ဒုက္ခသည်ဆိုတာ အမျိုးအစား သုံးလေးမျိုး အနည်းဆုံးရှိတယ်။ အထူးသဖြင့်
နိုင်ငံရေး ဒုက္ခသည်(Political Reufgees)၊ စားဝတ်နေရေး အဆင်မပြေလို့
ထွက်ပြေးလာတဲ့ ဒုက္ခသည် (Economic Refugees)၊
သဘာဝဘေးအန္တရာယ်ကြောင့်ထွက်ပြေးလာတဲ့ ဒုက္ခသည် (Enviromental Refugees)
ဆိုပြီးရှိတယ်။ နောက်ဆုံးဒုက္ခသည်ကတော့ စစ်ပြေးဒုက္ခသည် (Refugees from War)
ဆိုတာလည်းရှိတယ်။ အားလုံးကို ခြုံကြည့်ရင်
နိုင်ငံရေးကြောင့်အားလုံးဒုက္ခရောက်ကြတယ်လို့ နားလည်နိုင်တယ်။ မြန်မာပြည်က
ဒုက္ခသည်အတော်များများ နယ်စပ်မှာရှိတယ်။ မလေးရှား၊
အိန္ဒိယနဲ့အခြားနိုင်ငံတွေမှာလည်းရှိတယ်။ တတိယနိုင်ငံသွားဖို့
ဆိုတဲ့ရည်ရွယ်ချက်နဲ့ ယူအန်လျှောက်ပြီး ထွက်ဖို့လုပ်တဲ့ဒုက္ခသည်တွေက
အများစုဖြစ်တယ်။ တချို့ ကတော့ ယူအန်အောင်လည်း တတိယနိုင်ငံကို
ထွက်ဖို့မလုပ်ကြဘူး။
နိုင်ငံရေးဒုက္ခသည်
ဒီအုပ်စုကတော့ နိုင်ငံရေးလုပ်လို့ မိမိတိုင်းပြည်ကို
ပြန်လို့မရတဲ့လူတွေပါ။ ပြန်ရင် အနည်းဆုံးအဖမ်းခံရနိုင်သလို
ထောင်လည်းကျနိုင်ပါတယ်။ သူပုန်အဖွဲ့အစည်းတွေနဲ့
အတိုက်အခံအင်အားစုကလူတွေဖြစ်တယ်။ ဥပမာ NLD ABSDF နဲ့
အခြားအဖွဲ့အစည်းတွေဖြစ်တယ်။ ပြည်တွင်းမှာ နေမရတော့လို့
ထွက်ပြေးရောက်ရှိလာတဲ့နိုင်ငံရေးသမားတွေ၊ လှုပ်ရှားသူတွေလည်း
ဒီအုပ်စုထဲမှာပါတယ်။ သူတို့ ကြောင့် တတိယနိုင်ငံတွေကို
ထွက်လို့ရတယ်လို့နားလည်နိုင်တယ်။ ၈၈-နောက်ပိုင်းမှာ ဒီလူတွေကြောင့်
အမေရိကနဲ့အခြားနိုင်ငံကြီးတွေမှာ မြန်မာတွေတပုံကြီးဖြစ်ကုန်တယ်။
စီးပွားအဆင်မပြေလို့ ဒုက္ခသည်အဖြစ်လျှောက်သူများ
ဒီအုပ်စုကတော့ ရှင်းရှင်းပြောရင် မြန်မာပြည်မှာ ငတ်လို့၊
အဆင်မပြေလို့ဒုက္ခသည်လျှောက်သူတွေဖြစ်တယ်။
တတိယနိုင်ငံတခုခုကိုထွက်ရင်အနည်းဆုံး
မိသားစုအတွက်အဆင်ပြေနိုင်လို့ဆိုတဲ့ရည်ရွယ်ချက်ကိုကိုင်ပြီး
နိုင်ငံခြားထွက်ဖို့အတွက် လုပ်တယ်။ မြန်မာပြည်ကနေ တရားဝင် အမေရိကနဲ့
သြစတျေးလျလိုနိုင်ငံတွေကို သွားဖို့လုံးဝမတက်နိုင်တော့
ဒုက္ခသည်အဖြစ်ခံပြီး၊ ထွက်တာအကောင်းဆုံးဖြစ်တယ်လို့ ယူဆသူတွေဖြစ်တယ်။
ဒီအုပ်စုမှာ ပါတဲ့လူတွေကတော့ မဲ့ဆေက်က အလုပ်သမား၊ ပြည်တွင်းက
အလုပ်သမားတွေ၊ နိုင်ငံသမားတွေရဲ့ အမျိုးတွေ၊ မိသားစုတွေပါဝင်နိုင်တယ်။
လူစုံပါပဲ။
သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခသည်ဖြစ်သူများ
နားဂစ်ကာလမှာ အိမ်မရှိ၊ ယာမရှိဖြစ်ပြီး ဘ၀ပျက်သလိုဖြစ်နေတဲ့ လူတွေလည်း
ဒုက္ခသည်ဖြစ်ကုန်တယ်။ ဒုက္ခသည်စခန်းထဲဝင်ပြီးနေရင် အနည်းဆုံး ဆန်ဆီဆားတော့
အလကားရနိုင်တယ်။ သူတို့အတွက် အဆင်ပြေနိုင်တယ်။ ကံကောင်းရင်
နိုင်ငံခြားကိုရောက်နိုင်တာပေါ့။
စစ်ပြေးဒုက္ခသည်
ဒီအုပ်စုကတော့ နအဖနဲ့ သူပုန်အဖွဲ့အစည်းတွေတိုက်ပွဲဖြစ်တဲ့အခါမှာ
နယ်စပ်ကိုထွက်ပြေးလာတဲ့တိုင်းရင်းသားတွေဖြစ်တယ်။ ကရင်၊ ချင်း၊
မွန်စတဲ့လူမျိုးတွေများပါတယ်။ သူတို့က နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ
အများကြီးရှိပါတယ်။
အထက်ကအုပ်စုတွေကို အမေရိကန်၊ သြစတျေးလျနိုင်ငံအပါအ၀င်
ချမ်းသာတဲ့နိုင်ငံတွေကနေ Quata စနစ်နဲ့လက်ခံတယ်။ ဥပမာ အမေရိကန်က
တစ်နှစ်ကိုလူအယောက်ငါးထောင်၊ သြစတျေးလျက လူအယောက်ငါးထောင် စသဖြင့်
နှစ်စဉ်ခေါ်ယူလက်ခံတယ်။ ခေါ်တဲ့ရည်ရွယ်ချက်ကတော့ သူတို့နိုင်ငံမှာ
အလုပ်သမားလိုတာကြောင့်ရယ်၊ သနားလို့ခေါ်တာကြောင့်ရယ်ဆိုပြီး လက်ခံပေးတယ်။
ဒီနေရာမှာ ဒုက္ခသည်တစ်ယောက်ကအနည်းဆုံး မြန်မာပြည်ပြန်ရင်
သူ့ဘ၀လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့အကြောင်းပြနိုင်ရင် ခေါ်တယ်။
အထူးသဖြင့် မြန်မာပြည်ပြန်လို့မရဘူးဆိုတဲ့အကြောင်းပြချက်ပဲ။
ပြန်ရင်စစ်အစိုးရ ဖမ်းလိုက်မယ်။ သတ်လိုက်မယ်ပေါ့။ ဒါကို
ဒုက္ခသည်တွေဖြစ်ချင်သူတိုင်း အကြောင်းပြချက်ပေးရတယ်။
သက်သေအထောက်အထားနဲ့ပေါ့။
သို့သော် ဒီနေရာမှာ UNHCR အပါအ၀င်၊ သံရုံးတွေကလည်း အတိအကျ မစစ်ဆေးနိုင်ဘူး။ ဖြစ်သလိုလက်ခံလိုက်တာများတယ်။
ဒုက္ခသည်အတုကိစ္စ
ဒုက္ခသည်စခန်းတွေမှာ ရန်ကုန်သိမ်ကြီးဈေးက ကုန်သည်တွေရှိတယ်။ မဂိုလမ်းက
ကုလားသူဌေးတွေရှိတယ်။ မဲ့ဆောက်က ကျောက်ကုန်သည်တွေလည်းပါတယ်။ သူတို့ရှိသလို
စစ်အစိုးရဘက်ကအရာရှိသားသမီးတွေ၊ ဆွေမျိုးတွေရှိတယ်။
သူဌေးကြီးတွေနိုင်ငံခြားထွက်ဖို့အတွက် ဒုက္ခသည်ဘ၀ကနေ ထွက်တာအလွယ်ကူဆုံး၊
တရားဝင်ဆုံးဖြစ်တော့ ဒုက္ခသည်ခံကြတာရှိတယ်။ အများဆုံးဒုက္ခသည်စခန်းမှာနေရင်
သုံးနှစ်ပေါ့။ ငွေရှိတော့ လဘ်ထိုးလိုက်ရင် တစ်နှစ်နဲ့တောင် ထွက်လို့ရတယ်။
ဥပမာ သြစတျေးလျနိုင်ငံမှာ ရောက်နေတဲ့ လူတစ်ချို့ ဆိုရင် ဒုက္ခသည်စခန်းမှာ
နေဘူးတာ သုံးလပါတဲ့။ ထွက်ခါနီးမှ ရန်ကုန်ကနေ ဘန်ကောက်ကိုလေကြောင်းနဲ့လာ၊
မဲ့ဆောက်ကို လေယျာဉ်နဲ့ဘန်ကောက်ကဆင်း၊ ပြီးတော့ စီးလုံးငှားကားနဲ့
ဒုက္ခသည်စခန်းကို ၀င်ပါတယ်လို့ပြောပြပါတယ်။
သူကြတော့ ဒုက္ခသည်ဖြစ်ရတာ တော်တော်မိုက်တယ်။ ဒီလိုလူမျိုးတွေကို
ဒုက္ခသည်အတုလို့မပြောရင် ဘယ်လိုပြောရမလဲ။ သူတို့ကြောင့် တကယ်အနစ်အနာခံရတဲ့၊
တိုင်းပြည်ကို တကယ်ပြန်ဖို့မဖြစ်နိုင်တဲ့လူတွေ ဘယ်လောက်နစ်နာရသလဲ။
စဉ်းစားကြည့်ကြပေါ့။ ဒုက္ခသည်စခန်းတွေမှာ ABSDF KNU NLD-LA DPNS
စတဲ့အဖွဲ့အစည်းက တကယ်အစစ်အမှန်တွေ ၁၀-နှစ်လောက်ဒုက္ခသည်စခန်းမှာ
ပုန်းခိုနေတာတောင် ထွက်လို့မရသေးဘူး။ ဒီအခြေအနေကို မေးကြည့်ပါ။
သွားကြည့်ပါ။
သိနိုင်ပါတယ်။
ချမ်းသာတဲ့လုပ်စားဒုက္ခသည်တွေကြောင့် ဒုက္ခသည်စခန်းမှာ
အကျင့်စာရိတ္တတွေဖောက်ပြန်ကုန်ကြပြီ။ နှလုံးထီ၊ ချဲ၊ ဘောလုံးပွဲဒိုင်ခံ၊
ဖဲရိုက်၊ အတိုးချေးစားစတဲ့ မသမာမှုတွေဖြစ်နေတယ်။ ဒါတွေကို
ထိုင်းအာဏာပိုင်နဲ့စခန်းကော်မတီတွေကလည်း မသိကျိုးကျွံပြုထားတယ်။
သူတို့အတွက်ကြားပေါက်ရတယ်ဆိုတော့ ငြိမ်းခံနေကြတယ်လို့ယူဆတယ်။
ဒီလိုမသမာမှုတွေက ဒုက္ခသည်တွေရဲ့ ဘ၀ကို ဖျက်စီးနေသလိုဖြစ်နေပြီ။
နှစ်ပေါင်းကြာရှည်စွာ လူမသိသူမသိတောထဲမှာ အထီးကျန်နေရတဲ့ဘ၀တွေကို မစာနာ၊
မိမိကောင်းစားရင်ပြီးရောဆိုတဲ့ ချမ်းသာတဲ့လူတစ်စုက အနိုင်ကျင့်နေတာကို
လက်ပိုက်ကြည့်နေလို့မရပါ။
ဒုက္ခသည်အတုတွေကို တခုခုတော့ လုပ်သင့်ပါတယ်။ အာဏာပိုင်တွေက အရေးမယူရင်
တာဝန်သိတဲ့ဒုက္ခသည်တွေက ဘယ်သူ၊ဘယ်ဝါဆိုတာကို အင်တာနက်ခေတ်ကြီးမှာ
ဖော်ထုတ်လို့ရပါတယ်။ ဒုက္ခသည်စခန်းထဲမှာ တယ်လီဖုန်း၊ အင်တာနက်၊
ဆက်တလိုက်တွေတောင်ရှိနေတဲ့ခေတ်ဆိုတော့ လုပ်ရတာလွယ်ပါတယ်။
၂၀၁၀-ခေတ်နှစ် ဒုက္ခသည်စခန်းက တော်တော်အဆင့်မြင့်လှပါတယ်။
တကယ်လို့ ဒုက္ခသည်အတုတွေကို တာဝန်သိသိနဲ့မဖော်ထုတ်ဘူးဆိုရင်
တတိယနိုင်ငံတွေက ခေါ်တဲ့ Quota စနစ်မှာ လူနည်းသွားပါလိမ့်မယ်။
နောက်ဆုံးပြောချင်တာ ဒုက္ခသည်အတုတွေက နိုင်ငံခြားကိုများများရောက်ပြီး၊
ဒုက္ခသည်အစစ်တွေက ဒုက္ခသည်စခန်းမှာ ဆက်လက်ရပ်တည်နေချင်တယ်ဆိုရင်
ဒီအတိုင်းပဲနေကြပေါ့ဗျာ။
သြစတျေးလျနိုင်ငံက ဒုက္ခသည်များ
အထက်က အုပ်စုငါးခုနေ ထွက်လာတဲ့ ဒုက္ခသည်တွေ သြစတျေးလျနိုင်ငံမှာ
သုံးလေးသောင်းရှိပါတယ်။ သြစတျေးလျသံရုံးနဲ့ယူအန်မှာလျှောက်တော့ သူတို့က
ဒီလိုအကြောင်းပြချက်ပေးပါတယ်။ နိုင်ငံရေးလုပ်လို့၊ စစ်အစိုးရက
နှိပ်စက်လို့၊ ဘာသာရေးခွဲခြားလို့၊ စီးပွားရေးအရအနိုင်ကျင့်လို့၊
