Thursday, September 30, 2010

ထေရဝါဒပရိယတ္တိကျောင်းတော် ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲတော်

ဂျပန်နိုင်ငံ တိုကျိုမြို့ နာကအိတဘရှိ ရပ်ကွက်ရှိ ထေရဝါဒပရိယတ္တိကျောင်းတော်၌ မြတ်ဘုရားမိန့်မှာတော်မူအပ်သည်နှင့်အညီ ပုရိမဝါကပ်တော်မူကြကုန်၍ ဝါမှထမြောက်တော်မူ ကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့နှင့်တကွ ပင့်ဖိတ်တော်မူ၍ အရပ်လေးမျက်နှာမှ ကြွရောက်တော်မူလာကြမည့် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ကထိန်အာနိသင်ငါးပါး ရရှိခံစားနိုင်ကြပါစေခြင်းအကျိုးငှာလည်းကောင်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ သဒ္ဓါကြည်လင် စေတနာရှင်များ အနေဖြင့်လည်း ကထိန်ဒါယကာ၊ ကထိန်ဒါယိကာမများအဖြစ် ခံယူကြလျှက် ထူးမြတ်သော ကထိန်လှူကျိုးငါးမျိုးကို ရရှိခံစားနိုင်ကြပါစေခြင်းအကျိုးငှာလည်းကောင်း စိတ်ရည်သန်၍ “ထေရဝါဒပရိယတ္တိကျောင်းတော်”ဟူသော နာမည်ဖြင့် ပထမဦးဆုံးအကြိမ် စုပေါင်းမဟာဘုံကထိန် ပွဲတော်ကြီးကို စည်းကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့် အောက်ပါ အစီအစဉ် အတိုင်း မိမိတို့တတ်စွမ်းနိုင်သမျှ မွန်မြတ်လှစွာသော ကထိန်လျာသင်္ကန်းနှင့်တကွ လှူဘွယ်ဝတ္ထုပစ္စည်း များကို ကိုယ်တိုင်ကြွရောက်ပါဝင် ကုသိုလ်ပြုနိုင်ကြပါရန် လေးမြတ်စွာအသိပေး နှိုးဆော်အပ်ပါသည်။
မိမိတို့၏နေအိမ်၌ သီးတင်းသုံးတော်မူလျက်ရှိသော ဘုရားဆင်းတုတော်များကို စုပေါင်း အနေကဇာတင်မင်္ဂလာပြုလုပ်နိုင်ရန် ဘုန်းတော်ကြီးကျောင်းသို့ အချိန်မှီပင့်ဆောင်ပေးပါရန်နှင့် ဆရာတော် သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်ပရိသတ်တို့အား ကျွေးမွေးဧည့်ခံခြင်း စသည့်အစီအစဉ်များအတွက် အချိန်မှီကြွရောက်ကြပါရန် ထပ်မံမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
မဟာဒုက်အစီအစဉ်အတွက် ဘုရားဆင်းတုတော်များ ပါဝင်လှူဒါန်းလိုသူများနှင့် ကထိန် ပဒေသာပင် အလှူပြုလုပ်လိုသူများ ဘုန်းတော်ကြီးကျောင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

နေ့ရက်။ ။ အောက်တိုဘာ-၂၄ရက်၊ တနင်္ဂနွေနေ့
အချိန်။ ။ နံနက် ၁၀း၃၀မှ ညနေ ၃း၃၀ထိ
နေရာ။ ။ MCWAတည်ရှိရာ ထေရဝါဒပရိယတ္တိကျောင်းတော်
အိတဘရှိ-ကု၊ နာကချော၃၉-၁၊ တိုကျိုမြို့ ဖုံး 03-3973-3348
 .

0 comments: