T
ဂျပန်ငလျင်ကြီးလှုပ်ပြီး သုံးရက်မြောက်နေ့မှာ တိုကျိုရောက် တပည့်မတယောက်က
ဖုန်းဆက်ပြီး ဘေးမသီရန်မခ ရှိနေ တဲ့အကြောင်း သတင်းပေးတယ်။
တိုကျိုမှာနေကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဘာမှ မဖြစ်ကြဘူးလို့ ပြောကြ
တယ်။
ဖုန်းလေးတဆက်ကြောင့်
ကျောင်းသူကျောင်းသား တပည့်တွေ အများစုက တိုကျို၊ တိုင်ပေနဲ့ အမေရိကမှာ
ရှိနေကြလေတော့ ငလျင်သတင်းကြား တာနဲ့ သူတို့တတွေအတွက် စိတ်ပူရတယ်။
အင်တာနက်နဲ့ ဖုန်းအဆက်အသွယ်တွေ ပြတ်တောက်နေတော့ ပူရုံအပြင်
ဘာမှမတတ်နိုင်ဘူး။ မိသားစု တချို့ကလည်း စိတ်ပူပြီး အဆက်အသွယ်များ ရသလားလို့
လှမ်းမေးကြတယ်။
တပည့်မလေးက ဖုန်းဆက်အကြောင်းကြားလို့ ဝမ်းသာရသလို ကျေးဇူးလည်း တင်မိတယ်။
လက်လှမ်းမီရာ မိသားစုများ ကိုလည်း မြန်မာတွေ ဘေးမသီရန်မခ ရှိကြတဲ့အကြောင်း
သတင်းကောင်းပါးရတယ်။ ဒါကြောင့် ဖုန်းဆက်တဲ့ တပည့်မ ကို
ကျေးဇူးတင်မိတယ်လို့ ပြောရတာ ဖြစ်တယ်။ သူ့ဖုန်းလေ တဆက်က
ကြောင့်ကြစိတ်တွေနဲ့ ပူပင်သောက ရောက်နေ ကြရှာတဲ့ မိသားစုပေါင်းများစွာရဲ့
ရင်တွေကို အေးသွားစေတယ်လေ။
အရေးကြီးတော့ သွေးနီးကြ
ဒါတင်မကသေးပါဘူး။ တပည့်မ ဖုန်းဆက်ပြောတဲ့အထဲမှာ တိုကျိုမှာရှိတဲ့ မြန်မာတွေ
အတော်များများဟာ နီးစပ်ရာ အ ချင်းချင်းစုပြီး မြန်မာတွေ အနေများတဲ့
ရပ်ကွက်တွေကို လှည့်ပြီး သတင်းမေးကြတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေး ကြတယ်။
တချို့ကတော့ ဂျပန်ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနေတဲ့ ဓာတ်ရောင်ခြည်
ကာကွယ်ရေး သတိပေးချက် တွေကို မြန်မာလိုပြန်ပြီး မြန်မာရပ်ကွက်တွေကို
လိုက်လံ ဖြန့်ဝေပေးနေကြတယ်။
ရထားတွေ၊ ဘတ်စ်ကားတွေ ဘာမှမရှိတော့ ခြေကျင်လျှောက် ဝေနေကြရတယ်။
သိပ်ချီးကျူးဖို့ ကောင်းတယ်လို့ ပြောပြ တယ်။ ဈေးဆိုင်တွေလည်း
ဝယ်မရတော့လို့ တချို့ စားစရာပြတ်ကြတယ်။ အပိုရှိတဲ့ လူတွေက
ဆန်နဲ့ခေါက်ဆွဲခြောက် တွေ မျှဝေပေးကြတယ်။ တချို့များ သောက်စရာရေတောင်
မရှိကြတော့ဘူးလို့လည်း ပြောပြပါတယ်။ အရေးကြီးတော့ လည်း
သွေးနီးကြသားပဲကိုးဆိုပြီး ဝမ်းသာပီတိဖြစ်ရတယ်။
ဂုဏ်ယူရတဲ့စရိုက်
အချင်းချင်း သွေးစည်းကြရုံသာ မဟုတ်ဘူး။ စီးစရာ ယာဉ်ရထားမရှိလို့
အဝေးကြီးလမ်းလျှောက်ပြီး အိမ်ပြန်ကြရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးအမေတွေ
တွေ့ရင်လည်း မြန်မာတွေက အထုပ်ကူဆွဲပေး၊ ကလေးချီပေးနဲ့ တတ်နိုင်သ မျှ
ဝိုင်းကူကြလို့ ဂျပန်တွေကတောင် ချီးကျူးကျေးဇူးတင်ကြတယ်လို့လည်း တပည့်မက
ထည့်ပြောသွားသေးတယ်။ လူ တဖက်သားကို ကြင်နာတတ်၊ စေတနာထားတတ်တဲ့
မြန်မာ့စရိုက်ကတော့ ခေတ်တွေဘယ် လောက်ပြောင်းပြောင်း၊
ပြောင်းလဲမသွားပါလားလို့တွေးပြီး အခြောက်တိုက် ၀င်ပြီး ဂုဏ်ယူလိုက်ရသေးတယ်။
အမျိုးဂုဏ်မြှင့်တင်ပေးတဲ့ လူငယ် တွေကို ချီးကျူးမိပါတယ်။
ဓာတ်ရောင်ခြည်ယိုစိမ့်
ဂျပန်ကတပည့်မ ဖုန်းချသွားပြီး မကြာမီမှာပဲ ဆန်ဖရန်စစ္စကိုမှာနေတဲ့
တပည့်တစ်ယောက်က ဖုန်းဆက်ပြီး ဂျပန်မှာ နျူ ကလီးယားဓာတ်ပေါင်းဖိုတွေ
မီးလောင်လို့ ဓာတ်ရောင်ခြည် ယိုစိမ့်နေပြီ။ အမြဲတမ်းဖွင့်ထားတဲ့
ပြတင်းပေါက်တွေ ပိတ် ထားပါ။ မိုးရွာရင် အိမ်သားတွေ အပြင်မထွက်ပါစေနဲ့။
မိုးရေအထိမခံပါနဲ့လို့ စိုးရိမ်တကြီးနဲ့ သတိပေးတယ်။ ဆူနာမီလှိုင်း
လုံးကြီးတွေရဲ့အရှိန်က သူတို့ ဆန်ဖရန်စစ္စကိုအထိ ရိုက်ခတ်တယ်လို့လည်း
ပြောပြတယ်။ သူတို့ဆီမှာလည်း မုန်တိုင်း ကြောက်ရ၊ တောမီးလောင်တာ ကြောက်ရနဲ့
နေလို့မကောင်းတော့ဘူးလို့လည်း ညည်းတယ်။ မြန်မာပြည်ကို လွမ်းတယ် ဆရာရယ်လို့
တမ်းတရှာတယ်။
တွံတေးသိန်းတန်အခွေမှာ
သူဟိုရောက်နေတာ နှစ်အစိတ်လောက်ရှိပြီ။ ပြန်လာချင်တယ်လို့ ခဏခဏပြောပေမဲ့
ပြန်မလာနိုင်ပါဘူး။ ဟိုမှာသား တွေ၊ သမီးတွေနဲ့ အခြေကျနေပြီ ဖြစ်တော့
ပြန်လာဖြစ်မယ် မထင်ပါဘူး။ ခဏတဖြုတ် အလည်အပတ် သဘောလောက် သာ
လာနိုင်တော့မှာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တစ်ခါသူပြန်လာပြီး တပတ်
ရဟန်းခံသွားသေးတယ်။ သူက ရန် ကုန် ပေါက် တရုတ်လူမျိုးပါ။ ဒါပေမဲ့
မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးမှ ထွက်သွားတာ ဖြစ်တယ်။ ဟိုရောက်ပြီး လေး၊
ငါးနှစ် လောက်ကြာတော့ လူကြုံတိုင်း တွံတေးသိန်းတန် အခွေတွေချည့်
မှာလေ့ရှိတယ်။ အခုနောက်ပိုင်းကျတော့ တရားခွေ တွေပါ ပို့ပေးပါလို့
မှာတတ်တယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးတဲ့ မြန်မာလူမျိုး
မဟုတ်သူတွေတောင် မြန်မာ ပြည်ကို မလွမ်းဘဲ မနေနိုင်ပါလားလို့ တွေးမိပြီး
သူတို့အားလုံးအတွက် စိတ်မကောင်းဖြစ်ရတယ်။
သြဘာနိမိတ်ထွန်း
မြန်မာလူမျိုးတွေသာ မြန်မာပြည်ကိုလွမ်းတာ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးနဲ့
မြန်မာပြည်မှာ တစ်နှစ်တန်သည် နှစ်နှစ် တန်သည် လာနေဖူးတဲ့
နိုင်ငံခြားသားတွေလည်း မြန်မာပြည်က မပြန်ချင်ကြဘူး။ မတတ်သာလို့
ပြန်သွားရရင်တောင် မြန်မာပြည်ကို အမြဲတမ်း တသသ ဖြစ်နေတတ်ကြတယ်။ လွန်ခဲ့တဲ့
နှစ်ပေါင်း သုံး၊ လေးဆယ်လောက်က မြန်မာပြည်မှာ နေဖူးခဲ့တဲ့ နိုင်ငံခြားက
မိတ်ဆွေတွေဆို ခုချိန်ထိ မြန်မာကို လွမ်းလို့ မဆုံးနိုင်ကြသေးဘူး။
အဆက်အသွယ်မပြတ် လုပ် ကြတယ်။ အခါအခွင့်သင့်တိုင်း ပြန်လာလည်ကြတယ်။ တချို့ဆို
ဆွေမျိုးရင်းချာလိုတောင် အပြန်အလှန် သံယောဇဉ် ဖြစ်နေကြရတယ်။
ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေက
ချစ်စရာကောင်းသလို မြန်မာနိုင်ငံက လည်း အင်မတန်နေချင်စရာကောင်းတဲ့နိုင်ငံ
ဖြစ်တယ်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ ဒေသလို့ တောင်
ဆိုရိုးရှိခဲ့တာ မဟုတ်လား။
သယံဇာတကြွယ်ဝ
မြန်မာပြည်က ဥတုသပ္ပာယ မျှတတယ်။ အပူအအေး လွန်ကဲမှု မရှိဘူး။ နှင်းတွေကျ
ရေတွေခဲ ဆိုတာမျိုး မရှိသလို ပူ လွန်းလို့ ဧကသိန်းချီပြီး
တောမီးလောင်ကျွမ်းတယ် ဆိုတာမျိုးလည်း မရှိဘူး။ စားနပ်ရိက္ခာ
ကောက်ပဲသီးနှံနဲ့ မြေပေါ်မြေ အောက် သယံဇာတ မျိုးစုံပေါကြွယ်ဝတယ်။
ရေနံနဲ့ဓာတ်သတ္တုမျိုးစုံလည်း ရှိတယ်။ အခြေခံ စားဝတ်နေရေးအတွက် လောက်ကတော့
ဘယ်နိုင်ငံခြားကိုမှ အားကိုးနေဖို့ မလိုဘူး။ ကိုယ့်ဟာကို လိုလေသေးမရှိ
ပြည့်စုံတယ်။ ဒါကြောင့် လည်း ရှေးက အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊
ပေါ်တူဂီ စတဲ့ နယ်ချဲ့နိုင်ငံကြီးတွေ အားလုံးက အငမ်းမရ သူ့ထက်ငါဦး အောင်
မြန်မာပြည်ကို သိမ်းပိုက်ချင်ခဲ့ကြတာ ဖြစ်တယ်။
ကန်သမ္မတရဲ့ မှတ်ချက်
မြန်မာ့ကျွန်းသစ်ဆိုတာ ကမ္ဘာပေါ်မှာ သူ့လောက်ကောင်းတဲ့သစ်မျိုး ဘယ်မှာမှ
မရှိဘူး။ နယ်ချဲ့သမားတွေ နှစ်ပေါင်း တ ရာကျော် ခုတ်လှဲရောင်းချခဲ့တာ
မကုန်နိုင်ဘူး။အဲဒီလောက်ပေါတာ။ ဒုတိယကမ္ဘာစစ် မတိုင်မီကဆိုရင်
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နံပတ်တစ် ဆန်တင်ပို့ ရောင်းချတဲ့နိုင်ငံ
ဖြစ်ရုံမက ငွေနဲ့ခဲ ဓာတ်သတ္တုအများဆုံး တင်ပို့တဲ့နိုင်ငံလည်း ဖြစ်ခဲ့ တယ်။
လူတွေကလည်း အင်မတန် စိတ်နှလုံးနူးညံ့သိမ်မွေ့ပြီး သဒ္ဓါ ရက်ရောကြတယ်။
ခွင့်လွှတ်သည်းခံစိတ် ကြီးမား တယ်။ စိတ်ယဉ်ကျေးမှု အင်မတန် အထက်တန်းကျတယ်။
မြန်မာပြည်က နမ္မတူဘော်တွင်းမှာ အင်ဂျင်နီယာအဖြစ် လာ ရောက် အမှုထမ်းဖူးပြီး
နောင်တော့ အမေရိကန်နိုင်ငံရဲ့ ၃၁ ဦးမြောက် သမ္မတဖြစ် သွားခဲ့တဲ့
ဟားဘတ်ဟူးဗား (Herber Hoover 1847-1964)က ”မြန်မာလူမျိုးများဟာ အာရှတိုက်
တစ်ခုလုံးမှာ ပျော်ရွှင်ချမ်းမြေ့မှု အစစ်အမှန်ကို ရရှိထားတဲ့ တခုတည်းသော
လူမျိုး ဖြစ်တယ်” လို့တောင် မှတ်ချက်ချခဲ့ဖူးပါတယ်။
လှိုက်လှိုက်လှဲလှဲ
ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရောက်ရှိနေကြတဲ့
မြန်မာတွေဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မချစ်လို့