ကျနော်ကျနော်ကျမကို သတ်လို့၊ မုဒိမ်းကျင့်လို့ပါဆိုပြီး
မလာခင်မှာလျှောက်ပါတယ်။
သြစတျေးလျနိုင်ငံရောက်လည်းရောက်ရော နိုင်ငံရေးမပက်သက်ချင်တော့ဘူးဆိုပြီး
စောက်ရှက်မရှိပြောကြတယ်။ နိုင်ငံရေးလုပ်ရင်
ဗမာပြည်ပြန်လို့မရမှာစိုးရိမ်လို့ဆိုပြီး အကြောင်းပြချက်ပေးတယ်။
ဗြောင်လိမ်ကြတယ်။ ဒီလိုလူမျိုးတွေကိုလည်း ကျနော်တို့
ဒုက္ခသည်အတုဆိုတဲ့စာရင်းထဲမှာ ထည့်ရပါလိမ့်မယ်။ နိုင်ငံရေးမလုပ်ချင်၊
မလုပ်ချင်ဘူးလို့ဗြောင်ပြောရင် ဖြေနိုင်ပါတယ်။ အခုတော့
ဗမာပြည်မပြန်ရမှာစိုးလို့၊
နိုင်ငံရေးနဲ့မပက်သက်ချင်လို့ပါလို့ပြောတဲ့စကားကို ဘယ်လိုခံစားပေးရမှာလဲ။
ဒါဆိုရင် ဘာ့ကြောင့် သံရုံးမှာလျှောက်တုံးက ဗမာပြည်ပြန်လို့မရဘူးဆိုပြီး
ဆင်ခြေပေးကြတာလဲ။ ဘာလို့လိမ်ပြီး ပြောကြတာလဲ။
ဒုက္ခသည်အတုတွေဟာ ဒုက္ခသည်အစစ်တွေကို တော်တော်စော်ကားနေကြပြီ။
ဘုန်းကျော်
www.phonekyaw.blogspot.com
----------------------------------------
ဓါတ်ပုံများကို google search မှ ရယူပါသည်။.
skip to main |
skip to sidebar
Friday, April 22, 2011
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခြင်း အနှစ် (၂၀) ပြည့် ဂုဏ်ပြုပွဲ အခမ်းအနား (၁၀.၁၂.၂၀၁၁)နေ့ ကျင်းပပါမည်။ .
-
လူမိုက် လူရမ်းကား သိုဟန်ဘွား မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်တွင် မြန်မာမင်းစစ်ရှုံး၍ ရှမ်းမင်း သိုဟန်ဘွားလက်သို့ အင်းဝ နေ ပြည်တော် ကျရောက်ခဲ့သည်၊ ရ...
-
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့  အမ...
-
ဒေါ်စုကို ဟာဂျီစုလို့ပြောနေတာ ဘယ်သူတွေလဲ By Moe Zay Nyein ဘာသာရေးကိုခုတုံးလုပ်ပြီး အမျိုးကိုချစ်ဖို့ တဖွဖွပြောသလိုလိုနဲ့ တခြားလူတွေကို ၈၈ ...
-
ထမင်းကို ဟင်းလို့ ဆိုစရာ မယ်မယ်ရရမရှိပဲ သားလေးသမီးလေးတွေကိုကျွေးပြီး စားပြီးချင်ယောင်ဆောင်ရတဲ့ မိခင်များ ဘယ်နှစ်ယောက်ရှိနေပါသလဲ… သမီးလေး လှ...
-
အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မ...
-
News of Myanmar Facebook profile view ဆိုတဲ့ Application က ဖေ့စ်ဘွတ်မှာ အတော်ပျံ့ နှံ့နေတာနဲ့ ပတ်သက်ပြီး Techspace ဂျာနယ်က ကိုအောင်ခမ်းက သတ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988


0 comments:
Post a Comment