Wednesday, October 31, 2012

အမျိုးဘာသာ သာသနာမကွယ်ပျောက်စေဖို့ အစွန်းရောက်သင့်ရင်ရောက်ရမယ်

ဗုဒ္ဓဘာသာ ၉၄% ရှိတဲ့တိုင်းပြည်မှာ
မွတ်စလင်နိုင်ငံဘယ်လိုကြောင့် ဖြစ်သွားနိုင်မှာလဲ ဆိုလို့ ဗုဒ္ဓဘာသာရာနှုန်းပြည့်ရှိတဲ့ တိုင်းပြည်တွေ ဓားမိုးသာသနာပြုခဲ့တဲ့ ဘာသာခြားတွေကြောင့် သာသနာလုံးဝပျောက်ကွယ်သွားတဲ့နိုင်ငံတွေ ရှိခဲ့တယ် ရှိနေတယ်ဆိုတာ မသိတာလား မသိဟန်ဆောင်တာလားလို့ မေးချင်ပါတယ်။ စိတ်ထဲရှိတာကို ပြောတော့မယ်ဆိုရင် မျက်တောင်မွှေးတဆုံးပဲ ကြည့်မပြောဘဲ သမိုင်းကြောင်းကိုသေချာလေ့လာပြီးမှ ရေးတာပိုကောင်းပါလိမ့်မယ်။သို့မဟုတ်ပါက ကျူးကျော်သူဘင်္ဂါလီတွေဘက်ကနေ အားပေးရာရောက်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းရာကျပါတယ်။

ဘင်္ဂါလီတွေဘက်ကနေ ပြည်တွင်းနေ၊ ပြည်ပနေ ဘာသာတူတွေကနေ တစ်ကမ္ဘာလုံး အားလုံးတစ်သံတည်းထွက်နေကြချိန်မှာ ဗုဒ္ဓဘာသာမြန်မာဆိုသူတွေထဲကနေ ခုလို သူတော်ကောင်းလိုလို အရိယာဖြစ်နေသူလိုလို လုပ်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းနေကြတာ တော်တော်ဆိုးပါတယ်။ ဒါဟာ လူကြီးလူကောင်းမျက်နှာဖုံးစွပ်ထားတဲ့ ဘင်္ဂါလီအားပေး လုပ်ရပ်တွေ ဖြစ်ပါတယ်။ အမျိုးသားရေးဆိုတာဟာ ကိလေသာကုန်ခန်းအောင် ရိပ်သာဝင်ပြီး တရားအားထုတ်နေတာမဟုတ်လို့ ဘုရားစာအုပ်ကြီးတွေနဲ့ နေရာတကာ ကိုင်ပေါက်လွန်းတာ မကောင်းပါဘူး။သူ့နေရာနဲ့သူသာ ဖြစ်သင့်ပါတယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးတာင်မှ အလောင်းတော်ဘ၀တွေက ငရဲကြီးခံပြီး စစ်တိုက်ပြီး ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်ရေးကို လုပ်ခဲ့ရပါသေးတယ်ဆိုတာ သိဖို့လိုပါတယ်။

အမျိုးသားရေးလုပ်တဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေကို အစွန်းရောက်တယ်ပြောရအောင် ဒီသံဃာတော်တွေက သူများနိင်ငံကို မတရားကျူးကျော်ဖို့ သူများဘာသာကိုမတရားဖျက်စီးဖို့ ဘာသာခြားမိန်းကလေးကို မုဒိမ်းကျင့်သာသနာပြုဖို့ ဘယ်သူကမှ ဟောပြောနေတာမဟုတ်ပါဘူး။ ကိုယ့်အမျိုး၊ဘာသာ၊သာသနာနဲ့ ကိုယ့်လူမျိုး မိန်းမပျိုလေးတွေ မတရားအဖျက်စီးမခံရအောင် ကာကွယ်ဖို့ ဟောပြောနေကြတာပါ။ မိမိကိုယ်မိမိ ကာကွယ်ဖို့ ဟောပြောတဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေကို အစွန်းရောက်လှုံ့ဆော်နေတယ်လို့ ဝေဖန်ပုတ်ခတ်ပြီး စနစ်တကျစီမံကိန်းနဲ့မြန်မာပြည်ကို သိမ်းဖို့ လူသတ် မုဒိမ်းကျင့်ပြီး တိုင်းရင်းသားမဟုတ်ဘဲနဲ့တောင် တိုင်းရင်းသားပါလို့ လိမ်ညာဝါဒဖြန့်နေကြသူတွေကိုတော့ အစွန်းရောက်လို့ ထည့်မရေးထားတာဟာ တဖက်စောင်းနင်းနိုင်လွန်းလှပါတယ်။
သံဃာတော်တွေပေမဲ့ ကိုယ့်နိုင်ငံအရေးကို မျက်နှာလွှဲမနေနိုင်ရှာဘဲ စာသင်စာချလုပ်တဲ့အချိန်ထဲက အချိန်တွေဖဲ့ပေးပြီး ထောင်နှုတ်ခမ်းနင်းပြီး အမျိုးသားရေးလုပ်ကြတာကို ကျေးဇူးမတင်ရင်တောင်မှ မစော်ကားသင့်ပါဘူး။