ကျောခိုင်းစွန့်ခွာသွားကြတာ မဟုတ်ပါဘူး။ အခြေအနေက တွန်းပို့လို့သာ
မလွှဲမရှောင်သာ သွားကြရတာပါ။ ကိုယ့်ရပ် ကိုယ့်ရွာကို မလွမ်းတဲ့လူ၊
မပြန်ချင်တဲ့သူ ဘယ်ရှိမှာလဲ။ သူတို့အားလုံးရဲ့ အမျိုးချစ်စိတ်က
ဂျပန်ငလျင်ကြီးလို ကိစ္စကြီးကြုံတွေ့လာတော့ အထင်းသား ပေါ်ထွက်လာခဲ့တာပဲ
မဟုတ်လား။ မြန်မာအချင်းချင်းပဲဆိုပြီး ကူညီစောင့် ရှောက်ကြ၊
ရိုင်းပင်းကြတယ်လေ။ ဒီအတွက် လူငယ်တွေကို ချီးကျူးမိတယ်။ မြန်မာချင်းသာမက
အကူအညီ လိုအပ်နေ တဲ့ ဂျပန်လူမျိုးတွေကိုလည်း ကူညီကြတယ်ဆိုလို့ ပိုပြီး
ဝမ်းသာရတယ်။ ဘိုးစဉ်ဘောင်ဆက် စိတ်ယဉ်ကျေးမှု အထက် တန်းကျခဲ့တဲ့
မြန်မာတို့ရဲ့ စရိုက်ကို ဆက်ခံပြီး မြှင့်တင်ပေးခဲ့ကြတဲ့အတွက်
လူငယ်လုံမငယ်လေးတွေ အားလုံးကို လှိုက် လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်။
http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။
.
skip to main |
skip to sidebar
Wednesday, March 23, 2011
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
သတင်း - နိရဉ္စရာ သတင်းဌာန အရေအတွက် အားဖြင့် ပမာဏ အများဆုံး ဖြစ်သော...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အမေ ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့  လူတိုင်းဟာ အမေရှိကြတယ်။ မရေမရာ ပဟေဋ္ဌိတွေကြောင့် အ...
-
မြန်မာနိုင်ငံတွင် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာ ရုံမျမက ကမ္ဘာတွင် ဒုတိယ အကြီးဆုံး ဖြစ်လာမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို ပဲခူးမြို့၌ ...
-
ပင်လုံကျောက်တိုင် ပင်လုံစာချုပ် 12-2-1947 Historic Pinlong Agreement signed by Bogyoke Aung San and Ethnic...
-
၂၀၁၂ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီ၊ မရမ်းကုန်းမြို့နယ် NLD ရုံးသစ်ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက် ရုပ်သံသတင်း။ ။DVB အမျိုးသားဒီ...
-
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးနှ...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
-
နိုဝင်ဘာ ၁၂ရက်နေ့ -------------------- ညနေ ၇နာရီ ၄၀မိနစ်မှာ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စတင် ထွက်ခွါပြီး ဘန်ကောက်မှာ တစ...
-
" အို ... တစ်ညီတစ်ညွတ်တည်း မှားယွင်းနေသည့် ၉၉% သော အစ္စလာမ်အပေါင်းတို့.. အသင်တို့သည် အစ္စလာမ်မှန်ကန်ကြောင်း အသေခံဗုံးခွဲလျက်သက်သေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment