Tuesday, November 13, 2012

သတင်းကြီးသော မင်းသမီးမ ထွေးလေး၊ ဇတ်ရည်လည်နေသော ပရိတ်သတ်၊ အပြေးသမားသူတို.



မြောက်ပိုင်းအရိုးတွေတွန်နေကြတာလဲ နှစ်ပတ်လည်ပါတော့မည်။  သန်းကြီးမ ၊ အရိုးတွန်သံဆောင်းပါး များ မှ စ၍ ရေချိန်တက်လာသော အမှန်တရားရှာဖွေရေး တွင် ကာယကံရှင်တွေ အကြားမှာ  ဘယ်သူက   စ၍ လူသတ်သမား တွေကို ခုံ ရုံး တင်နိုင်မည်ဆိုတာ ကို ပရိတ်သတ်က တမျှော်မျှော်ဖြင်. စောင်.စား ကြည်.ရှုနေဆဲ ဖြစ်ပါသည်။ အသေးစိတ်တွေကို အပ်ကြောင်းထပ် ပြန်ပြောရင်း၊ အကြိမ်ကြိမ် ထွက်လာသော အင်တာဗျူးတွေကို လူတွေ က နဲနဲ အီနေပြီ လို.ပြောလျှင် ပြောရက်လေ လို. မထင်စေချင်ပါ။  အလုပ်လုပ်ရာတွင် အကာနှင်. အနှစ် မကွဲပါက ခံရဦးမည်သာဖြစ်သည်။ အကာတွေနောက်တမင်လိုက်ပြီး အနှစ်ပါတာတွေကို တမင် မလုပ်ပဲထားသလားဆိုတာ၊ ကာယကံရှင်တွေက ပိုသိပါလိမ်.မည်။  ရှင်းရှင်းပြောရရင် လျှောက်ရမဲ. လမ်းကြောင်းကို လိမ်ဖယ်ဖယ် သွားနေသူများ ရှိနေသောကြောင်. အမှန်တရားနှင့် လူ.ဂုဏ်သိက္ခာ လူ.တန်ဖိုးကို မြတ်နိုးသူများ၊နှင်. ဘယ်နေရာမှာမှ ပုဂ္ဂိုလ်စွဲ အဖွဲ.စွဲမထားပဲ သစ္စာကိုစောင်.ရှောက် ကာကွယ်သူများ ၏ တိုက်ပွဲဝင်မှုများသည်လည်း တဖြည်းဖြည်း အသံမှေးမှိန်သကဲ့သို. ခံစားနေရသည်။


မြောက်ပိုင်းအရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ အခြေအနေတိုးတက်မှုများကို ကြည့်လိုက်လျှင်လဲ အားရစရာမရှိ။ မည်သည့်အချက်များ လိုအပ်နေ၍ မည့်သည့်အရာများအားနည်းနေပါသလဲ။ ပြန်လည်သုံးသပ်ဖို. လိုမည်ထင်ပါသည်။ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လူမဆန် ရက်စက်ယုတ်မာမှုများကို ဖေါ်ပြခဲ့ကြရာတွင်  ပြည်တွင်းပြည်ပရှိ မတရားမှုကို ဆန်.ကျင်သော အင်အားစုများ၏ တိုက်ပွဲဝင်မှုကြောင့် အောင်မြင်ခဲ့သည်၊ဤသို. ပြောလျှင်  အငြင်းပွားဖွယ်ရာ မရှိပါ။ သို.သော်လည်း လူသတ်သမားများအား အရေးယူနိုင်ရေး လုပ်ဆောင်မှုများတွင် အင်အားမရှိ အားနည်းနေသည်ကို တွေ.နေရသည်မှာ စိတ်ပျက်စရာကေါင်းလှပေသည်။
ကျနော်ကတော. ဤသို.ရှင်းရှင်းလေးမြင်ပါသည်။


အရိုးတွန်သံများ အပိုင်း ၃ အပြီးလောက်မှ မှ စတင်၍ နန်းအောင်ထွေးကြည် ဆိုသည့် အမည်တစ်ခုသည် လူအများကြားတွင် ထင်ရှားလာခဲ့သည်၊ အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ နိုင်ငံခြားတွင် နေထိုင်နေခြင်း၊ သူမကိုယ်တိုင် ထိုလူမဆန် ယုတ်မာရက်စက်မှုများကို ခံစားလာခဲ့ရခြင်းတို.ကြောင့် လူအများ၏ ဆက်သွယ်အားပေးမှုနှင့် အလေးပေးမှုများကို တခြားသောမြောက်ပိုင်းပြန်များထက် ပိုမို၍ ရရှိခဲ့သူတစ်ဦး ဖြစ်လာခဲ့သည်၊ သူမနှင့်ဆက်သွယ်ရန် အဆင်ပြေခြင်း၊ ကိုယ်တိုင်ခံစားခဲ့သူတစ်ယေါက်ဖြစ်ခြင်းတို.ကြောင့် တိုက်ပွဲဝင်နေသူများမှ သူမအား လက်တွဲပါဝင်တိုက်ပွဲဝင်ရန် မျှော်လင့်ခဲကြသည်/ ၂၀၁၂ ဧပြီလတွင် နန်းအောင်ထွေးကြည်၏ အမေရိကားသို. လာရောက်ခဲ့သော ခရီးစဉ်ကို ကြားသိရခဲ့စဉ်က အင်မတန်မှ ၀မ်းသာမိခဲ့သည်။

လူသတ်တရားခံများကို မည်ကဲ့သို. တိုက်ပွဲဝင်မည်ဆိုသည့် သတင်းကို စောင့်ကြည့်နားထောင်မိခဲ့သည်။ မျှော်လင့်ထားသကဲ့သို.ဖြစ်မလာခဲ့ပါ၊ တိုက်ပွဲဝင်နေသူအချင်းချင်း စိတ်ဝမ်းကွဲခြင်း နားလည်မှုလွဲခြင်းများဖြစ်နေသည်ကို သိခဲ့ရသည်၊ ထိုအချိန်မှ စ၍ မြောက်ပိုင်းကိစ္စလုပ်ဆောင်မှုများကို နန်းအောင်ထွေးကြည်အနေဖြင့် သူမ၏ သဘောအတိုင်း လုပ်ဆောင်နေခဲ့သည်ကိုသာ သိခဲ့ရသည်၊ အေဘီ ဥက္ကဌဟောင်း ထွန်းအောင်ကျော်ဆိုလျှင် နန်းအောင်ထွေးကြည်ကို စာထုတ်၍ ချဲမည်၊တိုက်မည်အထိဖြစ်ခဲ့သည်။ တော်တော်ဖြောင်းဖျလိုက်ရသည်ဟုလည်း ကြားခဲ့ရသည်။

နောက်ပိုင်းတွင် ထိုနှစ်ယေါက် မည်ကဲ့သို. ပြေလည်သွားသည်မသိ၊ ဘန်ကေါက်ခရီးစဉ်အထိ လေယာဉ်လက်မှတ်ပေး၍ အဖေါ်ခေါ်ခဲ့သည်ကိုလည်း တွေ.ရပေသည်။ ထူးခြားပေစွ။
ယခုလုပ်ဆောင်နေသော လူသတ်သမားများကို အရေးယူရေး ကိစ္စများနှင်. အမှု မှန် ဖေါ်ထုတ်ရေးတွင် စတင် ဦးဆောင်တိုက်ပွဲဝင်ခဲ့သော သူများ၏ အကြံဥာဏ်၊ လုပ်ဆောင်မှုများ မပါဝင်သည်ကိုလည်း ခံစားမိသည်။ ထိုသူများ ဦးဆောင်တိုက်ပွဲဝင်ပါက ယခုကဲ့သို. အားနည်းယုတ်လျော့သော နည်းနာများ လုပ်ဆောင်မှုများ ဖြစ်ပေါ်နေမည်မဟုတ်။

တော်သောထက်သောအဖြစ်ရှိသောသူများ ကို အသည်းတယားယား ဖြစ်စေ၊ ပြီးလျှင် ထိုသူတွေက
မြောက်ပိုင်းကိစ္စအမှုမှန်ဖေါ်ထုတ်ရေးနှင့် ပတ်သက်၍ တော်ပြိ ဝေးဝေးပဲနေတော.မယ်လို. စိတ်ပျက်သွားရလောက်အောင် တတ်နိုင်သော နန်းအောင်ထွေးကြည် လို. ခံစားရပါသည်။
သတင်းကြီးလှသော မင်းသမီးမထွေးလေး အနေဖြင်.အေဘီမှ  သားသတ် သမားတို.၏ ချိုးဖေါက်မှု များကို ဖေါ်ထုတ်ချင်လျှင်ဖေါ်ထုတ်နိုင်မည်. အခွင့်အရေး ၂ ခါ ရရှိခဲ့သည်၊ ပထမတစ်ခါမှာ သူမ မြောက်ပိုင်းမှ ထိုင်းနိုင်ငံကို ရောက်ရှိချိန်တွင် ၁၉၉၄ ၁၉၉၅ က အေဘီခေါင်းဆောင် တို.၏ ယုတ်မာရက်စက်မှုများကို မခံနိုင်သော သူများက သူမ အားဆက်သွယ်၍ ထိုကိစ္စများကို ဖေါ်ထုတ်လိုကြောင်း၊  တာဝန်ရှိသူများကို အရေးယူရန် သူမ အနေဖြင်.ရှေ.ထွက်ဖို.လိုကြောင်း ပြောခဲ.ဆက်သွယ်ခဲ.သည်ဟု သိရသည်။  ၂ ကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့သည် ဟု အတိအကျကြားခဲ.ရသည်။

၁၉၉၅၌ သူမကို ကူညီလိုသူများမှာ အမေရိက ပင်ဖြစ်သည်။  ဆက်သွယ်ပေးသော သူများသည် သူုမ ကိုယ်ပေါ်မှာ ဒဏ်ရာ ဒဏ်ချက် များ အမာ ရွတ်များကို ကြည်.၍  ရင်ထုမနာဖြစ်ခဲ.ကြသည်။ သို.သော် ရော်နယ်အောင်နိုင်၊ဒေါက်တာနိုင်အောင် လိုယုတ်မာတဲ.ကောင်တွေကို ဖေါ်ထုတ်ရမယ်ဆိုတဲ. စေတနာ ရိုးရိုးဖြင်. ဆက်သွယ် ကမ်းလှမ်းအားပေးမှုများကို မနန်းအောင်ထွေးကြည်ငြင်းပယ်ခဲ.ပါသည်။ ဘာမှ မလုပ်ချင်ဘူး၊ ကျွ့န်မစိတ်မ၀င် စားပါဘူးပြောဆိုတုန်.ပြန်ခဲ.သည်ဟု  ကြားခဲ.ရသည်။

ရှိစေတော့။ ထိုအချိန်က သူမအနေဖြင့် အားငယ်စိုးရွံ.မှုနှင့် ကြောက်စိတ်တွေ မသေချာမှုတွေ ရှိကေါင်းရှိနေပေလိမ့်မည်။ ယခု ဒုတိယအကြိမ် ပြည်တွင်းပြည်ပမှ အင်အားစုများ၏ တိုက်ပွဲဝင်မှုကြောင့် လူသတ်တရားခံများအား ပြန်လည်အရေးယူရန် အခွင့်အရေးပြန်လည်ရရှိသောအခါတွင်လည်း ထိုတိုက်ပွဲဝင် အင်အားစုများ၏ ထက်သန် ထိရောက်သော အကြံဥာဏ်၊ သူတို.၏ အကြောက်အရွံနည်းစွာ တာဝန်ယူလိုမှုကို  အလျဉ်း ဂရုမစိုက် အရေးတယူမရှိပဲ ရွှေမင်းသမီးလုပ်၍ တပင်တိုင်ကကြိုး ကနေသည်ကို တွေ.နေရပေသည်။ အက မကျွမ်းကျင်၍ ခြေခေါက်လဲမည်ကို မြင်ယေါင်မိပါသေး။ လူသတ်တရားခံ ဒေါက်တာနိုင်အောင် မြန်မာပြည်သို. သွားရောက်ခဲ့သောအခါတွင်လည်း မည်သည့်ကန်.ကွက်မှု အရေးယူမှုများ မလုပ်နိုင်သည့်အပြင် ဒေါက်တာနိုင်အောင်၏ ထပ်ဆင့်စော်ကားမှုပါ မြောက်ပိုင်းပြန်များခံလိုက်ရသေးသည်၊

မြောက်ပိုင်းလူသတ်မှုတွင် တာဝန်ရှိခဲ့သော ဒေါက်တာနိုင်အောင်၏ အင်အား အရင်းအမြစ်သည် မြန်မာပြည်ထဲတွင် မဟုတ်၊ ပြည်ပတွင်ဖြစ်သည်။ သို.သော်-သူကျွေးထား၊ပေးထား နိုင်ငံခြားပို.ထားသော တပည်.ဆိုသူများ ကို လက်ချိုးရေတွက်လျှင်ရသည်။ ထို အရင်းအမြစ်များကို အရင်ဦးဆုံး ဖြိုဖျက်နိုင်မှသာ ဒေါက်တာနိုင်အောင်ကို အလဲထိုးနိုင်မည်ဖြစ်သည်ကို မမေ့သင့်။

ကျနော်တည်.တည်.ပြောပါတော.မည်။ နိုင်အောင်နှင်.သူ.တပည်.များသည် နန်းအောင်ထွေးကြည်ကို မကြောက်ပါ။ နိုင်အောင်.လန်.သောသူများကို နိုင်အောင်ကိုယ်တိုင်သိပါ၏။ င်အောင်ထွေးကြည်ကို နှိပ်စက်ဒုက္ခပေးခဲ.သောသူများသည် အသင်းအပင်းနဲ. ဆက်စည်းရုံး နေဆဲလို.ဆိုနိုင်သော်လည်း၊ မသေချာသော ဒီ မိန်းကလေး၏စိတ်ပိုင်းဆိုင်ရာကို အထာနပ်ထားပြီးသား လူလည်ကြီးတွေ ဖြစ်နေသောကြောင်. နန်းအောင်ထွေးကြည် ခြေလှမ်း အတိုင်းသူတို.  ကြည်.ကနေရုံဖြင်. သူတို.အတွက် လွတ်လမ်းရနိုင်သည်ကို သိပြီးသားတွေဖြစ်နေ၏။

စော်ကားသည်ဟု မထင်မှတ်စေချင်ပါ၊ ထိုအရင်းအမြစ်များ ဖြိုဖျက်ရေးကို မြောက်ပိုင်းပြန်များမလုပ်နိုင်ပါ၊ ပြည်ပတွင်နေထိုင်သော နန်းအောင်ထွေးကြည်လဲ မလုပ်နိုင်ပါ၊ သိုသော်လည်း ပြည်ပမှ မြောက်ပိုင်းလူသတ်မှုကို ဆန်.ကျင်တိုက်ပွဲဝင်နေသော သူများတွင် လုပ်ဆောင်နိုင်သော သူများပါဝင်ပါသည်။ ထိုသူများ၏ ဦးဆောင်မှု ကို ရယူနိုင်မှသာ ဒေါက်တာနိုင်အောင်အား အရေးယူနိုင်ရေး အောင်မြင်ပါလိမ့်မည်။ သို.မဟုတ်ပဲ ယခုကဲ့သို. ဆက်လက်လုပ်ဆောင်နေပါက ပိုးသာကုန် မောင်ပုံ စောင်းမတတ် စကားပုံကဲ့သို. ဖြစ်ပါလိမ့်မည်။

တိုက်ဟန်ပြ၍တကယ်မတိုက်သော တိုက်မြင်းအတုအယောင် များကို သုံးခြင်းဖြင်. ရန်သူ က မိမိကို  ရယ်မောဟားတိုက်အောင်မလုပ်တန်ရာ။ တွက်ချက်တတ်သော ရန်သူသည် (သူကိုယ်တိုင် အကြောက်တရားမကင်းသော်လည်း)  သူ.အတွက်ကောင်းစွာ မလုံခြုံသော နေရာမှပင် ဒူးလှုပ် ပေါင်လှုပ်ဖြင်. လေချွန်နေလေသရော.လားဟု ခံစားနေရပါသည်။ ကျနော်.တွက်ချက်မှု မှန်လို. ခင်ဗျားမှာ ဘေးက စေတနာဆိုးတွေ နဲ. လှော်နေတဲ.သူတွေရှိနေ ခဲ.လျှင်၊ နိုင်အောင်.ကို တော. ဘေးမဲ.ပေးရမှာပဲ ဆိုတဲ. အညံ.စား တဲ.စိတ်ဓါတ်မျိုး ဘာအကြောင်းကြောင်.နှင်.မျှ တရံတခါမတောင် ပေါ်မလာစေချင်ပါ။ တချိန်ထဲမှာပဲ မမေ.မလျှော.စောင်.ကြည်.နေသော ပရိတ်သတ်၏ရေချိန်ကိုပါ ခင်ဗျားနားလည်နေသင်.သည်။ စစ်မရောက်ခင်မြှားကုန် ၊ ပိုးသာကုန်မောင်ပုံ စောင်းမတတ်၊ကွျှဲပါးစောင်းတီး  ဒီစကားတွေကို လူဖျင်းလူညံ.တွေ အတွက်ပဲ သုံးချင်ပါသည်။

သတင်းကြီးသောမင်းသမီးမထွေးလေး၊ ပြည်သူ.မေတ္တာ၊ ဂရုဏာကို ခံယူလျှက်၊ပြည်တွင်းမှာအားလုံးအဆင်ပြေပါစေ။ ပရိတ်သတ်ဇွဲ ကြီးသလောက်  ခင်ဗျားဖက်က ရိုးသားစွာ ကပြနိုင်ပါစေ။  ကြိုးစားပါရဲ.နဲ. ခြေချော် ခြေခေါက် တရံတခါဖြစ်ခဲ.လျှင် ထူပေး မဲ.သူများရှိပါသည်။ သို.သော် ကိုယ်.ဖက်ကအားထုတ်မှု မမှန်ကန်လို. မြောက်ပိုင်း၊ မြောက်ပိုင်းဖြင်. ဒီဇတ်လမ်း ဒီ ခေါင်းစဉ်က အမျှင်မပြတ် နိုင်အောင် တငင်ငင်နဲ.ပေမရှည်စေလို။   ၀ါသနာအရ အနှစ်မပါတဲ. အကာ ရုပ်ပြတွေနဲ. ပရိတ်သတ်ကို ညာ ချနေသလို ဖြစ်များဖြစ်နေခဲ.လျှင် ကျဆုံးခဲ.သော ကိုထွန်းအောင်ကျော် (မန္ဒလေး )၏စကားများကိုသာ ပြန် အမှတ်ရသင်.သည်။ 
.