Thursday, February 03, 2011

သံပတ်ပေးထားသော စက်ရုပ်များကြောင့် ဒီမိုကရေစီ ပညာရေး အလှမ်းဝေးနေဆဲ



“အဆင့်ဆင့်တိုင်းမှာ ဒီမိုကရေစီဖြစ်ထွန်းဖို့အတွက် အခြေအနေ လုံးဝ မပေးသေးပါဘူး။ လွှတ်တော် ဖွင့်ပွဲမှာတင်ပဲ ဒီမိုကရေစီလမ်းစ ပျောက်ဆုံးနေတာ ထင်ရှားလှပါတယ်။ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ဖို့အတွက် မျှော်လင့်လို့ မရသေးဘူး။”
မန္တလေးတိုင်းမှ အထက်တန်းပြ ကျောင်းဆရာ ဦးမျိုးသိဏ်းက မောက္ခသို့ ပြောပြခဲ့သည်။


“လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေးများတွင် သူဖြူရင် ငါမည်းမှာပဲဆိုသည့် စိတ်မျိုးမထားရန်၊ စကားနိုင်လုပြောခြင်းမပြုရန်လိုကြောင်းနှင့် လွှတ်တော် အစည်းအဝေးများသည် စကားရည်လုပွဲမျိုး မဖြစ်စေရန် လိုအပ်ကြောင်း” ဦးခင်အောင်မြင့်ကို ကိုးကား၍ အင်္ဂါနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြသည်။
သံပတ်ပေးထားသော စက်ရုပ်များ
သံပတ်ပေးထားသော စက်ရုပ်များ
တောင်ကြီး ဆရာအတတ်ပညာကောလိပ် နည်းပြတစ်ဦးဖြစ်သူ နန်းမိုခမ်းက ဆရာအတတ်ပညာရေးသင်တန်းများတွင် ကလေးများကို ပြောဆိုတတ်အောင်၊ မိမိအမြင်တို့ကို ရဲတင်းပွင့်လင်းစွာ၊ ယုံကြည်ချက်ဖြင့် ပြောတတ်အောင် လေ့ကျင့် သင်ကြားပေးခြင်းတို့မှာ အရေးကြီးသော သင်ရိုးများဖြစ်သော်လည်း လွှတ်တော်အတွင် တုံဏှိဘာဝေ ငြိမ်သက်စွာ နေထိုင်ကြပုံတို့မှာ ရီစရာကောင်းသော သံပတ်ပေးထားသည့် စက်ရုပ်များနှင့် တူနေကြောင်းကို မောက္ခသို့ ပြောပြခဲ့သည်။
မြန်မာ့ပညာရေး သုတေသီတစ်ဦးဖြစ်သည့် ဆရာမောရက မောက္ခသို့ ပြောပြရာတွင် “အချေအတင် ဆွေးနွေးပြောဆိုခြင်းကို စာသင်ခန်းများအတွင်း လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း။ ဤသည်မှာ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးစေရန်အတွက် ပျိုးထောင်မှု အခြေခံပင်ဖြစ်ကြောင်း၊ အနာဂတ်ကာလများတွင် လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးပြောဆိုခြင်း၊ မတူသော အမြင်များကို တင်ပြတတ်ခြင်းနှင့် အပြန်အလှန် နားထောင်တတ်ခြင်းတို့အတွက် အထူးအရေးကြီးကြောင်း၊ သို့ရာတွင် လွှတ်တော်တွင် ဤအခွင့်အလမ်းများကို ပိတ်ပင်ထားရှိခြင်းမှာ စံပြုစရာမရှိသေးသော လူ့အဖွဲ့အစည်းအတွင်း ကလေးများ ပညာသင်ကြားနေရခြင်းဖြစ်ကြောင်း၊ စကားနိုင်လု ပြောဆိုခြင်း debate မှာ ပညာသင်ကြားရေး နည်းလမ်းတစ်ခုဖြစ်သည့်အတွက် စာသင်ခန်းများတွင် လမ်းဖွင့်ပေးရမည်ဖြစ်ကြောင်း ဆိုပါသည်။
မောက္ခပြည်တွင်းပညာရေးသတင်း
.

0 comments: