Friday, May 20, 2011

အမေရိကန် မူဝါဒ ဒေါ်စုယုံကြည်

ဒေါ်အောင်ဆန်း စုကြည်က အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းနဲ့ ကြာသပတေး ညနေပိုင်းက သူ့နေအိမ်မှာ တွေ့ဆုံခဲ့ ပြီးနောက် သတင်းထောက် တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
  အမေရိကန်ရဲ့ လက်ရှိ မူဝါဒ နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်ကို သတင်းထောက် တွေက မေးတဲ့အခါ မှာတော့ စမ်းကြည့်ရမှာပဲ ဖြစ်တယ်၊ ဒီမူဝါဒကို အယုံ အကြည် ရှိပါတယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ဖြေခဲ့ပါတယ်။ အမေရိကန်ရဲ့ မြန်မာ အပေါ် စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုးမြှင့်ခဲ့တဲ့ အတိုင်း ရုပ်သိမ်းဖို့ မရှိသေးပါဘူးလို့ ထင်မြင်တဲ့အကြောင်း လည်း ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို ပြောပါတယ်။ မစ္စတာယွန်း ဝါရှင်တန် ပြန်ရောက် ပြီးရင်တော့ တစုံတရာကို တရားဝင် ထုတ်ဖော် ပြောပါ လိမ့်လို့ ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက် တွေကို ပြောခဲ့ ပါတယ်။ မစ္စတာယွန်း ကတော့ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် မြန်မာ အစိုးရဘက်က တာဝန်ရှိသူ တွေကို တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်း လုပ်နိုင်တာ တွေကို ဆွေးနွေး ခဲ့တယ်လို့ သတင်းထောက် တွေကို ပြောပါတယ်။ အမေရိကန်ရဲ့ မူဝါဒ ကတော့ ထိတွေ့ ဆက်ဆံရေး ပါပဲလို့ သူက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က စတင်တဲ့ မစ္စတာ ယွန်းရဲ့ လေးရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်းမှာ ကြာသပတေးနေ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ အရင်ဆုံး သီးသန့် တွေ့ဆုံပြီး NLD ဗဟို ကော်မီတီဝင်တွေ၊ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီဝင် တို့ကို သီးခြားစီ တွေ့ဆုံခဲ့ ပါတယ်။ ဗုဒ္ဓဟူးနေ့ ကတော့ မစ္စတာ ယွန်းဟာ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒ ကျော်စွာ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ မြန်မာ သမ္မတသစ်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က တော့ အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒက ကောင်းမွန် ပေမဲ့ ဖိအား ပေးမှုတွေ၊ ပိတ်ဆို့ အရေး ယူမှုတွေ စတဲ့ မူဝါဒ ကိုတော့ ဘယ်လောက် အလုပ်ဖြစ်တယ် ဆိုတာကို ပြန်လည် သုံးသပ်ဖို့ လိုအပ် တယ်လို့ ဘီဘီစီကို ပြောပါတယ်။ .

0 comments: