ဘဘဦးလွင်..
အညတြသူရဲကောင်းဆု ချီးမြှင့် ပေးအပ်နေစဉ်..
အဖွဲ့ချုပ်မှာ ကျင်းပတဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် အညတြသူရဲကောင်းဆုချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် 2 နာရီ မှာ သံဃာ(5)ပါး ပရိတ်ရွက်ဖတ်ပြီး၊သက်ကြီးပူဇော်ပွဲကို ကျင်းပ။
သင်္ကြန်အတက်နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံရှေ့မှာ စတုဒီသာ အလှူပွဲ ပြုလုပ်..။
မြန်မာအတာသင်္ကြန်အကြတ်နေ့က အဖွဲ့ချုပ်ရုံးရှေ့သို့ လာရောက်ကြတဲ့ သင်္ကြန်ရေကစားကြသူ အပေါင်းအား မုန့်လုပ်ဆောင်း၊ အအေးနဲ့ မုန့်လုံးရေပေါ်များဖြင့် စတုဒီတာ အလှူပွဲ ပြုလုပ်ခဲ့ပါတယ်..။ မနက်ဖြန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံရှေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်..။

သတင်းနှင့်ဓါတ်ပုံများအား ကိုတင်လှိုင်နှင့် ဒီမိုဝေယံမှမျှဝေသည်။
0 comments:
Post a Comment