အ
ဆိုပါ
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာချက်သည် မြန်မာနိုင်ငံ
အစိုးရအဆက်ဆက်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေး တောင်းဆိုနေသည့် မြန်မာနိုင်ငံသားများ၊
နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့များကို
ပျက်ရယ်ပြုစော်ကားလိုက်ခြင်းသာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) အတွင်းရေးမှူး
ကိုတိတ်နိုင်က ပြောသည်။သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တသက်တကျွန်း၊ ထောင်ဒဏ်ကျခံနေရသူများအား ထောင်ဒဏ်ရပြီးသော လျော့ပေါ့ရက်များအပြင် တနှစ်လျော့ပေါ့ရရှိစေရန် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်ဟုပါရှိပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ကြိုးစားလှုပ်ရှားသူများကို ထောင်ဒဏ်အများဆုံး ၁၀၆ နှစ်ချမှတ်ထားခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် သာမန်ရာဇဝတ်သားများအတွက် ပိုမိုခံစားခွင့်ရမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများအတွက် အမည်ခံလွတ်ငြိမ်းချမ်းသာခွင့်သာ ဖြစ်ကြောင်းနှင့် လွတ်ရက်နီးသူများသာ လွတ်မြောက်လာမည်ဖြစ်ကာ အစိုးရသစ်အနေဖြင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုံးဝဖော်ဆောင်လိုစိတ်မရှိသည်ကို အထင်အရှား ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း AAPP-B ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ယင်းကြေညာချက်အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်းရှုံ့ချကြရန်နှင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြရန် တိုက်တွန်းထားသည်။
သတင်း။ရိုးမ၃
.

0 comments:
Post a Comment