ကိုယ့်အမျိုး၊ဘာသာ၊သာသနာကိုကာကွယ်ဖို့လုပ်ကြတာကို အစွန်းရောက်တယ်လို့တံဆိပ်ကပ်ရင်တော့ဖြင့် အစွန်းရောက်ရုံမက တဖက်ကမ်းတောင် လွန်သွားပါစေ အစွန်းရောက်ချင်ပါတယ်။ ကိုယ့်ကိုကိုယ် အရမ်းမျှမျှတတရှိတဲ့လူကြီးလူကောင်း သူတော်ကောင်းကြီးလို့ လူတွေ အထင်ကြီးခံပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကွယ်ပျောက်သွားတာထက်စာရင် အစွန်းရောက်ဝါဒီနာမည်တပ်ခံပြီး ကိုယ့်နိုင်ငံ၊လူမျိုးနဲ့ သာသနာကို ကာကွယ်နိုင်မဲ့ အမျိုးသားရေးကိုပဲ လုပ်သွားပါ့မယ်။

အမျိုးသားရေးဝါဒီ ဆရာတော်သံဃာတော်တွေ မြန်မာမျိုးချစ်တွေ အစွန်းရောက်တယ်ဆိုရင်လည်း ဒါဟာ အစွန်းရောက်အကြမ်းဖက်ဝါဒီတွေနဲ့ ရင်ဆိုင်နေရလို့သာ ဖြစ်တယ်ဆိုတာ နားလည်ပေးဖို့လိုပါတယ်။ ကိုယ့်လည်ပင်းကို ဓားနဲ့လှီးမဲ့ အကြမ်းဖက်ဝါဒီတွေကို ယဿာနုဘာဝါတော ဆိုပြီး မေတ္တာသုတ်ရွတ်လို့မရလို့သာ ဆရာတော်တွေကပါ ဘင်္ဂါလီဆန့်ကျင်ရေး အော်နေရတာပါ။

ဗုဒ္ဓ တရားတော်တွေကို လိုရာဆွဲပြီး ဘင်္ဂါလီအားပေးလုပ်တာတွေကို မလိုလားပါဘူး။ ဗုဒ္ဓတရားတော်တွေကို သုံးပြီး သာသနာကို ဖျက်စီးမဲ့ ကျူးကျော်သူတွေကို အာပေးတဲ့လုပ်ရပ်တွေ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ဒီနေရာမှာ သင်္ကန်းဝတ်ထားပြီး သက်တော်ဝါတော်ကြီးနေတာတောင်မှ အမျိုးသားရေးအတွက် လိုအပ်လာရင် စစ်တပ်ထဲဝင်မယ်ဆိုတဲ့ ရွှေည၀ါဆရာတော်လို အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ သံဃာတော်များကို ဦးညွှတ်ကန်တော့ပါတယ်။

မြန်မာနီးရှားနိုင်ငံဖြစ်မှာကို လက်မခံတဲ့

ဘကတအဖွဲ့

(မှတ်ချက် ။အမျိုးသားရေးလုပ်တဲ့ ဆရာတော်တွေကို ဝေဖန်ထားတဲ့ စာရေးသူကိုတိုက်ခိုက် စော်ကားလိုခြင်းမရှိဘဲ သူရေးထားတာကိုသဘောမတူလို့ ဘကတအမြင်ကို ရေးသားခြင်းဖြစ်ပါတယ်။)