Tuesday, February 14, 2012

ပြည်ထောင်စုနေ့ အခမ်းအနား(ရုပ်သံ)


၆၅နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာကျင်းပခဲ့ပါတယ်။အဲဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး ဦးဝင်းတင်နဲ့ အခြားအဖွဲ့ချုပ်ဝင်တွေနဲ့ စိတ်ဝင်စားသူအများအပြားတက်ရောက်ခဲ့ကြပါတယ်။အဲဒီပွဲမှာ သဘာပတိ နာယက ဦးတင်ဦးမှဖွင့်အမှာစကားအနေနဲ့ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုလဲပြောကြားခဲ့­ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ခေါင်းဆောင် နှစ်ဆယ့်တစ်ဦးတို့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့ကြတာ အခုဆို ၆၅နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။

ရုပ်သံသတင်း။ ။BURMA VJ.

0 comments: