Tuesday, December 25, 2012

ကဲ စီးကြဦးမှာလား Air Bagan!!!

Thiri Su
Win Pyae Phyoe

ဟဲဟိုးလေဆိပ် ဆင်းဖို့ မြူဆိုင်းလို့ အဆင်မပြေရင် မန္တလေးကို ပြန်လှည့်ရမယ်... ဒါ protocol ပဲ..။
International Standard အရ .. လေယာဉ်တစ်စီးက site တစ်ခုကို သွားတောမယ်ဆိုရင် အဲဒီ Target နဲ့ အနီးဆုံး အခြားလေယာဉ်ကွင်းတစ်ခုကို ပြန်လှည့်ဖို့ အပိုဆီပါရမယ်
အဲဒီ Protocol ကို ဘာလို့ မလိုက်နာသလဲ...။

ဘာဖြစ်လို့ ဆင်းမရတဲ့ ကွင်းနားက ဟိုင်းဝေးလမ်းပေါ်မှာ ဇွတ်တင်းကာရော လေယာဉ်ဆင်းသလဲ။

ရှင်းပါတယ်။

*ပြန်လှည့်မောင်းစရာ ဆီမပါလို့ပေါ့*

ကဲ စီးကြဦးမှာလား Air Bagan!!!

“Air Bagan” က “အလွန် ဝမ်းနည်းကြေကွဲရပါကြောင်း” သတင်းထုတ်ပြန်သတဲ့....

ကြေကွဲရုံပဲတဲ့လား....။ ဒါဟာ ကံဆိုးမှုသက်သက်ကြောင့် ဖြစ်ရတဲ့ အဖြစ်ဆိုးသက်သက်လား...။ protocol breach ကြောင့် safety မဖြစ်တော့တဲ့ error မဟုတ်တော့ဘူးလား။
သေဆုံးခဲ့ရတဲ့ အသက် ၂ ချောင်းရဲ့ မိသားစုတွေဟာ “ဝမ်းနည်းပါတယ်” ဆိုတဲ့စကားလုံးနဲ့ပဲ ကျေနပ်လိုက်ကြရတော့မလား။
အသက် တစ်ချောင်းအတွက် ငွေတွေ သိန်းရာထောင်ချီပုံပေးလို့ ကြေကြစတမ်း ဆိုလျှင် ကိုယ်ကိုယ်တိုင်ရော အဲလို အဖြစ်ခံနိုင်ပါသလား။
အကယ်၍ protocol ကို တိတိကျကျ လိုက်နာခဲ့လို့ မန္တလေးကို ပြန်လှည့်နိုင်ခဲ့မယ် ဆိုလျှင် ဒီလို ဖြစ်စရာ အကြောင်း ရှိပါသလား။
ပစိဖိတ်သမုဒ္ဒရာအလယ်မှာ လေယာဉ် စက်ချွတ်ယွင်းတယ် ဆိုလျှင် “ကံဆိုးမိုးမှောင်ကျလို့” လို့ လက်ခံနိုင်စရာ ရှိပါသေးတယ်။ (ဒီလို ဖြစ်ခဲ့လျှင်တောင်မှ “စက်ချွတ်ယွင်းတယ်” ဆိုလျှင် engineer dept မှာ အပြည့်အဝ တာဝန်ရှိပါတယ်)

ခုက မြန်မာနိုင်ငံအတွင်းမှာ မည်သည့် အနီးဆုံး လေဆိပ် ၂ ခုမဆိုရဲ့ အကွာအဝေးဟာ မိုင် ၃၀၀ ထက် မပိုပါဘူး။ ဒီလေယာဉ်ဟာ နောက်ထပ် မိုင် ၃၀၀ ထပ်ပျံဖို့တောင် ဆီပို မရှိရှာလို့ လေယာဉ်မှူးဟာ ဒီလို လမ်းပေါ်မှာ ဆင်းဖို့ ဆုံးဖြတ်လိုက်ရတာပါ။

ဖြစ်စဉ်မှာ

တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံသို့ ရန်ကုန်မှ ဟဲဟိုးသို့ ပျံသန်းလာသည့် Air Bagan လေယာဉ်မှာ
ဟဲဟိုး လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် လေယာဉ်ကွင်း အနီးတွင် စက်ချို့ယွင်းပြီး ဟဲဟိုး တောင်ကြီး
လမ်းတွင်မောင်နှင်လာသော ဆိုင်ကယ်အား လေယာဉ်တောင်ပံဖြင့် ပွက်တိုက်မိသဖြင် ဆိုင်ကယ်စီးနှင် လာသော
မောင်ပြားနှင် ဌေးအောင် တို့မှာ စ၀်စံထွန်းဆေးရုံ ကြီးသို့ လာရောက် ဆေးကုသရာ 13း00 အချိန်တွင် မောင်ပြား
အသက် (36)နှစ် ကွမ်းပုံရွာ၊ ဘန့်ကွဲမြို့နယ်၊ နေသူမှာ စ၀်စံထွန်း ဆေးရုံအတွင်းဆေးကုသစဉ် သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။
လေယာဉ်ပေါ်တွင်လိုက်ပါလာသော ထိခိုက်ဒဏ်ရာရရှိသည့် ခရီးသည်များအား တောင်ကြီးစ၀်စံထွန်းဆေးရုံကြီးသို့ လာရောက်ပိုဆောင်ရာတွင်
ထိခိုက်ဒဏ်ရာရရှိသူ နိုင်ငံခြားခရီးသည် ကျား-၂ ဦး၊ မ-၂ ဦး၊ ပြည်တွင်းခရီးသည် ကျား-၄ဦး၊ မ-၂ ဦး စုစုပေါင်း ၁၀ ဦးလာရောက်ဆေးကုသကြောင်းသိရှိရပါသည်