ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပြသာနများ ပြေလည်သွားရန် ဘင်္ဂါလီများ
လုံးဝ မရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား သမိုင်း ပညာရှင် ဒေါက်တာ
အေးချမ်းက သုံးသပ်လိုက်သည်။
ဒီပြသာဖြစ်လာတာ နှစ်ပေါင်း ၇၀ ကျော်လာပြီ။ နောက်ထပ်မဖြစ်စေချင်ရင် လုံးဝ သီးခြားစီထားရမယ်။ ၀င်မလာနိုင်အောင် ခြံစည်းရိုးကို မြင့်မြင့်ကာရမယ်“ ဟု ဒေါက်တာအေးချမ်း က ရှင်းပြ
.

သည်။
ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလားဒေခ်ျ့ နယ်စပ်ဒေသဖြစ်သော မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်လူဦးရေ ၉ရာခိုင်နှုန်းခဲ့သာ နေထိုင်လျှက်ရှိပြီး ကျန်ရာခိုင်နှုန်းများကို ဘင်္ဂါလီများ ကြီးစိုးထားသည်။
ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သမိုင်းဖြစ်ရပ်များ ကို ဆွေးနွေးတင်ပြနေသော သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း
ဓါတ်ပုံ - The Voice Weekly