Thursday, July 19, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ခွဲခဲ့သူ ကျားဖြူမမ ဆိုသည်မှာ-




အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
အသက်-(၃၀) နှစ်
အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖမ်းဆီးမှုတွင် ဗိုလ်ချုပ် ဆေထင်ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇(၁)တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တောရပ်ကွက်တွင် အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
ခင်ပွန်းအမည်-ခွန်ဌေးနိုင်လော

နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး တရားခံများဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊ တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ ပြန်လည်တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့် ရှေ့နေမ တစ်ဦးဖြစ်သည်။


ခင်ပွန်းဖြစ်သူမှာ ဗိုလ်နေ၀င်းရဲ့ ဒေါက်တိုင် ဒုတိယ-ဗိုလ်မှူးကြီးထွန်းရင်လော (မြသန်းတင့်၊ ဗန်းမော် တင်အောင်၊ လူထုစိန်ဝင်းနှင့် ရဲဘော်ဖိုးသံချောင်းတို့ကို ကျွန်းသို့ပို့ဆောင်ခဲ့သူ) ၏တူတော်မောင် ခွန်ဌေးနိုင်လော ဖြစ်သည်။


ထွန်းရင်လောဆိုသူမှာ ပအိုဝ်းအမျိုးသား လောက်ကောင်အဖြစ် ပအိုဝ်းပြည်သူများက သတ်မှတ် ခံထားရသူဖြစ်သည်။ မဆလ ဒေါက်တိုင်ဖြစ်သလို နအဖ ညောင်နှစ်ပင်ညီလာခံတွင်လည်း သဘာပတိအဖြစ် ကုလားထိုင်ပေါ် တက်ခွထိုင်ဖူးသူဖြစ်သည်။


လက်ရှိ နန်းဝါနု ခင်ပွန်း ခွန်ဌေးနိုင်လောမှာ အမြဲတမ်းသောက်စားနေသူဖြစ်သည်။ တကယ့်ယစ်ထုတ် ကြီးဖြစ်နေပါသည်။ ဇနီးသည်မှာလည်း ရုပ်ရှည်ချောမောသဖြင့် စိုင်းအိုက်ပေါင်းတို့ လက်စွဲတော်ဖြစ် နေသည်ကို သိရှိသဖြင့် ထွက်ပေါက်ရှာသည့်အနေဖြင့် ပိုမိုအရက်သောက်နေသူဖြစ်သည်။


ဖခင်မှာလည်း ဇိမ်ခန်းဖွင့်လှစ်ထားသဖြင့် စိုင်းအိုက်ပေါင်းကဲ့သို့သောလူများ ရန်ကုန်တွင် ခြေငြိမ် သလောက် တောင်ကြီးတွင် ထင်တိုင်းကျဲနေသည်မှာ နန်းဝါနုဖခင်ဖွင့်ထားသော ဇိမ်ခန်းတွင်ဖြစ် သည်။ တကယ်လည်း စိုင်းအိုက်ပေါင်းသည် ရန်ကုန်တွင် ဗြောင် မ'ဘူး'ရဲပါ။ တောင်ကြီးတွင်သာ စိတ်လွတ်ကိုယ်လွတ် 'ဘူး'ပါသည်။ ထို့ကြောင့်လည်း နန်းဝါနုဖခင် ဇိမ်ခေါင်း စိုင်းဦးဆိုင်နှင့် ဖောက်သည်ဖြစ်သွားပုံရသည်။


၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာစိုင်းခမ်းလှိုင်သည် ကော်မရှင်

အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ နအဖ အခြေခံဥပဒေ နောက်ဆုံးရေးဆွဲသည့် ၅၄ ဦးကော်မတီတွင် လည်း ဒေါက်တာစိုင်းခမ်းလှိုင်ပါဝင်သည်။ (ညောင်နှစ်ပင်ညီလာခံအပြီးတွင် သိန်းစိန်ဦးဆောင်သော အခြေခံဥပဒေ နောက်ဆုံးအချောသတ်ရေးဆွဲသည့် ၅၄ ဦးကော်မတီဖြစ်သည်)

ဒေါက်တာစိုင်းခမ်းလှိုင်သည် နန်းဝါနု၏ဦးလေးအရင်းခေါက်ခေါက်ဖြစ်သည်။ ဒေါက်တာစိုင်းခမ်းလှိုင် သည် ၂၀၁၀ -ရွေးကောက်ပွဲတွင် ကော်မရှင်မှ ထွက်ကာ ကွန်ဟိန်းမဲဆန္ဒနယ်တွင် ကြံ့ဖွတ်အမတ် အရွေးခံသည်။ စိုင်းအိုက်ပေါင်းကလည်း စိုင်းခမ်းလှိုင်တူမဖြစ်သူ နန်းဝါ၀ါနုကိုရွေးချယ်ကာ ကျားဖြူ အမတ်အဖြစ် ကွန်ဟိန်းတွင် ၀င်ရောက်ယှဉ်ပြိုင်စေသည်။ ကွန်ဟိန်းရှမ်းများ ကြံ့ဖွတ်ကို အော့နလုံး နာသဖြင့် နန်းဝါနုသည် အရွေးခံ အမတ်ဖြစ်လာသည်။ ဦးလေးဖြစ်သူ ဒေါက်တာစိုင်းခမ်းလှိုင်ကလည်း ရွေးကောက်ပွဲအပြီးတွင် နန်းဝါနုအား ကော်မရှင်ထံတရားစွဲသည်။ စိုင်းအိုက်ပေါင်း အားဖြည့်ကူညီ သဖြင့် ကော်မရှင်တွင် နန်းဝါနု အနိုင်ရကာ အမတ်ဖြစ်လာပြီး လွတ်တော်တွင်းရောက်လာသူဖြစ် သည်။


အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုကို နန်းဝါနု မသိပါ။ နားမလည်ပါ။ စိုင်းအိုက်ပေါင်း ဖတ်ကြားခိုင်းလို့

ဖတ်ကြားလိုက်ရပါသည်။ လွတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်ရခက် ထရခက်ဖြစ်အောင်
နန်းဝါနုက လုပ်ချလိုက်ခြင်းဖြစ်ပါသည်။

အကျိုးရလာဒ်အဖြစ် တောင်ကြီးအက်စ်ဘီနှင့် စရဖများ ၂၀၁၂- ဧပြီလမှစပြီး ပိတ်ထားသည့် ဖခင်ဖြစ်သူ ဇိမ်ခန်းသည် မကြာမီအချိန်တွင်း ပြန်လည်ဖွင့်လှစ်လာမည်ဖြစ်သည်။


အေးချမ်းလှသော ကျနော်တို့ တောင်ကြီး-သစ်တောရပ်ကွက်သည် မကြာမီကာလအတွင်း အော်ဟစ် မူးယစ် မုန်ယိုသံများနှင့် ကြီးစိုး မင်းမူ ဆူညံပေတော့မည်။


ခွန်အောင်ခမ်းကီ (ကျောက်တလုံး)


စကားချပ်။ ရှမ်းအသိုင်းအ၀ိုင်းက နန်းဝါ၀ါနုလို ပအိုးဝ်ပျက်ကို လင်လုပ်သောကြောင့် ပစ်ပယ်နေကြသလို ယခုအခါ ပအိုဝ်းများကလည်း ဒေါ်စုကိုအရှက်ခွဲသော ဖောက်ပြန်သောရှမ်းမကို ဇနီးလုပ်သောကြောင့် ခွန်ဌေးနိုင်လောကို ပစ်ပယ်ကုန်ပြီ။ ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေပြီ။


Via ဂါမဏိ
.