်ပေါ်လေ့ ရှိသည်ဟုလည်း WSC ဌာနက ပြောကြားထားသည်။

အသက် ၃၈ နှစ် အရွယ်ရှိ တာဘီလာမာ တာရီဗာ ဆိုသူ အမျိုးသမီး တစ်ဦးသည် မိသားစု ခံစားချက် တစ်ခုကြောင့် ယမန်နှစ်က WSC ဌာန၏ စေတနာ့ ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့သည်။ သူမ၏ ညီမဖြစ်သူ ချိုလ်မွန်မာတာ ရီဗာသည် အမျိုးသား တစ်ဦးနှင့် လက်ထပ်ရန် အတွက် ပြန်ပေးဆွဲ ခံခဲ့ရပြီး သူမသည် ခင်ပွန်း ဖြစ်သူ၏ အကြိမ်ပေါင်း များစွာ ရိုက်နှက်ခြင်းကို ခံခဲ့ ရကြောင်း သိရသည်။

မာတာ ရီဗာသည် ၎င်းအမျိုး သားနှင့် ၁ဝ နှစ်ကြာ ပေါင်းသင်းခဲ့ပြီး နောက်ဆုံးတွင် သည်းမခံ နိုင်တော့သည့် အတွက် ကွာရှင်းခွင့် တောင်းသောအခါ ၎င်းအမျိုး သားသည် သူမအား ဓားဖြင့် ထိုးသတ် ခဲ့လေသည်။

အလားတူ အဖြစ်အပျက် မျိုးများသည် မထင်မရှား ဖြစ်ပေါ်ခဲ့ သည်မှာ မရေတွက် နိုင်အောင် ပင်ရှိလေသည်။

ပြန်ပေးဆွဲ ခံရသော သတို့သမီး လောင်းများ အနေဖြင့် လက်ထပ်ပြီးနောက် မပျော်ပိုက်၍ အဆိုပါ သတို့သား အိမ်မှ ထွက်ခွာ ခဲ့ပါကလည်း သူမနှင့် သူမ၏ မိသားစုကို အရှက် ရစေမည် ဖြစ်ပြီး မြို့၊ ရွာမှ နှင်ထုတ်ခြင်း ခံရမည်ကို စိုးသောကြောင့် ကြိတ်မှိတ် သည်းခံကာ ဆက်လက် နေထိုင် ကြရသည်။

ထိုသို့သော အခြေအနေ များကို ဖြေရှင်းရန် အတွက် အမျိုးသမီး အဖွဲ့အစည်း အမျိုးမျိုးမှ လှုပ်ရှား ပြောင်းလဲရေး ဝါဒီများသည် လွန်ခဲ့သော နှစ်များစွာ ကတည်းက အတူတကွ ပေါင်းစည်းကာ သတို့သမီး ပြန်ပေး ဆွဲခြင်းကို ရာဇဝတ်မှု တစ်ရပ်အဖြစ် သတ်မှတ်၍ လှုပ်ရှား မှုများ ပြုလုပ် ခဲ့ကြသည်။

၎င်းတို့သည် လက်ရှိ တင်သွင်းမည့် ဥပဒေ ပြဋ္ဌာန်းချက်မျိုး ပေါ်ပေါက် လာရေးကို ရည်ရွယ်၍ ဆွေးနွေး ပွဲများနှင့် အခြားသော လှုပ်ရှားမှု အမျိုးမျိုး ကိုလည်း ပြုလုပ် ခဲ့ကြကြောင်း သိရ သည်။

မြ၀တီ