Thursday, May 12, 2011

ယခင်နဝတ နအဖ စစ်သူခိုးဂျပိုးအစိုးရနှင့် ယခု့အသွင်ပြောင်း ခွေးသူခိုးအဆိုးရ လက်ထက်တွင် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးလာ

T 6326
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးလာနေပြီး ယခင်က သစ်ထုတ်လုပ်ခြင်းသာ ရှိခဲ့ရာမှ ယခုအခါ တစ်ဖက်နိုင်ငံသို့ သစ်ပင်လိုက်ပြောင်းရွှေ့သည့် သစ်တော ပြောင်းရွှေ့မှုရှိလာကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သည် ယခင်က စိမ်းစိုသော သစ်တောများ ပေါများစွာ တည်ရှိခဲ့ပြီး သစ်ပင်သစ်တော အပါအ၀င် သဘာဝသယံဇာတများကြောင့် ထင်ရှားသော သဘာဝနယ်မြေ တစ်ခုဖြစ်ခဲ့သည်။ သဘာဝသယံဇာတများကြောင့် ထင်ရှားသော သဘာဝနယ်မြေတစ်ခု ဖြစ်ခဲ့သည်။
“သစ်တောက သိသိသာသာ ပြုန်းလာတယ်။ အရင်ကတော့ သစ်ထုတ်တာ၊ သစ်ခုတ်တာရှိပြီးသား။ တစ်ဖက်ကို သယ်နေတာ။ အခုနောက်ပိုင်းတော့ သစ်ခုတ်တာ မဟုတ်တော့ဘူး။ သစ်ပင်လိုက် အမြစ်ပါအောင် သယ်ပြီး ဟိုဘက်မှာ ပြန်စိုက်နေတာ။ သစ်တောရွှေ့တဲ့ သဘောပေါ့။ နောက်ပိုင်းဆို တရုတ်ဘက်မှာတော့ သစ်ပင်တွေ စိမ်းလန်းနေပြီး ဒီဘက်မှာတော့ သစ်တောမရှိတော့ တာတောင် ကြုံနိုင်ပါတယ်”ဟု သစ်ပင်များ ပြောင်းရွှေ့သယ်ယူမှုနှင့် ပတ်သက်၍ လေ့လာသိရှိထားသူ တစ်ဦးက ပြောပြသည်။
မြောက်ပိုင်းဒေသ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင်သစ်တောပြုန်းတီးမှု သိသာလာနေသည့် ဒေသ များတွင် အပါအ၀င်ဖြစ်နေပြီး ယင်းသို့ သစ်တောပြုန်းတီးလာမှုကြောင့် ယခင်က ရာသီဥတုသင့်တင့်မျှတခဲ့သော ကချင်ပြည်နယ်မှာ ယခုအခါ မြောက်ပိုင်းစွန်း ဒေသမှလွဲ၍ ရာသီ ဥတုပူနွေးပြောင်းလဲ ခဲ့ပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

သစ်တောက သိသိသာသာ ပြုန်းလာတယ်။ အရင်ကတော့ သစ်ထုတ်တာ၊ သစ်ခုတ်တာရှိပြီးသား။ တစ်ဖက်ကို သယ်နေတာ။ အခုနောက်ပိုင်းတော့ သစ်ခုတ်တာ မဟုတ်တော့ဘူး။ သစ်ပင်လိုက် အမြစ်ပါအောင် သယ်ပြီး ဟိုဘက်မှာ ပြန်စိုက်နေတာ
“သစ်ပင်တွေက ကာဗွန်ကို စုပ်ယူပြီး အပေါ်ယံမြေလွှာမှာ သိုလှောင်ထားတယ်။ အပင်ကိုခုတ်ရင် သူ့ရဲ့ ကာဗွန်ကို စုပ်ယူပေးခဲ့တဲ့ ပမာဏက လေထုထဲမှာ ပိုသွားပြီ။ နောက်ပြီး အပင်ကို အမြစ်ကပါ တူးယူတဲ့အတွက် အပေါ်ယံမြေလွှာမှာ သိုလှောင်ထားတဲ့ ကာဗွန်ကပါ လေထုထဲပြန်ရောက်တော့ လေထုထဲမှာ ကာဗွန် ဒိုင်အောက်ဆိုက်တွေ ပိုတိုးလာပြီး ရာသီဥတုကို ပိုပြီး ပူနွေးလာစေပါ တယ်”ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုများပြားသည့် နိုင်ငံများတွင် အပါအ၀င်ဖြစ်နေပြီး ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ပြီးပါက နံပါတ်(၄)နေရာတွင် ရှိနေသည်။ သစ်တောများ ပြုန်းတီးခြင်းတွင် လူနေမှုအတွက်နေရာ နှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေးအတွက် အသုံးပြုခြင်း၊ သစ် ကို စီးပွားဖြစ်ထုတ်လုပ်ခြင်း၊ တောမီးလောင်ခြင်း၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ တိရစ္ဆာန်စား ကျက်ချခြင်း အစရှိသည်တို့ပါဝင်နေကာ ယင်းတို့အနက် အဓိကအကျဆုံး မှာ သစ်ကို စီးပွားရေးအတွက် အလွန် အကျွံထုတ်လုပ်ခြင်းဖြစ်သည်ဟု သိ ရသည်။
“တရုတ်က မြို့ပြဖွံ့ဖြိုးရေးအတွက် စိုက်ဖို့ သစ်ပင်သယ်တယ်။ ယူနန်မှာရှိတဲ့ ရုက္ခဗေဒဥယျာဉ် အတွက် သစ်ပင်သယ်တယ်။ သယ်တဲ့အခါမှာ အရွက်တွေကို အငွေ့မပျံအောင် လုပ်ပြီး၊ စိုထိုင်းဆမထွက်အောင် ထိန်းညှိပြီး နည်းပညာသုံးပြီး သယ်တာပါ။ မြန်မာနိုင်ငံကလည်း ထိုင်း က သစ်ပင်သွင်းဖူးတာပဲ။ နေပြည်တော် တည်ဆောက်တော့ အမြင့် ၃၊ ၄ မီတာရှိတဲ့ ငုပင်၊ စိန်ပန်းပင်စတဲ့ အပင်တွေကို တင်သွင်းရတယ်။ အမှန်တော့ ကိုယ့်ဆီမှာရှိတဲ့ သစ်ပင်ကို အမြန်လိုလာတော့ တင်သွင်းလိုက်ရ တာ။ သစ်ပင်ကတော့ သွင်းတာပဲ ဖြစ်ဖြစ်၊ ထုတ်တာပဲဖြစ်ဖြစ် စီးပွား ရေးအရ ဆုံးရှုံးပါတယ်။ ကိုယ်က ပေးရတော့ ထင်းဈေးသာသာ အလကားနီးပါးလောက်နဲ့ ပေးလိုက်ရတာ။ ကိုယ်ကပြန်ယူတော့ တန်ရာ တန်ကြေးပေးလိုက်ရတာပါ”ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပြသည်။
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် နိုင်ငံနယ်စပ်သို့ သစ်လုံးများကို တင်ဆောင်ထားသည့် ကားများ နေ့စဉ်နီး ပါးဝင်ရောက်မှု ရှိနေသည်ဟုလည်း ဒေသခံများထံမှ သိရှိရပါသည်။
source/News Eleven Media Group
.

0 comments: