Tuesday, October 30, 2012

ရိုဟင်ဂျာမရှိ ဘင်္ဂလီသာရှိ

မရှိတာကို ရှိနေသလိုလိုနဲ့ နားယဉ်သွားအောင် ထပ်ခါတလဲလဲ ရိုက်သွင်းပေးသူတွေ ရှိနေတာကို သတိပြုကြရပါမယ်။ အဲဒီသူတွေကတော့ ရိုဟင်ဂျာ မြှင့်တင်ရေး (Rohingya Promotion) ကို လုပ်ချင်သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို တမင်ရည်ရွယ်ချက်ရှိရှိ ပြောဆို သုံးစွဲကြပါတယ်။ ကန့်ကွက်သံတွေကို လေးစား လိုက်နာမှု မရှိဘဲ “ငါ့စကား နွားရ” ဆိုတဲ့အတိုင်း ထပ်ခါတလဲလဲ ပြောဆိုကြပါတယ်။ နောက်ဆုံးမှာ တကယ်ရှိတယ်လို့ ထင်အောင် လုပ်ဖို့ ကြိုးပမ်းကြပါတယ်။ ဒါဟာ ဝါဒမှိုင်း ရိုက်သွင်းတာတမျိုး ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ လူမျိုးအနေနဲ့ လူ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့တာကြောင့် တိုင်းရင်းသား လူမျိုးစုလို့ မသတ်မှတ်နိုင်ပါဘူး။ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို မသုံးစွဲကြဘဲ ဘင်္ဂလီလူမျိုးလို့သာ ပြောဆိုမှသာ လုံလောက် မှန်ကန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် မြန်မာတွေကမှ သစ္စာမစောင့်စည်းနိုင်ရင် မြန်မာမဟုတ်တဲ့ ဘယ်သူမှလာပြီး သစ္စာစောင့်ပေးမှာ မဟုတ်ပါဘူး။ ဒါဆို တိုင်းပြည် ပျက်ဖို့သာ ရှိပါတာ့မယ်။ မြန်မာဖြစ်ရက်နဲ့ မြန်မာနိုင်ငံကို ဖျက်ဆီးသူအဖြစ် သမိုင်းမှာ နာမည်ပျက်မခံကြရစေဖို့ ဂရုတစိုက် ရှိစေချင်ပါတယ်။

https://www.facebook.com/photo.php?fbid=366544336767778&set=o.362156170463358&type=1&theater