Sunday, May 20, 2012

ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်၊ မိုးခေါ်လွန်ဆွဲပြိုင်ပွဲ




သတင်း။။ အလဲဘမ်းမီဒီရာ
ရာသီဥတု ပူပြင်း၍ မိုးရွာသွန်းမှု နည်းပါးသောကြောင့် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်တွင် ငါးရံမင်းပူဇော်ခြင်းနှင့် မိုးခေါ်လွန်ဆွဲပြိုင်ပွဲကို မေလ ၁၈ ရက်မှ ၂၂ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မိုးခေါ်လွန်ဆွဲပြိုင်ပွဲကို မေလ ၁၉ ရက် ညနေ ၅ နာရီကျော်က စတင်ကျင်းပခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာ ၁၀ ခုမှ ဒေသခံ အများအပြား လာရောက်ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ လွန်ဆွဲပြိုင်ပွဲကို ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ .

0 comments: